






crd-

ယူနီကုတ်

အခေါက်ရွှေတစ်ကျပ်သား ၂၅၃၀၀၀ ကျပ်ဖြင့်ရောင်းချရန် YGEA မှပန်ကြားထားသော်လည်း ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ယနေ့ပြည်တွင်းရွှေဈေး ( ယနေ့နေ့လည် ပိုင်းဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သား အရောင်း ၂၆၆၅၀၀၀ ကျပ်၊ဝယ်ဈေး ၂၆၄၀၀၀၀ ကျပ်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရွှေဆိုင်တွေအားလုံး အခေါက်ရွှေတစ်ကျပ် ၂၅၃၀၀၀၀ ကျပ်ဖြင့် ရောင်းချရန် ရန်ကုန်ရွှေအသင်းမှ ပန်ကြားထားသော်လည်း ပြင်ပဈေးကွက်ထဲမှာတော့ ယနေ့အောက်တိုဘာ ၃၁ ရက်ပြင်ပရွှေဆိုင်တွေမှာဖြစ်ပေါ်နေတဲ့အလျော့အတွက်လက်ခပါတဲ့အထည်တွေရဲ့အခေါက်ရွှေဈေးကတော့ ကျပ် ၂၆ သိန်းဝန်းကျင်ဖြစ်ပြီးအလျော့အတွက်မပါတဲ့အတုံးအခဲကအဝယ်လိုက်တဲ့အတွက်ကျပ် ၂၆ သိန်းထက်ပိုများတဲ့ဈေးနဲ့အရောင်းအဝယ်လုပ်ကြတယ်လို့ရန်ကုန်မြို့ရွှေဆိုင်တွေဆီကသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကဒီနေ့အတွက်ထုတ်ပြန်တဲ့မီးလင်းရွှေ ရည်ညွှန်း အဖွင့်ဈေးကတော့ တစ်ကျပ်သားကိုကျပ်၁၉၃၅၀၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စ 1643 US ဒေါ်လာဖြစ်ပါသည်။အောက်တိုဘာ (၃၁)ရက် ယနေ့နေ့လည် ပိုင်းဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သား အရောင်း ၂၆၆၅၀၀၀ ကျပ်၊ဝယ်ဈေး ၂၆၄၀၀၀၀ ကျပ်ဖြစ်ပြီး

ညနေပိုင်းတွင် (၃)နာရီတွင် အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ၂၆၄၅၀၀၀ ကျပ်၊ဝယ်ဈေး ၂၆၃၀၀၀၀ကျပ် ဖြင့်လည်းကောင်း ညနေအပိတ်ဈေးအနေဖြင့် (၃:၄၆)နာရီအချိန်တွင် တစ်ကျပ်သား ၂၆၄၃၀၀၀ ကျပ်၊ဝယ်ဈေး ၂၆၂၈၀၀၀ ကျပ်ဖြင့် ဈေးပိတ်သွားတယ်လို့သိရှိရပါသည်။ YGEA မှ ပန်ကြားချက်နှင့်ပတ်သတ်ပြီး ပြောကြားချက်အရရန်ကုန်ကရွှေဆိုင်တွေအားလုံးအခေါက်ရွှေတစ်ကျပ်သားကို ၂၅၃၀၀၀၀ကျပ်နဲ့ ရောင်းချဖို့ ထုတ်ပြန်ထားတဲ့ဈေးတန်းဟာဆိုင်တွေရောင်းနိုင်ဝယ်နိုင်တဲ့ဈေးနှုန်းဖြစ်တယ်လို့

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။ “ဒီဈေးတန်းဆိုတာက ရောင်းကြဝယ်ကြလုပ်နိုင်တဲ့ဈေးနှုန်းပါပဲ။အတိအကျတော့ဘာမှပြောလို့မရသေးဘူး။ဈေးကွက်အခြေအနေကိုလည်းဘာမှပြောလို့မရဘူး။ဟိုဘက်ကလမ်းညွှန်တာကိုဒီဘက်ကပြန်ပြောပြပေးတာ။ ဆိုင်တွေအားလုံးက အသင်းဝင်မဟုတ်တဲ့အခါကျတော့ဆိုင်တွေအားလုံးသိရှိအောင် YGEA ကတင်ပေးလိုက်တာ။အထက်ကလမ်းညွှန်တာကိုရွှေအသင်းကပြန်ပြီးမေတ္တာရပ်ခံပေးတဲ့သဘောပါပဲ”လို့ ဦးမျိုးမြင့်ကပြောပါတယ်။

crd-

Crd

arkarta