အီရန်မီးမွှေးနေပြီ၊တောင်ကိုရီးယားပိုင်ရေနံတင်သင်္ဘောကိုဖမ်းထားခဲ့သည့်အတွက် တောင်ကိုရီးယားက စစ်သင်္ဘောစေလွှတ်၊ မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်နေ၊ မြန်မာနဲ့ပါညှိချင်နေပြီလား

အီရန် မီးမွှေးနေပြီ၊ တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောကိုဖမ်းထားခဲ့သည့်အတွက် တောင်ကိုရီးယားက စစ်သင်္ဘောစေလွှတ်၊ မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်နေ၊ မြန်မာနဲ့ပါညှိချင်နေပြီလား

ပင်လယ်ရေကြောင်းညစ်ညမ်းမှုဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောကို အီရန်က ဆွဲစိထားမှုသည် မနေ့က ဖြစ်ပွားခဲ့ပြီး အဆိုပါသင်္ဘောကို ဟောမုဇ်ရေလက် ကြားသို့ မောင်းနှင်စေခဲ့သည် ဟု သိရှိရသည်။ တောင်ကိုရီးယားအာဏာပိုင်များက ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဂရုစိုက်ခဲ့ခြင်းမရှိပေ။

အဆိုပါ MT Hankuk Chemi ဟုအမည်ရသည့် ရေနံတင်သင်္ဘောသည် ရေနံ အခြေပြု ဓာတုဗေဒပစ္စည်းများကို သယ်ဆောင်လာသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြန်လည်ထုတ်ပြန်ခဲ့သည်။

ပုံအရ ရေနံတင်သင်္ဘောကို စစ်ရေယာဉ်ငယ်များဖြင့် ဝန်းရံကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အီရန်ဆိပ်ကမ်း Bandar Abbas အနီး၌ ကျောက်ချခိုင်းထား သည်ဟုဆိုသည်။
သင်္ဘောတွင် မြန်မာမှ ၁၁ ဦး၊ ကိုရီးယား ၅ ဦး၊ အင်ဒိုနီးရှား ၂ ဦး နှင့် ဗီယက်နမ် ၂ ဦး စုစုပေါင်း ၂၀ ဦးလိုက်ပါတာဝန်ထမ်းဆောင်နေခြင်းလည်းဖြစ်သည်။
အီရန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တန်ချိန် ၉၇၉၇ တန်သယ်ဆောင်လာသည့် အဆိုပါရေနံသင်္ဘောကို Ports and Maritime Organization ၏ ခွင့်ပြု ချက်ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။

သင်္ဘောအနေဖြင့် အီရန်ပိုင်နက်အတွင်း မတော်တဆဝင်ရောက်မိခဲ့ခြင်းဖြစ်ပြီး မည်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမျိုးကိုမှ ချိုးဖောက်ခဲ့ခြင်း မရှိကြောင်းလည်း တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ခဲ့သည်။ ၎င်းမတော်တဆ ဖြစ်မှုကို United Kingdom Maritime Trade Operations (UKMTO) ကလည်း အတည်ပြုထောက်ခံထားပေသည်။
ယခုဖြစ်စဉ်အတွက် တောင်ကိုရီးယားအနေဖြင့် မည်သည့်စစ်ရေယာဉ်စုကို စေလွှတ်ခဲ့ခြင်းအတည်မပြုနိုင်သေးသော်လည်း ဖျက်သင်္ဘောများ ဖြစ်နိုင်သည် ဟု ခန့်မှန်းထားကြသည်။

အီရန်၏ ဖမ်းဆီမှုသည် ပထမအကြိမ်တော့မဟုတ်ပေ။ ယခင်ကလည်း ဗြိတိန်အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောကိုဖမ်းဆီးခဲ့ပြီး
ဗြိတိန်ကချက်ခြင်းတောင်းဆိုမှုပြုလုပ်ခဲ့သည့်အချိန်၌ ရေကြောင်းစည်းမျဉ်းများကို အကြောင်းကြားရန်အတွက် ခေတ္တရပ်ခိုင်းခဲ့ခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

Ref-TD
Myanmarnews24မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။