အီရန္နဲ႔ ႐ုရွားကို G7 ျပင္းျပင္းထန္ထန္ သတိေပး….

အီရန္နဲ႔ ႐ုရွားကို G7 ျပင္းျပင္းထန္ထန္ သတိေပး

အီရန္အေနနဲ႔ သူ႔ရဲ႕ န်ဴကလီးယား အစီအစဥ္ေတြ ေလွ်ာ့ခ်ေရး သေဘာတူ လိုက္ေလ်ာဖို႔ အခ်ိန္သိပ္မရွိေတာ့ဘူးလို႔ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံက တနဂၤေႏြေန႔မွာ သတိေပး ေျပာၾကားလိုက္ၿပီး ႐ုရွားအေနနဲ႔လည္း ယူကရိန္းကို ဝင္ေရာက္ သိမ္းပိုက္မယ္ဆိုရင္ ေနာက္ဆက္ တြဲ အက်ိဳးဆက္ေတြ ခံရႏိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ကမာၻ႔အခ်မ္းသာဆုံး ၇ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြ အဂၤလန္ႏိုင္ငံ၊ လီဗာပူးၿမိဳ႕မွာ ၂ ရက္ၾကာ ေတြ႕ဆုံၿပီး ကမာၻတဝန္း ျဖစ္ေပၚေနတဲ့ ၿခိမ္းေျခာက္မႈေတြကို ညီၫြတ္စြာ စုေပါင္းရင္ဆိုင္ႏိုင္ေရးအတြက္ ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။

အီရန္နဲ႔ပတ္သက္လို႔ ေျပာၾကားတာမွာေတာ့ အေရးပါတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္ေရး စကားဝိုင္းကို ေရာက္လာဖို႔အတြက္ ၾသစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕မွာ လက္ရွိျပဳလုပ္ေနတဲ့ ေဆြးေႏြးမႈေတြဟာ အီရန္အတြက္ ေနာက္ဆုံးအခြင့္အေရး ျဖစ္တယ္လို႔ အိမ္ရွင္ ၿဗိတိန္က သတိေပး ေျပာၾကားလိုက္ပါတယ္။

႐ုရွားက ယူကရိန္းနယ္စပ္မွာ တပ္အင္အားေတြ တိုးျမႇင့္ခ်ထားတဲ့ကိစၥနဲ႔ ပတ္သက္လို႔ေတာ့ အေနာက္ႏိုင္ငံေတြရဲ႕ စိုးရိမ္မႈကို အေမရိကန္သမၼတ Joe Biden က အခုသီတင္းပတ္ အေစာပိုင္းမွာ ႐ုရွားသမၼတ Vladimir Putin နဲ႔ ၂ ဦးတည္း အြန္လိုင္းက ေတြ႕ဆုံစဥ္ သတိေပး ေျပာၾကားထားၿပီး ျဖစ္ပါတယ္။

ဒီကိစၥေျပလည္ေရးအတြက္ ဥေရာပနဲ႔ အေရွ႕ဥေရာပဆိုင္ရာ သူ႔ရဲ႕ အထူးသံတမန္ကို ႐ုရွားနဲ႔ ယူကရိန္းတို႔ကို သမၼတ Biden က ေရွ႕သီတင္းပတ္အတြင္း ေစလႊတ္ဖို႔ ျပင္ဆင္ထားပါတယ္။
အင္ဒိုပစိဖိတ္ေဒသ “ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ သာယာဝေျပာေရး” ဆိုင္ရာ ကိစၥရပ္ေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ အခု G7 ထိပ္သီးစည္းေဝးပြဲအၿပီးမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ အေရွ႕ေတာင္အာရွတိုက္ကို ခရီးဆက္မွာ ျဖစ္ပါတယ္။

လက္ရွိ G7 ရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ၿဗိတိန္အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ျပည္တြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ေဟာင္ေကာင္မွာအာဏာရွင္ဆန္စြာ ဖိႏွိပ္ ခ်ဳပ္ခ်ယ္ ေနတာေတြကို အဓိကထား ကိုင္တြယ္ ေျဖရွင္းခဲ့ရတာပါ။ ေရွ႕ႏွစ္အတြက္ G7 အလွည္က်ဥကၠ႒ကေတာ့ ဂ်ာမနီႏိုင္ငံ ျဖစ္ပါတယ္။

G7 အဖြဲ႕မွာ ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ ျဖစ္ပါတယ္။

Unicode

အီရန်နဲ့ ရုရှားကို G7 ပြင်းပြင်းထန်ထန် သတိပေး

အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေ လျှော့ချရေး သဘောတူ လိုက်လျောဖို့ အချိန်သိပ်မရှိတော့ဘူးလို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပြီး ရုရှားအနေနဲ့လည်း ယူကရိန်းကို ဝင်ရောက် သိမ်းပိုက်မယ်ဆိုရင် နောက်ဆက် တွဲ အကျိုးဆက်တွေ ခံရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှာ ၂ ရက်ကြာ တွေ့ဆုံပြီး ကမ္ဘာတဝန်း ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ညီညွတ်စွာ စုပေါင်းရင်ဆိုင်နိုင်ရေးအတွက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အီရန်နဲ့ပတ်သက်လို့ ပြောကြားတာမှာတော့ အရေးပါတဲ့ ဆုံးဖြတ် ချက်တွေ ချနိုင်ရေး စကားဝိုင်းကို ရောက်လာဖို့အတွက် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ လက်ရှိပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေဟာ အီရန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ အိမ်ရှင် ဗြိတိန်က သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားက ယူကရိန်းနယ်စပ်မှာ တပ်အင်အားတွေ တိုးမြှင့်ချထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုကို အမေရိကန်သမ္မတ Joe Biden က အခုသီတင်းပတ် အစောပိုင်းမှာ ရုရှားသမ္မတ Vladimir Putin နဲ့ ၂ ဦးတည်း အွန်လိုင်းက တွေ့ဆုံစဉ် သတိပေး ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီကိစ္စပြေလည်ရေးအတွက် ဥရောပနဲ့ အရှေ့ဥရောပဆိုင်ရာ သူ့ရဲ့ အထူးသံတမန်ကို ရုရှားနဲ့ ယူကရိန်းတို့ကို သမ္မတ Biden က ရှေ့သီတင်းပတ်အတွင်း စေလွှတ်ဖို့ ပြင်ဆင်ထားပါတယ်။
အင်ဒိုပစိဖိတ်ဒေသ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေး” ဆိုင်ရာ ကိစ္စရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အခု G7 ထိပ်သီးစည်းဝေးပွဲအပြီးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့တောင်အာရှတိုက်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

လက်ရှိ G7 ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဟောင်ကောင်မှာ အာဏာရှင်ဆန်စွာ ဖိနှိပ် ချုပ်ချယ် နေတာတွေကို အဓိကထား ကိုင်တွယ် ဖြေရှင်း ခဲ့ရတာပါ။ ရှေ့နှစ်အတွက် G7 အလှည်ကျဥက္ကဋ္ဌကတော့ ဂျာမနီနိုင်ငံ ဖြစ်ပါတယ်။

G7 အဖွဲ့မှာ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။