အိန္ဒိယ အမေရိကန် ပူးပေါင်း၍ ခေတ်မှီ ဒရုန်းများ ထုတ်လုပ်သွားမည်..

အိန္ဒိယ အမေရိကန် ပူးပေါင်း၍ ခေတ်မှီ ဒရုန်းများ ထုတ်လုပ်သွားမည်..

အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုနီးကပ်ရန် လုပ်ဆောင်နေပြီး နှစ်နိုင်ငံပူးပေါင်းကာ ဒရုန်းများကို ထုတ်လုပ်၍ တရုတ်ကို တန်ပြန်မည့် နည်းလမ်း တစ်ခုအဖြစ် အသုံးပြုသွားမည်ဟု ပင်တဂွန်စစ်ဌာန အကြီးတန်း အရာရှိကြီးတစ်ဦးက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

အဆိုပါ ဒရုန်းများကို အိန္ဒိယက တည်ဆောက်ကာ ဒေသတွင်းရှိ အခြားနိုင်ငံများသို့လည်း ဖြန့်ဖြူးသွားမည်ဖြစ်သည်။အိန္ဒိယအစိုးရအနေဖြင့် ရုရှားထုတ်ပစ္စည်းများကို အဓိက အသုံးပြုထားသည့် စစ်လက်နက်များကို ဆန်းသစ်ရန်နှင့် နိုင်ငံ၏ ကာကွယ်ရေးစက်မှုကဏ္ဍကို အဆင့်မြှင့်တင်ရန် လိုလားလျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့ အိန္ဒိယရဲ့ ဒီကဏ္ဍနှစ်ရပ်စလုံးမှာ ကူညီချင်သလို အကူအညီလည်း ပေးနေပါတယ်” ဟု အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက် ကာကွယ်ရေးဝန်ကြီး အယ်လီရက်တနာက သတင်း ထောက်များနှင့် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများကို ပြောကြားခဲ့သည်။

“အိန္ဒိယ၏ ကိုယ်ပိုင်ကာကွယ်ရေး ခေတ်မီတိုးတက်ဖို့ ရည်မှန်းချက်တွေကို အထောက်အကူဖြစ်စေဖို့ ပူးပေါင်း ထုတ်လုပ်မှုတွေကို လုပ်ဆောင်သွားမှာပါ” ဟုလည်း ရက်တနာက ပြောကြားသည်။

အမေရိကန်နှင့် ပူးပေါင်းထုတ်လုပ်သည့် ဒရုန်းများအား အိန္ဒိယက တောင်နှင့် အရှေ့တောင်အာရှအပါအဝင် ဒေသတွင်းရှိ မိတ်ဘက်နိုင်ငံများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချသွားနိုင်မည်ဖြစ်သည်။

Crd..Moe Win Oo

Unicode







Crd..Moe Win Oo

Crd

Crd

arkarta