အိန္ဒိယရေတပ်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးပျံ SLBM အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ခြင်း…

အိန္ဒိယရေတပ်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးပျံ SLBM အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ခြင်း…



Post Views:
6

ယခုလ ၁၄ ရက်နေ့က အိန္ဒိယရေတပ်သည် ၎င်းတို့၏ နျူကလီးယားတိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့် INS Arihant(SSBN) မှ Submarine Launched-Ballistic Missile အား ဘင်္ဂလားပင်လယ်အော်ရှိ ပစ်မှတ်အား စမ်းသပ်ပစ်ခတ်ခဲ့ရာ ပစ်မှတ်အား တိတိကျကျထိမှန်အောင်မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယရေတပ်အနေဖြင့် စမ်းသပ်ပစ်ခတ်သည့် ဒုံးပျံအမျိုးအစားအား ထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း အဆိုပါ ဒုံးပျံသည် ပေါက်ကွဲထိပ်ဖူး ၁၀၀၀ ကီလိုဂရမ်သယ်ဆောင်နိုင်ပြီး အကွာအဝေး ရေမိုင် ၄၀၀ ခန့်ထိ ပစ်ခတ်နိုင်သည့် K-15 Sagarika သို့မဟုတ် K-4 ဒုံးပျံဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

K-15 Sagarika Ballistic Missile သည် တာတို့ပစ် တိုက်ချင်းပစ်ဒုံးပျံအမျိုးအစားဖြစ်ပြီး DRDO မှ ဒီဇိုင်းရေးဆွဲကာ Bharat Dynamics Limited မှ အိန္ဒိရေတပ်ရေငုပ်သင်္ဘောအတွက် တည်ဆောက်ပေးသော မဟာဗျူဟာမြောက် ပြည်တွင်းဖြစ် ဒုံးပျံဖြစ်သည်။ မြေပြင်မှ ပစ်ခတ်နိုင်သည့်

K-15 Sagarika Ballistic Missile မျိုးကွဲသည် အမြန်နှုန်း 7.5 Mach ဖြင့် ပျံသန်းနိုင်သည်။အိန္ဒိယရေတပ်တွင် Arihant အတန်းစား ၂ စီးအသုံးပြုနေပြီး ၂ စီးအား ရေချထားပြီးဖြစ်သည်။ နောက်ဆုံးရေချခဲ့သည် Arihant အတန်းစား S4 သည် တန်ချိန် ရ၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ရှေ့နှစ်စီးဖြစ်သည့် တန်ချိန် ၆၀၀၀ ရှိ INS Arihant(S2) နှင့်

INS Arighat (S3) ထက် တန်ချိန်ပိုမိုများပြားပြီး အရွယ်အစားပိုမိုကြီးကာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးပျံများ ပိုမိုတင်‌ဆောင်နိုင်ကြောင်း သတင်းများကဖော်ပြထားသည်။Arihant အတန်းအစား S2 နှင့် S3 နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် အလျား ၁၁၁ မီတာ၊ ဗျက် ၁၁ မီတာ၊ ရေစူး ၁၅ မီတာ၊

စမ်းသပ်ငုပ်လျှိုးရေအနက်(Test Depth) ၃၀၀ မီတာ ရှိပြီး ရေပေါ်မောင်းနှင်မှုအမြန်နှုန်း ၁၅ မိုင်နှုန်းနှင့် ရေအောက်တွင် ၂၄ မိုင်နှုန်းရှိသည်။ သို့သော် S4 သည် Arihant ၏နောက်ထပ်မျိုးကွဲဖြစ်နိုင်ပြီး အရွယ်အစားပိုမိုကြီးမားကာ တိုက်ချင်းပစ်ဒုံးပျံများပိုမိုတင်ဆောင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်သောကြောင့် ရေအောက်ထဲတွင် ရေငုပ်သင်္ဘော၏ခံနိုင်ရည်နှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စလိုအပ်ချက်ပေါ်မှုတည်ပြီး ရက်အကန့်အသတ်မရှိ ငုပ်လျှိုးနေနိုင်သည်။Arihant အတန်းစားနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် မဟာဗျူဟာမြောက်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်ပြီး လက်နက်တပ်ဆင်နိုင်မှုအဖြစ်

INS Arihant(S2) နှင့် INS Arighat (S3) တွင် အကွာအဝေး မိုင် ၅၀၀ နီးပါးထိပစ်ခတ်နိုင်သည့် K15 SLBM(Submarine-Launched Ballistic Missile) ၁၂ စင်း သို့မဟုတ် အကွာအဝေး ၂၂၀၀ မိုင်ထိ ပစ်ခတ်နိုင်သည့် K4 SLBM ၄ စင်းတင်ဆောက်နိုင်ပြီး နောက်ဆုံးရေချခဲ့သည့် S4 တွင် K15 SLBM ၂၄ စင်း သို့မဟုတ်

K4 SLBM ၈ စင်း သို့မဟုတ် အကွာအဝေး ၃၁၀၀ မိုင်ထိပစ်ခတ်နိုင်သည့် K5 SLBM ၈ စင်းတင်ဆောက်နိုင်ပြီး 533mm တော်ပီဒိုနှင့် Cruise ဒုံးပျံများပစ်ခတ်နိုင်သည့် တော်ပီဒိုပစ်ပြွန် ၆ ခုပါရှိသည်။

Crd..Blue Ocean Diary

Unicode











Crd..Blue Ocean
Crd

Crd

arkarta