အိုလံပစ်အလေးမရွှေတံဆိပ်ဆုရှင်ရဲ့ ဓာတ်ပုံကြောင့် အကြီးအကျယ်ဒေါသထွက်နေတဲ့ တရုတ်

Reuter သတင်းဌာနက ဖော်ပြခဲ့တဲ့ တရုတ်အလေးမအားကစားမယ် Hou Zhihui ရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး တရုတ်သံအမတ်တွေက ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်အတွက် အလေးမအားကစားနည်းကနေ ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့တဲ့ Hou Zhihui ရဲ့ ဓာတ်ပုံမှာ ရုပ်ဆိုးလွန်းပြီး သတင်းဌာနအနေနဲ့ တမင်ရွေးချယ်ဖော်ပြခဲ့တာလို့ သီရိလင်္ကာဆို်င်ရာတရုတ်သံရုံးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပြိုင်ပွဲဓာတ်ပုံအများကြီးရှိပါတယ်၊ Reuters က ဒီဓာတ်ပုံကိုပဲ ရွေးချယ်ခဲ့ပါတယ်၊ သူတို့ဘယ်လောက်ထိ ရုပ်ဆိုးလဲဆိုတာကိုအားလုံးသိအောင်ပေါ့” လို့ တရုတ်သံရုံးက ရေးသားခဲ့ပါတယ်။

Hou ဟာ အမျိုးသမီး ၄၉ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပြီး တရုတ်သံအမတ်တွေ ၀ိုင်းဝန်းပြောဆိုမှသာ လူအများသတိထားစရာဖြစ်ခဲ့ရပြီး ငိုအားထက်ရယ်အားသန်ခဲ့ရပါတယ်။

အားကစားအထက်မှာ နိုင်ငံရေးနဲ့ အတွေးအခေါ်တွေကို ထားဖို့မကောင်းပါဘူး၊ ကိုယ့်ကိုကိုယ် ဘက်မလိုက်တဲ့ မီဒီယာအဖွဲ့အစည်းတစ်ခုလို့လည်း မသတ်မှတ်ပါနဲ့၊ တကယ်ကို အရှက်မရှိတာပါ” လို့ တရုတ်သံရုံးက ထပ်မံရေးသားခဲ့ပါတယ်။

Reuters က ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟာ Hou ပြိုင်ပွဲဝင်နေစဉ် ရိုက်ကူးထားခဲ့တာဖြစ်ပြီး အားမာန်အပြည့်ထည့်ကာ မျက်နှာသွင်ပြင်ကလည်း စိတ်အားထက်သန်မှုနဲ့ အင်အားစိုက်ထုတ်နေမှုကို ထင်ဟပ်နေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ တရုတ်အစိုးပိုင် Global Times သတင်စာကလည်း အငြင်းပွားဖွယ်ရာဓာတ်ပုံနဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။

အနောက်တိုင်းမီဒီယာအဖွဲ့အစည်းတွေက တရားမျှတမှုမရှိစွာနဲ့ တရုတ်ကိုပစ်မှတ်ထားနေပြီး အိုလံပစ်ပြိုင်ပွဲသတင်းတွေကို ရေးသားဖော်ပြနေတယ်လို့ Global Times က ဖော်ပြခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာတော့ Hou ဟာ ကိုဗစ်စည်းကမ်းတွေအရ နှာခေါင်းစည်းတပ်ဆင်ကာ ဆုကိုလက်ခံရယူခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

River News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။