အိုလံပစ်ပြိုင်ပွဲအပြီး အစွန့်ပစ်ခံ အဆောက်အအုံများ

အိုလံပစ်ပြိုင်ပွဲအပြီး အစွန့်ပစ်ခံ အဆောက်အအုံများ

ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကြီးဟာ သြဂုတ်လ ၈ရက် တနင်္ဂနွေနေ့ကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ စာရင်းဇယားတွေအရ ဂျပန်နိုင်ငံဟာ ဒီပြိုင်ပွဲကြီးဖြစ်မြောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလျံ (သန်း ၁၅၄၀၀) လောက် သုံးစွဲခဲ့တယ်လို့သိရပါတယ်။

ဒီနှစ်ပြိုင်ပွဲအတွက် အဆောက်အုံသစ်တွေတည်ဆောက်ရာမှာ ဂျပန်ဟာ ရေရှည်အကျိုးရှိရှိသုံးနိုင်ဖို့ကို အဓိကထားစဉ်းစားခဲ့ပါတယ်။ အသစ်ဆောက်လုပ်ခဲ့တဲ့ အားကစားကွင်း ၈ခုမှာ ဒေါ်လာ သန်း (၁၄၃၀)ကုန်ကျတဲ့ အမျိုးသားအားကစားရုံပါဝင်သလို ရေပေါ်ရေအောက်အားကစားနည်းတွေကျင်းပတဲ့ စင်တာတစ်ခုဟာဆိုရင် သန်း (၅၂၀)ကုန်ကျခဲ့ပါတယ်။

နောက်လာမယ့် နွေရာသီအိုလံပစ်ကိုလက်ခံကျင်းပမယ့် အိမ်ရှင်နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ် (၂၀၂၄)နဲ့ အမေရိကန် (၂၀၂၈) စီစဉ်သူတွေကလည်း နေရာသစ်တွေတည်ဆောက်မှုအသုံးစရိတ်လျှော့ချမယ်လို့ ဆိုထားပါတယ်။

လက်ခံကျင်းပခဲ့ဖူးတဲ့အိမ်ရှင်နိုင်ငံတွေဟာ အိုလံပစ်အတွက်တည်ဆောက်ခဲ့တဲ့ အားကစားကွင်းတွေကို ပြိုင်ပွဲပြီးတဲ့အခါ ဆက်လက်အသုံးပြုဖို့ အခက်အခဲတွေကြုံရလေ့ရှိပါတယ်။

အားကစားသမားတွေအတွက်ရိပ်သာ၊ အားကစားရုံ၊ သယ်ယူပို့ဆောင်ရေး စသဖြင့် နေရာတချို့ကိုတော့ အားကစားပြိုင်ပွဲပြီးသွားတဲ့အခါ တခြားရည်ရွယ်ချက်တွေအတွက်ပြုပြင်ပြောင်းလဲအသုံးပြုနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ ပျက်ဆီးယိုယွင်းကုန်တဲ့ အဆောက်အအုံတွေကိုလည်း အခုလို တွေ့ရပါတယ်။

VOA

1

2

3

4

5

6

7

8

9

10

ZAWGYI

အိုလံပစ္ၿပိဳင္ပြဲအၿပီး အစြန႔္ပစ္ခံ အေဆာက္အအုံမ်ား

ဂ်ပန္နိုင္ငံတိုက်ိဳၿမိဳ႕မွာ က်င္းပခဲ့တဲ့ ၂၀၂၀ အိုလံပစ္အားကစားၿပိဳင္ပြဲႀကီးဟာ ၾသဂုတ္လ ၈ရက္ တနဂၤေႏြေန႔ကပဲ ၿပီးဆုံးသြားခဲ့ပါၿပီ။ စာရင္းဇယားေတြအရ ဂ်ပန္နိုင္ငံဟာ ဒီၿပိဳင္ပြဲႀကီးျဖစ္ေျမာက္ဖို႔အတြက္ အေမရိကန္ေဒၚလာ ၁၅.၄ ဘီလ်ံ (သန္း ၁၅၄၀၀) ေလာက္ သုံးစြဲခဲ့တယ္လို႔သိရပါတယ္။

ဒီႏွစ္ၿပိဳင္ပြဲအတြက္ အေဆာက္အုံသစ္ေတြတည္ေဆာက္ရာမွာ ဂ်ပန္ဟာ ေရရွည္အက်ိဳးရွိရွိသုံးနိုင္ဖို႔ကို အဓိကထားစဥ္းစားခဲ့ပါတယ္။ အသစ္ေဆာက္လုပ္ခဲ့တဲ့ အားကစားကြင္း ၈ခုမွာ ေဒၚလာ သန္း (၁၄၃၀)ကုန္က်တဲ့ အမ်ိဳးသားအားကစား႐ုံပါဝင္သလို ေရေပၚေရေအာက္အားကစားနည္းေတြက်င္းပတဲ့ စင္တာတစ္ခုဟာဆိုရင္ သန္း (၅၂၀)ကုန္က်ခဲ့ပါတယ္။

ေနာက္လာမယ့္ ေႏြရာသီအိုလံပစ္ကိုလက္ခံက်င္းပမယ့္ အိမ္ရွင္ႏွစ္နိုင္ငံျဖစ္တဲ့ ျပင္သစ္ (၂၀၂၄)နဲ႔ အေမရိကန္ (၂၀၂၈) စီစဥ္သူေတြကလည္း ေနရာသစ္ေတြတည္ေဆာက္မႈအသုံးစရိတ္ေလၽွာ့ခ်မယ္လို႔ ဆိုထားပါတယ္။

လက္ခံက်င္းပခဲ့ဖူးတဲ့အိမ္ရွင္နိုင္ငံေတြဟာ အိုလံပစ္အတြက္တည္ေဆာက္ခဲ့တဲ့ အားကစားကြင္းေတြကို ၿပိဳင္ပြဲၿပီးတဲ့အခါ ဆက္လက္အသုံးျပဳဖို႔ အခက္အခဲေတြၾကဳံရေလ့ရွိပါတယ္။

အားကစားသမားေတြအတြက္ရိပ္သာ၊ အားကစား႐ုံ၊ သယ္ယူပို႔ေဆာင္ေရး စသျဖင့္ ေနရာတခ်ိဳ႕ကိုေတာ့ အားကစားၿပိဳင္ပြဲၿပီးသြားတဲ့အခါ တျခားရည္ရြယ္ခ်က္ေတြအတြက္ျပဳျပင္ေျပာင္းလဲအသုံးျပဳနိုင္ခဲ့တာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ တဖက္မွာလည္း ဆက္လက္ထိန္းသိမ္းထားနိုင္ျခင္းမရွိဘဲ ပ်က္ဆီးယိုယြင္းကုန္တဲ့ အေဆာက္အအုံေတြကိုလည္း အခုလို ေတြ႕ရပါတယ္။

VOA