အိမ်အလုပ်တွေမပြီးလို့ဆိုပြီး ဆူခဲ့မိသော အိမ်ဖော်အဒေါ်ကြီးအား CCTVပြန်ကြည့်ချိန်မှာတော့ ရင်ထဲမကောင်းဖြစ်သွားရသော မိခင်တစ်ဦး

အိမ်ထောင်ကျသွားသည်နှင့် သားသမီးတွေရှိလာသောအခါ မိခင်တိုင်းသည် ခင်ပွန်းဖြစ်သူတစ်ယောက်တည်းရဲ့လုပ်စာကိုပဲ စောင့်ဆိုင်းစားမနေချင်ပဲ ကလေးတွေရဲ့အနာဂတ်အတွက်ကို စဥ်းစားကာ အပြင်အလုပ်ထွက်လုပ်ပြီး ဝင်ငွေရှာချင်ကြတာကြောင့် ကလေးကိုအဖိုးအဖွားဆီမှာအပ်နှံတာမျိုး သို့မဟုတ် ကလေးထိန်းသမားဆီမှာ အပ်နှံတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ငယ်ရွယ်သူ မိခင်တစ်ဦးသည် သားဦးလေးမွေးဖွားချိန်တွင် အိမ်ထဲမှာပဲ ကလေးထိန်းရင်း အချိန်ကုန်မနေချင်တာကြောင့် ခင်ပွန်းဖြစ်သူနှင့် တန်းတူအပြင်အလုပ်ထွက်လုပ်ကာ ဝင်ငွေရှာချင်ခဲ့သည်။

မိန်းကလေးသည် အိမ်ထောင်ကျပြီးတာနဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တိုက်ခန်းမှာ ဌားနေတာကြောင့် ကလေးထိန်းပေးရန်အတွက် အဖိုးအဖွားကလည်း အဝေးမှာရှိနေသည့်အတွက် ရပ်ကွက်ထဲက ကလေးထိန်းပေးသည့် အဒေါ်ကြီးတစ်ဦးကို ဌားရမ်းခဲ့တော့သည်။

မိန်းကလေးသည် အဒေါ်ကြီးအား တစ်နေကုန် ကလေးထိန်းရုံမကပဲ အိမ်သန့်ရှင်းရေးလည်း လုပ်ခိုင်းသေးရာ သူမအိမ်ပြန်လာ၍ အလုပ်မပြီးသောအခါ အကြောင်းရင်းမှန်ကိုမသိရှိပဲ ကလေးထိန်းအဒေါ်ကြီးအား အနည်းငယ် ဆူခဲ့သည်။

တစ်နေ့တွင် အဒေါ်ကြီးလည်း အလုပ်ချိန်ပြီးသွား၍ အိမ်ပြန်သွားသောအခါ သားငယ်လေးသည် မိခင်ဖြစ်သူရဲ့လက်ထဲတွင် ချော့တိတ်နေသော်လည်း တော်တော်နဲ့ အိပ်မပျော်ပဲ ငိုနေခဲ့ရာ မိခင်ဖြစ်သူသည် အဒေါ်ကြီးမှ သားလေးကိုအိပ်အောင် ဘယ်လိုနည်းလမ်းမျိုးသုံးလဲဆိုတာ သိချင်၍ CCTVမှတ်တမ်းအား ပြန်ကြည့်ခဲ့သည်။

ထိုအချိန်တွင် ကလေးထိန်းအဒေါ်ကြီးသည် သားလေးဂျီကျသမျှ အကုန်စိတ်ရှည်သည်းခံကာ အချိန်ကြာမြင့်စွာ လက်ထဲတွင် နွေးထွေးကြင်နာစွာ ပွေ့ဖက်ထားရင်း သီချင်းအော်ဆိုကာ ချော့တိတ်နေသောပုံရိပ်လေးကို တွေ့ခဲ့ပြီး အရင်ရက်တွေက အိမ်အလုပ်မပြီး၍ ဆူခဲ့မိသောအဖြစ်ကို ပြန်တွေးရင်း စိတ်ထဲမကောင်းဖြစ်သွားခဲ့ပြီး သူမရဲ့ ကလေးထိန်းအဒေါ်ကြီးကို ချီးကျူးကာ လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi

အိမ္အလုပ္ေတြမၿပီးလို႔ဆိုၿပီး ဆူခဲ့မိေသာ အိမ္ေဖာ္အေဒၚႀကီးအား CCTVျပန္ၾကည့္ခ်ိန္မွာေတာ့ ရင္ထဲမေကာင္းျဖစ္သြားရေသာ မိခင္တစ္ဦး

အိမ္ေထာင္က်သြားသည္ႏွင့္ သားသမီးေတြရွိလာေသာအခါ မိခင္တိုင္းသည္ ခင္ပြန္းျဖစ္သူတစ္ေယာက္တည္းရဲ႕လုပ္စာကိုပဲ ေစာင့္ဆိုင္းစားမေနခ်င္ပဲ ကေလးေတြရဲ႕အနာဂတ္အတြက္ကို စဥ္းစားကာ အျပင္အလုပ္ထြက္လုပ္ၿပီး ဝင္ေငြရွာခ်င္ၾကတာေၾကာင့္ ကေလးကိုအဖိုးအဖြားဆီမွာအပ္ႏွံတာမ်ိဳး သို႔မဟုတ္ ကေလးထိန္းသမားဆီမွာ အပ္ႏွံတတ္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ ငယ္႐ြယ္သူ မိခင္တစ္ဦးသည္ သားဦးေလးေမြးဖြားခ်ိန္တြင္ အိမ္ထဲမွာပဲ ကေလးထိန္းရင္း အခ်ိန္ကုန္မေနခ်င္တာေၾကာင့္ ခင္ပြန္းျဖစ္သူႏွင့္ တန္းတူအျပင္အလုပ္ထြက္လုပ္ကာ ဝင္ေငြရွာခ်င္ခဲ့သည္။

မိန္းကေလးသည္ အိမ္ေထာင္က်ၿပီးတာနဲ႔ ခင္ပြန္းျဖစ္သူနဲ႔အတူ တိုက္ခန္းမွာ ဌားေနတာေၾကာင့္ ကေလးထိန္းေပးရန္အတြက္ အဖိုးအဖြားကလည္း အေဝးမွာရွိေနသည့္အတြက္ ရပ္ကြက္ထဲက ကေလးထိန္းေပးသည့္ အေဒၚႀကီးတစ္ဦးကို ဌားရမ္းခဲ့ေတာ့သည္။

မိန္းကေလးသည္ အေဒၚႀကီးအား တစ္ေနကုန္ ကေလးထိန္း႐ုံမကပဲ အိမ္သန္႔ရွင္းေရးလည္း လုပ္ခိုင္းေသးရာ သူမအိမ္ျပန္လာ၍ အလုပ္မၿပီးေသာအခါ အေၾကာင္းရင္းမွန္ကိုမသိရွိပဲ ကေလးထိန္းအေဒၚႀကီးအား အနည္းငယ္ ဆူခဲ့သည္။

တစ္ေန႔တြင္ အေဒၚႀကီးလည္း အလုပ္ခ်ိန္ၿပီးသြား၍ အိမ္ျပန္သြားေသာအခါ သားငယ္ေလးသည္ မိခင္ျဖစ္သူရဲ႕လက္ထဲတြင္ ေခ်ာ့တိတ္ေနေသာ္လည္း ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ပဲ ငိုေနခဲ့ရာ မိခင္ျဖစ္သူသည္ အေဒၚႀကီးမွ သားေလးကိုအိပ္ေအာင္ ဘယ္လိုနည္းလမ္းမ်ိဳးသုံးလဲဆိုတာ သိခ်င္၍ CCTVမွတ္တမ္းအား ျပန္ၾကည့္ခဲ့သည္။

ထိုအခ်ိန္တြင္ ကေလးထိန္းအေဒၚႀကီးသည္ သားေလးဂ်ီက်သမွ် အကုန္စိတ္ရွည္သည္းခံကာ အခ်ိန္ၾကာျမင့္စြာ လက္ထဲတြင္ ေႏြးေထြးၾကင္နာစြာ ေပြ႕ဖက္ထားရင္း သီခ်င္းေအာ္ဆိုကာ ေခ်ာ့တိတ္ေနေသာပုံရိပ္ေလးကို ေတြ႕ခဲ့ၿပီး အရင္ရက္ေတြက အိမ္အလုပ္မၿပီး၍ ဆူခဲ့မိေသာအျဖစ္ကို ျပန္ေတြးရင္း စိတ္ထဲမေကာင္းျဖစ္သြားခဲ့ၿပီး သူမရဲ႕ ကေလးထိန္းအေဒၚႀကီးကို ခ်ီးက်ဴးကာ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Hlaing (Love Feeling)