အိပ္ခန္းထဲသို႔ လက္ဝတ္ရတနာ ပစၥည္းမ်ားခိုးယူၿပီးေနာက္ အဲကြန္းေလးနဲ႔ အိစက္ေသာအိပ္ရာခင္းေပၚမွာ အိပ္ေပ်ာ္သြားခဲ့၍ အဖမ္းခံခဲ့ရေသာ သူခိုးအမ်ိဳးသမီး

ထိုင္းႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ ေကာင္းရာမြန္ရာမလုပ္စားခ်င္ပဲ အိမ္နီးနားခ်င္းမွ အလုပ္သြားေနခိုက္ ရရာပစၥည္းခိုးယူမည္အႀကံနဲ႔ အိမ္ထဲသို႔ တိတ္တဆိတ္ဝင္ေရာက္ခဲ့ရာ မနက္စာမစားရေသး၍ ဗိုက္ကလည္းဆာေနတာေၾကာင့္ ဂတ္စ္အိုးနဲ႔အတူ ဟင္းခ်က္စားခဲ့သည္။

သူခိုးအမ်ိဳးသမီးသည္ ဝင္ေဖာက္ခဲ့ေသာအိမ္ရွင္မွာ အလုပ္ေန႔တိုင္းသြားၿပီး အိမ္ျပန္လာခ်ိန္ကိုလည္း သိေန၍ ေအးေအးခ်မ္းခ်မ္း သူမ်ားအိမ္ထဲမွာ စိတ္ႀကိဳက္ေနခဲ့သည္။

သူခိုးအမ်ိဳးသမီးသည္ အိပ္ခန္းထဲသို႔ ေရာက္သြားေသာအခါ တန္ေၾကးရွိၿပီး ျပန္ေရာင္းစားလို႔ရမည့္ ပစၥည္းေတြကိုခိုးယူကာ အိပ္ခန္းထဲတြင္ အဲကြန္းတပ္ဆင္ထားတာေၾကာင့္ ေလေလးတေအးေအးနဲ႔ အိစက္ေသာအိပ္ရာခင္းကိုျမင္ၿပီး အျပင္ျပန္မထြက္ႏိုင္ေတာ့ပဲ တစ္ေရးတစ္ေမာအိပ္ခဲ့သည္။

အိမ္ရွင္ျဖစ္သူလည္း ညေနခင္း အလုပ္ဆင္း၍ အိမ္ျပန္လာေသာအခါ မီးဖိုေခ်ာင္ထဲရွိ ခ်က္ျပဳတ္စားထားသည့္ ဟင္းအိုးကိုျမင္ၿပီး အခန္းထဲသို႔ အေျပးအလႊား သြားေရာက္ခဲ့စဥ္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ သူခိုး အမ်ိဳးသမီးအား ေတြ႕ရွိခဲ့၍ ရဲစခန္းဆီ ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္။

Rain (For Ialinks)

Unicode

အိပ်ခန်းထဲသို့ လက်ဝတ်ရတနာ ပစ္စည်းများခိုးယူပြီးနောက် အဲကွန်းလေးနဲ့ အိစက်သောအိပ်ရာခင်းပေါ်မှာ အိပ်ပျော်သွားခဲ့၍ အဖမ်းခံခဲ့ရသော သူခိုးအမျိုးသမီး

ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ကောင်းရာမွန်ရာမလုပ်စားချင်ပဲ အိမ်နီးနားချင်းမှ အလုပ်သွားနေခိုက် ရရာပစ္စည်းခိုးယူမည်အကြံနဲ့ အိမ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ရာ မနက်စာမစားရသေး၍ ဗိုက်ကလည်းဆာနေတာကြောင့် ဂတ်စ်အိုးနဲ့အတူ ဟင်းချက်စားခဲ့သည်။

သူခိုးအမျိုးသမီးသည် ဝင်ဖောက်ခဲ့သောအိမ်ရှင်မှာ အလုပ်နေ့တိုင်းသွားပြီး အိမ်ပြန်လာချိန်ကိုလည်း သိနေ၍ အေးအေးချမ်းချမ်း သူများအိမ်ထဲမှာ စိတ်ကြိုက်နေခဲ့သည်။

သူခိုးအမျိုးသမီးသည် အိပ်ခန်းထဲသို့ ရောက်သွားသောအခါ တန်ကြေးရှိပြီး ပြန်ရောင်းစားလို့ရမည့် ပစ္စည်းတွေကိုခိုးယူကာ အိပ်ခန်းထဲတွင် အဲကွန်းတပ်ဆင်ထားတာကြောင့် လေလေးတအေးအေးနဲ့ အိစက်သောအိပ်ရာခင်းကိုမြင်ပြီး အပြင်ပြန်မထွက်နိုင်တော့ပဲ တစ်ရေးတစ်မောအိပ်ခဲ့သည်။

အိမ်ရှင်ဖြစ်သူလည်း ညနေခင်း အလုပ်ဆင်း၍ အိမ်ပြန်လာသောအခါ မီးဖိုချောင်ထဲရှိ ချက်ပြုတ်စားထားသည့် ဟင်းအိုးကိုမြင်ပြီး အခန်းထဲသို့ အပြေးအလွှား သွားရောက်ခဲ့စဥ် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူခိုး အမျိုးသမီးအား တွေ့ရှိခဲ့၍ ရဲစခန်းဆီ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

Rain (For Ialinks)

crd