အိန္ဒိယသမ္မတဟောင်း တစ်ယာက်ရဲ့ မှတ်သားထိုက်တဲ့ စကားတစ်ခွန်း – News For U

အိန္ဒိယသမ္မတဟောင်း တစ်ယာက်ရဲ့ မှတ်သားထိုက်တဲ့ စကားတစ်ခွန်း – News For U



Post Views:
8


အိန္ဒိယသမ္မတဟောင်းတစ်ယာက်ရဲ့ မှတ်သားထိုက်တဲ့ စကားတစ်ခွန်း

ကျနော်ငယ်ငယ်က မေမေက ချက်ကျွေးတယ်… တစ်နေ့ ညနေစာ ထမင်းဝိုင်းမှာ မီးကျွမ်းပြီး တူးနေတဲ့ ပလာတာ ကို အဖေ့ရှေ့မှာ တွေ့တယ်။

ပလာတာ မီးကျွမ်းနေတာ ကို အဖေ ဘာပြောမလဲလို့ ကျနော် ကြည့်နေတယ်။ အဖေက ပလာတာမီးကျွမ်းနေတာ ကို မပြောဘဲ… သား ဒီနေ့ ကျောင်းမှာ စာသင်ရတာ ဘယ်လိုလဲလို့ မေး ပါ တယ်။

ကျနော် ဘာဖြေခဲ့တယ် ဆိုတာတော့ မမှတ်မိ တော့ပါ။ မှတ်မိတာက မေမေက အဖေ့ကို ပလာတာမီးကျွမ်းသွားတဲ့ အတွက် တောင်းပန် တာပါ။ အဖေပြန်ပြော တာကို ဘယ်တော့မှ မေမ့ပါဘူး။

မိန်းမရေ… မီးကျွမ်းတဲ့ ပလာတာ ကို ငါ ကြိုက်တယ်ကွ။ အဲဒီညမှာ မအိပ်ခင် အဖေ့ကို ကျနော်ဖက်ရင်း… အဖေက မီးကျွမ်းတဲ့ ပလာတာ ကို တကယ်ကြိုက်သလား လို့ မေးကြည့် ပါတယ်။

အဖေက ကျနော့်ကို ဖက်ထားပြီး သားရေ… မင်းမေမေက တစ်နေ့လုံး အိမ် အလုပ်တွေ လုပ်နေရတာ၊ ဒီနေ့ဆို တော်တော် ပင်ပန်းနေတယ်။

တူးနေတဲ့ ပလာတာက ဘယ်သူ့ကိုမှ မနာကျင်စေပါဘူး… အပြစ်တင်တဲ့ စကား ကြမ်းတမ်းတဲ့ စကား တွေကပဲ နာကျင် စေတာပါ။

သားရေ… ဘဝဆိုတာ ပြီးပြည့်စုံမှု မရှိတဲ့ အရာတွေ၊ ပြီးပြည့်စုံမှု မရှိသူတွေနဲ့ ပြည့်နေတယ်။ ဖေဖေလည်း ပြီးပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။

သားလည်း မှတ်ထားပါ… ကိုယ့်တိုင်က မပြည့်စုံတဲ့ အတွက် သူတစ်ပါးရဲ့ ပြီးပြည့်စုံမှု မရှိတာကို လက်ခံ တတ် ရ မယ်။

ဒါကြောင့် .. နည်းနည်း လွဲနေတာကို လက်ခံ ပေးလိုက်ပါ ၊ ခွင့်လွှတ်လိုက်ပါ။ ပြည့်စုံမှု မရှိတာကို ချစ်ခင်မှုနဲ့ အစားထိုးပြီး ပျော်ရွှင်လိုက်ပါ သား။

#အိန္ဒိယ သမ္မတဟောင်း အဗ်ဒွလ်ကလာမ်#

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Unicode

အိန်ဒိယသမ်မတဟောငျးတစျယာကျရဲ့ မှတျသားထိုကျတဲ့ စကားတစျခှနျး










#အိန်ဒိယ သမ်မတဟောငျး အဗျဒှလျကလာမျ#


Crd

Crd

arkarta