အနဲတို့က​ကြိတ်ကြံနေတာ အိန္ဒိယလျို့ဝှက် ရေတပ်အခြေစိုက်စခန်းဆောက်လုပ်​နေကြောင်း AI Jazeeraက ဖော်ပြ

Agalega ကျွန်းမှာ အိန္ဒိယစစ်တပ် လျှို့ဝှက်စွာ စစ်အခြေစိုက်စခန်း တည်ဆောက်နေကြောင်း AI Jazeera သတင်းဌာန ရေးသားဖော်ပြထားပါတယ်။

တိုက်ခိုက်ရေးလေယာဥ်နဲ့ သယ်ယူပို့ဆောင်ရေးလေယာဥ်ဆင်းသက်နိူင်မယ့် ကြီးမားပြီး ရှည်လျားတဲ့ ပြေးလမ်းကို တွေ့မြင်ရကြောင်း ၊ကြီးမားတဲ့ သဘော်ကမ်းဆိုက်ဖို့ ရေတပ်အခြေစိုက်စခန်းလည်း တည်ဆောက်ဖို့ အရိပ်အယောင်ရှိကြောင်း AI Jazeera သတင်းက ဖော်ပြပါတယ် ။

တဆက်တည်းမှာ ထပ်တိုးဝယ်ယူထားတာမကြာသေးတဲ့ ယူအက်စ်ရဲ့ P-8Iအမျိုးအစားတွေ ထားရှိမည်ဟု ခန့်မှန်းပြောဆိုထားပါတယ်။

အိန္ဒိယရေတပ်သည် ပြည်တွင်း၌တည်ဆောက်သည့် လေယာဉ်တင်သင်္ဘောတွင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ အသုံးပြုရန်စီစဉ်ခြင်း ၊ အိန္ဒိယနိုင်ငံ ကိုချီလွန်းကျင်းတွင် တည်ဆောက်လျက်ရှိသည့် ပထမဆုံး Indigenous Aircraft Carrier (IAC) အား ၂၀၂၃ ခုနှစ်တွင် အိန္ဒိယရေတပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယရေတပ်သည် အဆိုပါလေယာဉ်တင်သင်္ဘောတွင် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များအသုံးပြုသွားရန် စဉ်စားလျက်ရှိကြောင်း သိရှိရသည်။ ယခုလေယာဉ်တင်သင်္ဘောအား အိန္ဒိယရေတပ်သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လွှဲပြောင်းပေးရန်စီစဉ်ခဲ့သော်လည်း နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ပြီး ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။

အိန္ဒိယရေတပ်သည် ပြည်တွင်းထုတ်လေယာဉ်တင်သင်္ဘောပထမအစီးအား ၂၀၂၃ ခုနှစ်တွင် လက်ခံရရှိမည်ဖြစ်ခြင်းကြောင့် ၎င်းအချိန်တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်ရေတပ်များသည် ၎င်းတို့၏လေယာဉ်တင်သင်္ဘောများတွင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များကို အသုံးပြုနိုင်ခြင်းကြောင့် အိန္ဒိယရေတပ်အနေဖြင့်လည်း အခြား ရေတပ်များနည်းတူ အဆင့်မြင့်ခေတ်မီလေယာဉ်များအသုံးပြုနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယရေတပ်တွင် လက်ရှိအချိန်၌ အသုံးပြုလျက်ရှိသည့် ရုရှားနိုင်ငံမှတည်ဆောက်သော စတုတ္ထမျိုးဆက်တိုက်လေယာဉ် MiG 29K များတွင် Engine၊ Airframe နှင့် Fly-by-wire System များတွင် ချို့ယွင်းချက်များတွေ့ရှိရကြောင်း သိရှိရပါသည်။

အမေရိကန်ရေတပ်၏ Pacific Command ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး Harry Harris သည် အိန္ဒိယရေတပ်မှ ၀ယ်ယူရန်စီစဉ်လျက်ရှိသည့် F 16 S လေယာဉ်များ၊ P-8I အမျိုးအစား ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်များ၊ Sea Guardian မောင်းသူမဲ့ လေယာဉ်များ၊ MH-60R ဘက်စုံသုံးရဟတ်ယာဉ်များနှင့် F-35 Joint Strike Fighter လေယာဉ်များအား အမေရိကန်နိုင်ငံအနေဖြင့် ရောင်းချပေးမည်ဟု ၂၀၁၈ ခုနှစ် အစောပိုင်း ကာလများက အရိပ်အမြွက်ပြောကြားခဲ့ပါသည်။

အိန္ဒိယရေတပ်သည် ပြည်တွင်းထုတ် ပထမလေယာဉ်တင်သင်္ဘောအား စီစဉ်ထားသည်ထက် ၈ နှစ်နောက်ကျပြီးမှ လက်ခံရရှိ မည်ဖြစ်သောကြောင့် ယနေ့အချိန်တွင် ရုရှားနိုင်ငံမှ၀ယ်ယူထားသည့် တစ်ပတ်ရစ် လေယာဉ်တင်သင်္ဘော INS Vikramaditya တစ်စီးဖြင့်သာ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

အိန္ဒိယသမုဒ္ဒရာအား စိုးမိုးထားနိုင်ရေး၊ အခြားဒေသများသို့ အင်အားဖြန့်ကြက်နိုင်ရေးအတွက် လေယာဉ်တင်သင်္ဘောတစ်စီးဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် အိန္ဒိယရေတပ်သည် ပြည်တွင်း၌ လေယာဉ်တင်သင်္ဘော ၂ စီး တည်ဆောက်၍ အသုံးပြုနိုင်ရေးစီစဉ်ခဲ့ကြောင်း တွေ့ရှိရသည်။

လက်ရှိတည်ဆောက် လျက်ရှိသည့် လေယာဉ်တင်သင်္ဘောတွင် လေယာဉ်များ တက်/ဆင်းပြုလုပ်ရန် CATOBAR (Catapult Assisted Take-Off But Arrested Recovery) စနစ်အား အသုံးပြုထားပြီး ဒုတိယလေယာဉ်တင်သင်္ဘောတွင် STOBAR (Short Take-Off But Arrested Recovery) စနစ်အား အသုံးပြုရန်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။