



Post Views:
10

အာဖရိက ဘူကီနာဖာဆိုနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဆီကနေ နောက်ထပ်စစ်ခေါင်းဆောင်က ထပ်ဆင့် အာဏာသိမ်း

၁/၁၀/၂၀၂၂
အနောက်အာဖရိက ဘူကီနာဖာဆိုနိုင်ငံမှာ ဗိုလ်ကြီးထရာအိုရီ ဦးဆောင်တဲ့ တပ်သားတွေက အခုနှစ်ဆန်း ဇန်နဝါရီကမှ အာဏာသိမ်းပြီး သမ္မတ လုပ်နေတဲ့ ဗိုလ်မှူးကြီး ပေါလ် ဟန်ရီ ဆန်ဒါအိုဂို ဒါမီဘာ ဆီကနေ ထပ်ဆင့် အာဏာသိမ်းလိုက်ကြောင်း အာဖရိကသတင်းတွေမှာ ဖော်ပြပါတယ်။

အခုနှစ်ထဲ အနောက်အာဖရိကနိုင်ငံရဲ့ ဒုတိယမြောက် အာဏာသိမ်းမှုဖြစ်ပြီး သမ္မတနဲ့ အစိုးရကို ဖြုတ်ချပြီး
ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်ဆိုပါတယ်။

ပထမ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အစ္စလာမ္မစ် သောင်းကျန်းသူတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လို့ အာဏာသိမ်ရးတာလို့ ဗိုလ်ကြီးထရာအိုရီက ရုပ်/သံ မိန့်ခွန်းမှာ ပြောပါတယ်။
အရပ်သားအစိုးရဟာ သောင်းကျန်းသူတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုပြီး ဗိုလ်မှူးကြီး ပေါလ် ဟန်ရီ ဆန်ဒါအိုဂို ဒါမီဘာက ဇန်နဝါရီမှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလည်း “သောင်းကျန်းသူတွေကို မကိုင်တွယ်နိုင်ဘူး” ဆိုပြီး စစ်အရာရှိ နောက်တစ်ဦးက သူ့ဆီကနေ ထပ်ဆင့် အာဏာသိမ်းလိုက်တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

crd
#BNN
#BurmaNewsNetwork

Unicode





crd
#BNN
#BurmaNewsNetwork

Crd

Crd

arkarta