အာဖဂန်မှခွာလိုသဖြင့် လေယာဉ်ကို တွယ်ဖက်လိုက်သွားသူ ၂ ဦးထက်မနည်း ပြန်လည်ပြုတ်ကျသေဆုံး

အာဖဂန်မှခွာလိုသဖြင့် လေယာဉ်ကို တွယ်ဖက်လိုက်သွားသူ ၂ ဦးထက်မနည်း ပြန်လည်ပြုတ်ကျသေဆုံး

ကဘူးလ်၊ သြဂုတ် ၁၆
အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသဖြင့် ကယ်ဆယ်ရေးလေယာဉ်ပေါ်သို့ အတင်းအကြပ် တွယ်ဖက်ကာလိုက်သွားသူအချို့သည် လေယာဉ်အမြင့်သို့ရောက်သော် မြေပြင်သို့ပြန်လည်ပြုတ်ကျကာ သေဆုံးကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ယင်းကိုရိုက်ကူးထားသော ဗီဒီယိုဖိုင်တစ်ခုလည်း အွန်လိုင်းတွင်ပြန့်နှံ့နေသည်။

အေမရိကန်လေတပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးပေါ်သို့ စုပြုံ၍ တက်ကြရာ အထဲသို့ဝင်ခွင့်မရသူအချို့သည် လေယာဉ်ကိုယ်ထည်တွင် တွယ်ဖက်၍ လိုက်ပါသွားကြရာမှ ထိုသို့ပြန်လည်ပြုတ်ကျခြင်းဖြစ်သည်။
crd

zawgyi
အာဖဂန္မွခြာလိုသျဖင့္ ေလယာဥ္ကို တြယ္ဖက္လိုက္သြားသူ ၂ ဦးထက္မနည္း ျပန္လည္ျပဳတ္က်ေသဆုံး

ကဘူးလ္၊ ၾသဂုတ္ ၁၆
အာဖဂန္နစၥတန္နိုင္ငံမွ ထြက္ခြာလိုသျဖင့္ ကယ္ဆယ္ေရးေလယာဥ္ေပၚသို႔ အတင္းအၾကပ္ တြယ္ဖက္ကာလိုက္သြားသူအခ်ိဳ႕သည္ ေလယာဥ္အျမင့္သို႔ေရာက္ေသာ္ ေျမျပင္သို႔ျပန္လည္ျပဳတ္က်ကာ ေသဆုံးၾကေၾကာင္း မ်က္ျမင္သက္ေသမ်ားကေျပာသည္။

ယင္းကိုရိုက္ကူးထားေသာ ဗီဒီယိုဖိုင္တစ္ခုလည္း အြန္လိုင္းတြင္ျပန႔္ႏွံ့ေနသည္။

ေအမရိကန္ေလတပ္၏ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ႀကီးေပၚသို႔ စုျပဳံ၍ တက္ၾကရာ အထဲသို႔ဝင္ခြင့္မရသူအခ်ိဳ႕သည္ ေလယာဥ္ကိုယ္ထည္တြင္ တြယ္ဖက္၍ လိုက္ပါသြားၾကရာမွ ထိုသို႔ျပန္လည္ျပဳတ္က်ျခင္းျဖစ္သည္။
crd