အာဖဂန်နယ်မြေထဲပျံသန်းဝင်လာတဲ့ B-52 ကိုပစ်ချဖို့ကြိုးစားခဲ့တဲ့ တာလီဘန်တွေ
အာဖဂန်နယ်မြေထဲB-52ပျံသန်းဝင်လာလို့ပစ်ချဖို့ တောင်ကြိုးစားခဲ့တဲ့ တာလီဘန်တွေ
အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ အကြမ်းဖက်တာလီဘန်တွေဟာ အာဖဂန်နယ်မြေထဲကို ပျံသန်းဝင်ရောက်လာနေတဲ့ US B-52 လေယာဉ်ကို ပစ်ချဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။
ဒါဟာ တာလီဘန်တွေအနေနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကြိုးစားမှုက အောင်မြင်မှုမရရှိခဲ့ပါဘူး။
တာလီဘန်တွေက မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ကျွမ်းကျင်သူတွေခန့်မှန်းတာက တာလီဘန်တွေအများဆုံးအသုံးပြုတဲ့ man-portable surface-to-air missile (MANPAD)နဲ့ ပစ်ချခဲ့ကြတာပါ။
အခြားသောသတင်းအချက်အလက်တွေအရ M1097 ဖြစ်ဖို့များတယ်လို့ဆိုပါတယ်။ ဒါကတော့ ဉာဏ်နည်းတာပါ။
ဒီ ပခုံထမ်းဒုံးက ဗုံးကြဲဖို့ ပျံလာတဲ့ ဘီ-၅၂ ဆီကို ရောက်စရာ ဘာအကြောင်းမှကို မဖြစ်နိုင်ပါဘူး။တစ်ချို့ကလည်း ဒါဟာ ဝါဒဖြန့်တာလို့ ပြောနေကြပါတယ်။
လွန်ခဲ့သော ၄၈ နာရီအတွင်း တာလီဘန်အကြမ်းဖက်အဖွဲ့တွေဟာ အာဖဂန်နစ္စတန်ပိုင်နက်မှာ အဓိကနေရာ လေးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအခြေအနေအရ နောက်ထပ်လည်း များစွာ သိမ်းပိုက်ခံရဖို့ လမ်းမြင်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
Ref-InV
Crd..khekcaihmedia
zawgyi
Ref-InV
Crd..khekcaihmedia