အာဏာ႐ူးတစ္ေယာက္ရဲ႕ အတၱထက္ တိုင္းျပည္နဲ႔ ျပည္သူကို ကာကြယ္ရမယ္ မတရားတဲ့အမိန႔္ေတြကိုနာခံဖို႔ မလိုဘူး လို႔ တပ္တြင္းမွာ စာထုတ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး

အာဏာ႐ူးတစ္ေယာက္ရဲ႕ အတၱထက္ တိုင္းျပည္နဲ႔ ျပည္သူကို ကာကြယ္ရမယ္ မတရားတဲ့အမိန႔္ေတြကိုနာခံဖို႔ မလိုဘူး လို႔ တပ္တြင္းမွာ စာထုတ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး



Post Views:
8

အာဏာရူးတစ်ယောက်ရဲ့ အတ္တထက် တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ် မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး လို့ တပ်တွင်းမှာ စာထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး

ငါတို့ဟာ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ်။ ဒီအချက်ကလွဲပြီး ဘယ်သူတဦးတယောက်ကိုမှ သစ္စာစောင့်သိပါမယ်လို့ ကျမ်းကျိမ်ထားတာ မဟုတ်လို့ ငါတို့ဟာ မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး လို့ တပ်တွင်းမှာ စာထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး

အေမရိကန္ႏိုင္ငံမွာ လက္ရွိေရပန္းအစားဆုံး ျဖစ္ေနတဲ့ကိစၥကေတာ့ Peril ဆိုတဲ့စာအုပ္ပါပဲ။ ဒီစာအုပ္ဟာ ေ႐ြးေကာက္ပြဲရႈံးပီးေနာက္ ရႈံးမဲမဲၿပီး စိတ္ကေယာင္ေျခာက္ျခားျဖစ္ေနတဲ့ Trump ရဲ႕ ေနာက္ဆုံးေန႔ရက္ေတြအေၾကာင္းကို ေရးသားထားတာပါ။ ဒီထဲမွာ အဓိကျပသနာျဖစ္လာရတာကေတာ့ အေမရိကန္စစ္တပ္ရဲ႕ အႀကီးဆုံးေခါင္းေဆာင္ျဖစ္တဲ့ အေမရိကန္စစ္ဦးစီးခ်ဳပ္မ်ားဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး Mike Milley ရဲ႕ အခန္းက႑ပါပဲ။ သူရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အံ့မခန္းပါပဲ။

ပထမဆုံး ထရန႔္ဟာ ေ႐ြးေကာက္ပြဲရႈံးပီဆိုတာ ေသခ်ာတဲ့ေနာက္ ေ႐ြးေကာက္ပြဲအေျဖကို ေျပာင္းလဲဖို႔ ဖိအားေပးတာေတြ လုပ္ခဲ့ပါတယ္။ ျပည္နယ္တရား႐ုံးေတြကို ကန႔္ကြက္စာေတြ တင္သလို မဲေတြလဲ ျပန္ေရခိုင္းခဲ့ပါတယ္။ ဒါေပမယ့္ အရႈံးက အရႈံးပါပဲ။ ဒီလိုနည္းနဲ႔ ေ႐ြးေကာက္ပြဲကို အႏိုင္ရေအာင္ ျပန္မလုပ္ႏိုင္ေတာ့မွာ ေသခ်ာသြားတဲ့ေနာက္ ထရန႔္ရဲ႕ေနာက္ဆုံး လုပ္ေဆာင္မယ့္နည္းက အာဏာသိမ္းဖို႔ ႀကိဳးစားမႈပါပဲ။

ထရန႔္ရဲ႕ အမာခံေတြက အဲဒီအခ်ိန္က တခ်ိန္လုံး ႏွပ္ေၾကာင္းေပးေရးေနခဲ့တဲ့ ေ႐ြးေကာက္ခံသမၼတဘိုင္ဒန္နဲ႔ အဖြဲ႕ကို ဖမ္းမယ္။ အိုဘားမားတို႔ကိုပါ ဖမ္းမယ္။ ထရန႔္က သမၼတဆက္လုပ္မယ္ဆိုတဲ့ ႏွပ္ေၾကာင္းပါ။ ဒီအတြက္ ထရန႔္က စစ္တပ္ကို အသုံးခ်ဖို႔လိုလာပါတယ္။ အေမရိကန္ဒီမိုကေရစီစနစ္မွာ သမၼတက စစ္ေသနာပတိပါ။ Commandar in Chief ပါ။

သူ႔ထက္ႀကီးတဲ့သူ တဦးမွ မရွိပါဘူး။ သူ အမိန႔္ေပးရင္ တိုက္ရမွာပါ။ ထရန႔္ဟာ အဲလိုအတင္းဇြတ္လုပ္ဖို႔ မလြယ္တဲ့အခါ အီရန္ သို႔ တ႐ုတ္ကို ႏူကလီးယား သို႔ အျခားတိုက္ခိုက္မႈတခုခုကို ျပဳလုပ္ၿပီး တိုင္းျပည္ကို စစ္ပြဲထဲ ေခၚသြားဖို႔လဲ စီစဥ္ေနခဲ့ပါတယ္။ လူေတြ အာ႐ုံေျပာင္းသြားၿပီး သူက အာဏာဆက္ယူႏိုင္ဖို႔ပါ။ ဒီလိုကာလမွာ စစ္တပ္ရဲ႕ အႀကီးဆုံးေခါင္းေဆာင္ဟာ အရမ္းအေရးပါလာပါတယ္။

ဘိုင္ဒန္ကို သမၼတအျဖစ္ တရားဝင္ေ႐ြးေကာက္တဲ့ ဇန္နဝါရီလ ၆ ရက္ေန႔ မွာေတာ့ ထရန႔္ရဲ႕ စီစဥ္မႈနဲ႔အတူ သူ႔ရဲ႕ ေထာက္ခံသူေတြက အေမရိကန္လႊတ္ေတာ္ကို ဝင္ေရာက္စီးနင္းပါေတာ့တယ္။ ဒီျဖစ္စဥ္မွာ ထရန႔္ဟာ စစ္တပ္ကို အကူေစလႊတ္ဖို႔ မသိေယာင္ေဆာင္ေနခဲ့ၿပီး အနီးအနားက ျပည္နယ္ေတြက အရန္တပ္ေတြ ေစလႊတ္ခဲ့လို႔သာ အမတ္ေတြနဲ႔ ဒုသမၼတတို႔ သက္သာရာရခဲ့တာပါ။ ဒီျဖစ္စဥ္ျဖစ္ပြားၿပီးခ်ိန္မွာေတာ့ ထရန႔္ဟာ ႏိုင္ငံတခုခုကို တိုက္ခိုက္ျခင္း (သို႔မဟုတ္) ႏူလက္နက္ပစ္လႊတ္တာေတြ လုပ္ဖို႔ ရာခိုင္ႏႈန္းဟာ တအားမ်ားသြားခဲ့ပါတယ္။ လႊတ္ေတာ္ဥကၠဌ နန္စီပလိုစီက ဗိုလ္ခ်ဳပ္ႀကီး Milley ဆီ ဖုန္းဆက္ၿပီး ထရန႔္က ႐ူးမိုက္တဲ့အမိန႔္တစုံတရာေပးရင္ လိုက္မလုပ္ဖို႔တိုက္တြန္းခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးက က်ေနာ္ဟာ လႊတ္ေတာ္ဥကၠဌႀကီးနဲ႔ တသေဘာထဲရွိေၾကာင္း အေၾကာင္းျပန္ခဲ့ပါတယ္။

ဇန္နဝါရီ ၈ ရက္ေန႔မွာေတာ့ ေထာက္လွမ္းေရးသတင္းေတြအရ တ႐ုတ္စစ္တပ္ဟာ အေတာ္ထိတ္လန႔္ေနပါတယ္။ ထရန႔္ရဲ႕ စိတ္က မတည္ၿငိမ္ပဲ ႏူလက္နက္ပစ္လႊတ္ႏိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္ပါ။ ဗိုလ္ခ်ဳပ္ႀကီး Milley ဟာ စစ္တပ္ကို မိန႔္ခြန္းေျပာခဲ့သလို စာလဲထုတ္ခဲ့ပါတယ္။ အဲဒီမိန႔္ခြန္းကေတာ့ ငါတို႔ဟာ အေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ပါမယ္လို႔ သစၥာျပဳထားတာျဖစ္တယ္။ ငါတို႔ဟာ တိုင္းျပည္နဲ႔ ျပည္သူကို ကာကြယ္ရမယ္။ ဒီအခ်က္ကလြဲၿပီး ဘယ္သူတဦးတေယာက္ကိုမွ သစၥာေစာင့္သိပါမယ္လို႔ က်မ္းက်ိမ္ထားတာ မဟုတ္လို႔ ငါတို႔ဟာ မတရားတဲ့အမိန႔္ေတြကိုနာခံဖို႔ မလိုဘူး လို႔ တပ္တြင္းမွာ စာထုတ္ခဲ့ပါတယ္။

ဇန္နဝါရီလ ၈ ရက္ေန႔မွာပဲ ဗိုလ္ခ်ဳပ္ႀကီး Milley က တ႐ုတ္စစ္ဦးစီးခ်ဳပ္ကို ဖုန္းေခၚၿပီး က်ေနာ္တို႔က ခင္ဗ်ားတို႔ကို ဘယ္စစ္ဆင္ေရးမွ လုပ္မွာမဟုတ္ဘူး လို႔ ကတိေပးခဲ့ပါတယ္။ တ႐ုတ္က အလြန္စိုးရိမ္ေနေပမယ့္ ဗိုလ္ခ်ဳပ္ႀကီးက ဘာမွမျဖစ္ေစရဘူးလို႔ အာမခံခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ဗိုလ္ခ်ဳပ္ႀကီးဟာ ပင္တဂြန္က ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးေတြ၊ ကာကြယ္ေရးဝန္ႀကီးနဲ႔ ေထာက္လွမ္းေရးအဖြဲ႕ေတြနဲ႔ အစည္းအေဝးလုပ္ခဲ့ပါတယ္။ စိတ္မတည္မၿငိမ္ျဖစ္ေနတဲ့ သမၼတတေယာက္ရဲ႕ မတရားတဲ့ စစ္ေရးအမိန႔္တခုအရ ကမာၻႀကီး မပ်က္ဆီးရေအာင္ ကာကြယ္ဖို႔ သူတို႔ သေဘာတူခဲ့ပါတယ္။ သူတို႔ရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္က ဒီစကားေလးမွာ ေပၚလြင္ပါတယ္။

ငါတို႔ဟာ သူ႔(ထရမ့္)ရဲ႕ အတၱတခုအတြက္ တိုက္ခိုက္ၾကၿပီး လူေတြကို သတ္ၾက၊ ကမာၻႀကီးကိုဖ်က္ဆီးရမယ္တဲ့လား
ဒီေလာက္ပါပဲ။ အဲဒီေနာက္မွာေတာ့ ထရမ့္ဟာ ႏူကလီးယားပစ္လႊတ္ဖို႔ စီစဥ္လာၿပီဆိုရင္ ဗိုလ္ခ်ဳပ္ႀကီးမသိပဲ မပစ္လႊတ္ၾကဖို႔ CIA အပါအဝင္ အေမရိကန္စစ္တပ္တခုလုံးက သေဘာတူခဲ့ၾကပါတယ္။ အဲဒီလိုနဲ႔ပဲ ဗိုလ္ခ်ဳပ္ႀကီး Milley ဟာ ဇန္နဝါရီလ ၂၁ရက္ေန႔ အထိ ေတာင့္ခံထားၿပီး ဘိုင္ဒန္ကို သမၼတျဖစ္ေစခဲ့ကာ ကမာၻႀကီးကို တတိယကမာၻစစ္က ေရွာင္လႊဲၿပီး လူသန္းေပါင္းမ်ားစြာကို ကယ္တင္ခဲ့ပါတယ္။

အခုေတာ့ ဒီစာအုပ္ထြက္လာခ်ိန္မွာ ဗိုလ္ခ်ဳပ္ႀကီး Milley ကို ျဖဳတ္ခ်ဖို႔ ရီပတ္ဘလီကန္ေတြက သမၼတဘိုင္ဒန္ဆီကို စာပို႔ၿပီးေတာင္းဆိုေနၾကေပမယ့္ သမၼတကေတာ့ ဗိုလ္ခ်ဳပ္ႀကီးဟာ သူ႔လုပ္ပိုင္ခြင့္ထဲကပဲ လုပ္ခဲ့တာျဖစ္တယ္လို႔ ကာကြယ္ခဲ့ပါတယ္။ ဒါေပမယ့္ လႊတ္ေတာ္မွာေတာ့ စုံစမ္းစစ္ေဆးႏိုင္ဖို႔ လုပ္ေဆာင္ေနၾကပါတယ္။ လႊတ္ေတာ္မွာ စစ္ေဆးခံရရင္ေတာ့ ႏွလုံးသားနဲ႔ ဦးေႏွာက္ကို မွန္မွန္ကန္ကန္ အသုံးခ်တတ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးက ဒီစကားတခြန္းကို ေျပာပါလိမ့္မယ္။
လူတေယာက္ရဲ႕ အတၱထက္ က်ေနာ္ဟာ အေမရိကန္ႏိုင္ငံရဲ႕ ဒီမိုကေရစီ အေျခခံဥပေဒအေပၚ ပိုသစၥာရွိခဲ့ပါတယ္ဗ်ာ
မွန္ကန္တဲ့ သစၥာတရားတခုဟာ ကမာၻႀကီးကိုေကာ လူသန္းေပါင္းမ်ားစြာကိုပါ ကယ္တင္ႏိုင္ခဲ့ပါေၾကာင္း.

crd
Dr.Nay Thway

Unicode
အာဏာရူးတစ်ယောက်ရဲ့ အတ္တထက် တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ် မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး လို့ တပ်တွင်းမှာ စာထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး

ငါတို့ဟာ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ်။ ဒီအချက်ကလွဲပြီး ဘယ်သူတဦးတယောက်ကိုမှ သစ္စာစောင့်သိပါမယ်လို့ ကျမ်းကျိမ်ထားတာ မဟုတ်လို့ ငါတို့ဟာ မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး လို့ တပ်တွင်းမှာ စာထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး

အမေရိကန်နိုင်ငံမှာ လက်ရှိရေပန်းအစားဆုံး ဖြစ်နေတဲ့ကိစ္စကတော့ Peril ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ရွေးကောက်ပွဲရှုံးပီးနောက် ရှုံးမဲမဲပြီး စိတ်ကယောင်ခြောက်ခြားဖြစ်နေတဲ့ Trump ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရေးသားထားတာပါ။ ဒီထဲမှာ အဓိကပြသနာဖြစ်လာရတာကတော့ အမေရိကန်စစ်တပ်ရဲ့ အကြီးဆုံးခေါင်းဆောင်ဖြစ်တဲ့ အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး Mike Milley ရဲ့ အခန်းကဏ္ဍပါပဲ။ သူရဲ့ လုပ်ဆောင်ချက်တွေဟာ အံ့မခန်းပါပဲ။

ပထမဆုံး ထရန့်ဟာ ရွေးကောက်ပွဲရှုံးပီဆိုတာ သေချာတဲ့နောက် ရွေးကောက်ပွဲအဖြေကို ပြောင်းလဲဖို့ ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။ ပြည်နယ်တရားရုံးတွေကို ကန့်ကွက်စာတွေ တင်သလို မဲတွေလဲ ပြန်ရေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အရှုံးက အရှုံးပါပဲ။ ဒီလိုနည်းနဲ့ ရွေးကောက်ပွဲကို အနိုင်ရအောင် ပြန်မလုပ်နိုင်တော့မှာ သေချာသွားတဲ့နောက် ထရန့်ရဲ့နောက်ဆုံး လုပ်ဆောင်မယ့်နည်းက အာဏာသိမ်းဖို့ ကြိုးစားမှုပါပဲ။

ထရန့်ရဲ့ အမာခံတွေက အဲဒီအချိန်က တချိန်လုံး နှပ်ကြောင်းပေးရေးနေခဲ့တဲ့ ရွေးကောက်ခံသမ္မတဘိုင်ဒန်နဲ့ အဖွဲ့ကို ဖမ်းမယ်။ အိုဘားမားတို့ကိုပါ ဖမ်းမယ်။ ထရန့်က သမ္မတဆက်လုပ်မယ်ဆိုတဲ့ နှပ်ကြောင်းပါ။ ဒီအတွက် ထရန့်က စစ်တပ်ကို အသုံးချဖို့လိုလာပါတယ်။ အမေရိကန်ဒီမိုကရေစီစနစ်မှာ သမ္မတက စစ်သေနာပတိပါ။ Commandar in Chief ပါ။

သူ့ထက်ကြီးတဲ့သူ တဦးမှ မရှိပါဘူး။ သူ အမိန့်ပေးရင် တိုက်ရမှာပါ။ ထရန့်ဟာ အဲလိုအတင်းဇွတ်လုပ်ဖို့ မလွယ်တဲ့အခါ အီရန် သို့ တရုတ်ကို နူကလီးယား သို့ အခြားတိုက်ခိုက်မှုတခုခုကို ပြုလုပ်ပြီး တိုင်းပြည်ကို စစ်ပွဲထဲ ခေါ်သွားဖို့လဲ စီစဉ်နေခဲ့ပါတယ်။ လူတွေ အာရုံပြောင်းသွားပြီး သူက အာဏာဆက်ယူနိုင်ဖို့ပါ။ ဒီလိုကာလမှာ စစ်တပ်ရဲ့ အကြီးဆုံးခေါင်းဆောင်ဟာ အရမ်းအရေးပါလာပါတယ်။

ဘိုင်ဒန်ကို သမ္မတအဖြစ် တရားဝင်ရွေးကောက်တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ မှာတော့ ထရန့်ရဲ့ စီစဉ်မှုနဲ့အတူ သူ့ရဲ့ ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းပါတော့တယ်။ ဒီဖြစ်စဉ်မှာ ထရန့်ဟာ စစ်တပ်ကို အကူစေလွှတ်ဖို့ မသိယောင်ဆောင်နေခဲ့ပြီး အနီးအနားက ပြည်နယ်တွေက အရန်တပ်တွေ စေလွှတ်ခဲ့လို့သာ အမတ်တွေနဲ့ ဒုသမ္မတတို့ သက်သာရာရခဲ့တာပါ။ ဒီဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာတော့ ထရန့်ဟာ နိုင်ငံတခုခုကို တိုက်ခိုက်ခြင်း (သို့မဟုတ်) နူလက်နက်ပစ်လွှတ်တာတွေ လုပ်ဖို့ ရာခိုင်နှုန်းဟာ တအားများသွားခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ဗိုလ်ချုပ်ကြီး Milley ဆီ ဖုန်းဆက်ပြီး ထရန့်က ရူးမိုက်တဲ့အမိန့်တစုံတရာပေးရင် လိုက်မလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးက ကျနော်ဟာ လွှတ်တော်ဥက္ကဌကြီးနဲ့ တသဘောထဲရှိကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ထောက်လှမ်းရေးသတင်းတွေအရ တရုတ်စစ်တပ်ဟာ အတော်ထိတ်လန့်နေပါတယ်။ ထရန့်ရဲ့ စိတ်က မတည်ငြိမ်ပဲ နူလက်နက်ပစ်လွှတ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့်ပါ။ ဗိုလ်ချုပ်ကြီး Milley ဟာ စစ်တပ်ကို မိန့်ခွန်းပြောခဲ့သလို စာလဲထုတ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကတော့ ငါတို့ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာပြုထားတာဖြစ်တယ်။ ငါတို့ဟာ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ်။ ဒီအချက်ကလွဲပြီး ဘယ်သူတဦးတယောက်ကိုမှ သစ္စာစောင့်သိပါမယ်လို့ ကျမ်းကျိမ်ထားတာ မဟုတ်လို့ ငါတို့ဟာ မတရားတဲ့အမိန့်တွေကိုနာခံဖို့ မလိုဘူး လို့ တပ်တွင်းမှာ စာထုတ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ ဗိုလ်ချုပ်ကြီး Milley က တရုတ်စစ်ဦးစီးချုပ်ကို ဖုန်းခေါ်ပြီး ကျနော်တို့က ခင်ဗျားတို့ကို ဘယ်စစ်ဆင်ရေးမှ လုပ်မှာမဟုတ်ဘူး လို့ ကတိပေးခဲ့ပါတယ်။ တရုတ်က အလွန်စိုးရိမ်နေပေမယ့် ဗိုလ်ချုပ်ကြီးက ဘာမှမဖြစ်စေရဘူးလို့ အာမခံခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးဟာ ပင်တဂွန်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊ ကာကွယ်ရေးဝန်ကြီးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ စိတ်မတည်မငြိမ်ဖြစ်နေတဲ့ သမ္မတတယောက်ရဲ့ မတရားတဲ့ စစ်ရေးအမိန့်တခုအရ ကမ္ဘာကြီး မပျက်ဆီးရအောင် ကာကွယ်ဖို့ သူတို့ သဘောတူခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က ဒီစကားလေးမှာ ပေါ်လွင်ပါတယ်။

ငါတို့ဟာ သူ့(ထရမ့်)ရဲ့ အတ္တတခုအတွက် တိုက်ခိုက်ကြပြီး လူတွေကို သတ်ကြ၊ ကမ္ဘာကြီးကိုဖျက်ဆီးရမယ်တဲ့လား
ဒီလောက်ပါပဲ။ အဲဒီနောက်မှာတော့ ထရမ့်ဟာ နူကလီးယားပစ်လွှတ်ဖို့ စီစဉ်လာပြီဆိုရင် ဗိုလ်ချုပ်ကြီးမသိပဲ မပစ်လွှတ်ကြဖို့ CIA အပါအဝင် အမေရိကန်စစ်တပ်တခုလုံးက သဘောတူခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ ဗိုလ်ချုပ်ကြီး Milley ဟာ ဇန်နဝါရီလ ၂၁ရက်နေ့ အထိ တောင့်ခံထားပြီး ဘိုင်ဒန်ကို သမ္မတဖြစ်စေခဲ့ကာ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်က ရှောင်လွှဲပြီး လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့ပါတယ်။

အခုတော့ ဒီစာအုပ်ထွက်လာချိန်မှာ ဗိုလ်ချုပ်ကြီး Milley ကို ဖြုတ်ချဖို့ ရီပတ်ဘလီကန်တွေက သမ္မတဘိုင်ဒန်ဆီကို စာပို့ပြီးတောင်းဆိုနေကြပေမယ့် သမ္မတကတော့ ဗိုလ်ချုပ်ကြီးဟာ သူ့လုပ်ပိုင်ခွင့်ထဲကပဲ လုပ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်မှာတော့ စုံစမ်းစစ်ဆေးနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ လွှတ်တော်မှာ စစ်ဆေးခံရရင်တော့ နှလုံးသားနဲ့ ဦးနှောက်ကို မှန်မှန်ကန်ကန် အသုံးချတတ်တဲ့ ဗိုလ်ချုပ်ကြီးက ဒီစကားတခွန်းကို ပြောပါလိမ့်မယ်။
လူတယောက်ရဲ့ အတ္တထက် ကျနော်ဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံဥပဒေအပေါ် ပိုသစ္စာရှိခဲ့ပါတယ်ဗျာ
မှန်ကန်တဲ့ သစ္စာတရားတခုဟာ ကမ္ဘာကြီးကိုကော လူသန်းပေါင်းများစွာကိုပါ ကယ်တင်နိုင်ခဲ့ပါကြောင်း.

crd
Dr.Nay Thway
Crd

Crd

arkarta