အာဏာသိမ်းခံရမှာ စိုးရိမ်နေတဲ့ သမ္မတ ပူတင်က မော်စကိုမြို့မှာ အထူးတပ်ဖွဲ့ ဖြန့်ကြက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးနေ..

အာဏာသိမ်းခံရမှာ စိုးရိမ်နေတဲ့ သမ္မတ ပူတင်က မော်စကိုမြို့မှာ အထူးတပ်ဖွဲ့ ဖြန့်ကြက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးနေ..

သမ္မတ ဗလာဒီမာပူတင်က အာဏာသိမ်းမှုတစ်ခုအတွင်း ဖြုတ်ချခံရမှာ စိုးရိမ်တဲ့အတွက် မော်စကိုမြို့ တော်မှာ လုံခြုံရေးတင်းကျပ်ဖို့ ရုရှားအထူးတပ်ဖွဲ့ကို ဖြန့်ကြက်ထားတယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

ပူတင်က အာဏာသိမ်းခံရမှာ စိုးရိမ်တဲ့အတွက် ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ ODON အထူးတပ်ဖွဲ့က သံသယရှိသူ စစ်သားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့

ယူကရိန်းထောက်လှမ်းရေး တာဝန်ရှိသူတွေက အ တည်မပြုနိုင်တဲ့ သတင်းတွေကိုကိုးကားပြီး ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။မော်စကိုမြို့တော်ဝန်းကျင်မှာ တပ်ဖွဲ့အားလုံးကို အမြင့်ဆုံးအဆင့်

တပ်လှုန့်ထားတယ်လို့ ရုရှားမီဒီယာ တွေက ဖော်ပြကြပြီး ယူကရိန်းနိုင်ငံရဲ့ ပြောကြားချက်ကို ပယ်ချခဲ့ပါတယ်။ယူကရိန်းနိုင်ငံရဲ့ သံသယဖြစ်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုမှာ ရုရှားနဲ့ ခရိုင်းမီးယားကို

ဆက်သွယ်ပေးထား တဲ့ တံတားတစ်စင်း ဗုံးခွဲခံရပြီးနောက် နာရီအနည်းငယ်အကြာမှာ အခုလိုသတင်းတွေ ထွက်လာခဲ့တာပါ။ယူကရိန်း တာဝန်ရှိသူတွေက တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ဖော်မပြောပေမယ့်

ဗုံးခွဲမှုဟာ ရုရှားနိုင်ငံ အတွင်း အာဏာလုတဲ့ရလဒ်ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူအချို့က ပြောပါတယ်။ODON အထူးတပ်ဖွဲ့ကို မော်စကိုမြို့တော်သို့ ရွှေ့ပြောင်းခြင်းက သမ္မတ ပူတင်ရဲ့ အာဏာရလူတန်းစားနဲ့

စစ်တပ်အကြီးပိုင်းကြား သဘောထားကွဲလွဲမှုရှိနေတာကို ပြသတာဖြစ်တယ်လို့ ယူကရိန်းသတင်းတွေက ဖော်ပြပါ တယ်။Separate Operational Purpose Division လို့ ခေါ်တဲ့ ODON ဟာ ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ရဲ့

အထူးလုံခြုံရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ အဲဒီ အထူးတုံ့ပြန်မှုတပ်ဖွဲ့ကို တပ်ဖွဲ့ဝင် ၁၈၀၀၀ နဲ့ဖွဲ့စည်းထားပြီး ဗိုလ် ချုပ် နီကိုလိုင်းကူနက်ဇော့ဗ်က ဉီးဆောင်ပါတယ်။

ODON အထူးတပ်ဖွဲ့ကို မော်စကိုမြို့တော်မှာ ဖြန့်ကြက်ပြီးတဲ့နောက် မြောက်များလှစွာသော ဖမ်းဆီးမှု တွေ၊ ထိန်းသိမ်းမှုတွေနဲ့ ပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

Crd..Ayeyarwaddy Times

Unicode











Crd..Ayeyarwaddy Times

Crd

Crd

arkarta