အာကာသထဲရှိ နေ၏ စွမ်းအင်ကို ယူပြီး ကမ္ဘာ‌မြေသို့ ပို့လွှတ်ဖို့စီစဉ်နေတဲ့ တရုတ်နည်းပညာ..

အာကာသထဲရှိ နေ၏ စွမ်းအင်ကို ယူပြီး ကမ္ဘာ‌မြေသို့ ပို့လွှတ်ဖို့စီစဉ်နေတဲ့ တရုတ်နည်းပညာ..

အာကာသအခြေစိုက် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ် လွှတ်တင်ရေး အစီအစဉ်ကို တရုတ်နိုင်ငံက အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရပါတယ်။

အာကာသအခြေစိုက် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ့စနစ် တည်ဆောက်ရေး စီမံကိန်းရဲ့ ပထမခြေလှမ်းအဖြစ် ၂၀၂၈ ခုနှစ်မှာ နည်းပညာစမ်းသပ် ဂြိုဟ်တုတစ်စင်း လွတ်တင်ဖို့ တရုတ်အမျိုးသား အာကာသ အေဂျင်စီက စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဂြိုဟ်တုဟာ နေစွမ်းအင်ကို မိုက်ခရိုဝေ့များအဖြစ် သို့မဟုတ် လေဆာရောင်ခြည်အဖြစ် ပြောင်းလဲကာ ကမ္ဘာမြေနှင့် ရွေ့လျားနေသော ဂြိုဟ်တုများထံ စမ်းသပ် ပို့လွှတ်မည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။

တရုတ်သိပ္ပံပညာရှင်များရဲ့ အစီအစဉ်အရ အာကာသအခြေစိုက် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်ဟာ ကမ္ဘာမြေပြင်အထက် အမြင့် ၂၄၈ မိုင် အကွာရှိ ပတ်လမ်းပေါ်မှာ နေရာယူပြီး နေစွမ်းအင်ကို မိုက်ခရိုဝေ့ စွမ်းအင်၊ လေဆာစွမ်းအင်များဖြင့် အသွင်ပြောင်းပေးပြီးနောက် ကြိုးမဲ့ စွမ်းအင်လွှဲပြောင်းမှုစနစ်ဖြင့် ကမ္ဘာ မြေကို စွမ်းအင်များ ပေးပို့မည်ဖြစ် ကြောင်း သိရပါတယ်။

သို့သော် နေစွမ်းအင်ကို မိုက်ခရိုဝေ့ စွမ်းအင်အဖြစ် ပြောင်းလဲ၍ ပို့ပေးပါက ကမ္ဘာ့လေထုလွှာကို ဖြတ်သန်းချိန်မှာ စွမ်းအင်ဆုံးရှုံးမှုနှုန်း လျော့နည်းသွားနိုင်ကြောင်း တရုတ် သိပ္ပံပညာရှင်များက ယူဆထားကြပါတယ်။

အာကာသအခြေစိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ် သဘောတရားကို အမေရိကန်အစိုးရ အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ)က လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် အဆိုပြုခဲ့သော်လည်း လက်တွေ့မှာအကောင်အထည်ဖော်နိုင်မှု မရှိသေးကြောင်း သိရပါတယ်။

Crd..Knight News

Unicode








Crd..Knight News

Crd

Crd

arkarta