အာကာသထဲမှာ ကြော်ငြာတွေကို မြင်တွေ့ရတော့မယ်

အာကာသထဲမှာ ကြော်ငြာတွေကို မြင်တွေ့ရတော့မယ်

တောင်အာဖရိက ဘီလျံနာ အီလွန်မတ်ခ်ဟာ လုံးဝခေတ်ရေှ့ပြေးတွေကို စီစဉ်နေပါတယ်။ အခုတခေါက်မှာလည်း သူများနဲ့လုံးဝမတူတဲ့အိုင်ဒီယာကို ဖော်ဆောင်ဖို့ GEC ဆိုတဲ့ ကနေဒါအခြေစိုက်နည်းပညာကုမ္ပဏီတခုနဲ့လက်တွဲလိုက်ပြီး၊ ဂြိုဟ်တုအကြီးစားကြီးတခုကို ဆောက်ဖို့ ပြင်နေပါတယ်။

ဘာဖြစ်မလဲဆိုတာမသိပေမဲ့ GEC ရဲ့ စီအီးအို ဆန်မြူရယ် ရိဒ်က အရိပ်အမြွက်ပြောကြားထားချက်အရ ဒီဂျစ်တယ်ဘေလ်ဘုတ်တခုကို တည်ဆောက်မှာပါ။ နာမည်တောင်အဆန်းလေး ကျူ့ဆက် (CubeSat)လို့ပေးထားလိုက်ပါပြီ။ နောက်နှစ်မှာ ဖယ်လ်ကွန်နိုင်း ရော့ကတ်နဲ့ အာကာသထဲတင်မှာဖြစ်ပါတယ်။

ဘေလ်ဘုတ်ဆိုတဲ့အတိုင်း မြို့ကြီးတွေရဲ့လမ်းမမှာမြင်ဖူးနေကြ တီဗီအကြီးကြီးတခု ဖြစ်လာပါလိမ့်မယ်။ သတင်းလွှင့်တာကအစ ကြော်ငြာတာအဆုံး အကုန်လုပ်နိုင်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်က ပရိသတ်တွေဟာ ကောင်းကင်မှာ တီဗီကြည့်နေရတဲ့အနာဂတ်တခုကို မကြာခင်မှာ မြင်လာရဖို့ရှိနေပါတယ်။

စီအီးအို ရိဒ်က ကြော်ငြာနှုန်းထားကောက်ခံမယ့်ပုံစံကိုလည်း သတ်မှတ်ထားပြီးပြီလို့ဆိုပါတယ်။ ကြော်ငြာမယ့်သူတွေဟာ ကိုဩဒီနိတ်၊ အလင်းရောင်တောက်ပမှု၊ ကာလာအမျိုးအစား၊ အချိန်ဘယ်လောက်ဆိုတာတွေရွေးချယ်နိုင်ပါမယ်။ ဒါမှသာ ကမ္ဘာတခွင်ကို စိတ်ကြိုက်ကြော်ငြာနိုင်မှာပါ။

ဉပမာ မြန်မာကိုကြော်ငြာဖို့ဆိုရင် မြန်မာပြည်တည်နေရာ ကိုဩဒီနိတ်၊ အလင်းရောင်တောက်တောက်၊ ကြာချိန် တနာရီ၊ ကာလာအဖြူအမည်းမဟုတ် စတာတွေဖြစ်လာတော့မှာပါ။ သေချာမသိရသေးတာက ဘေလ်ဘုတ်ဟာ စခရင်ဘယ်လောက်အရွယ်အစားကို ဖန်တီးနိုင်မှာလဲဆိုတာပါ။

လက်ရှိတွစ်တာမှာ အီလွန်မတ်ခ်တင်ထားတဲ့ပုံတွေအရဆိုရင် ပစ်လွှတ်သမျှထဲအကြီးဆုံးဖြစ်ဖို့ရှိနေပါတယ်။ လကမ္ဘာကိုလူသားတွေ ခရီးသွားဖို့တောင် စီစဉ်ထားနိုင်ပြီဖြစ်တဲ့ SpaceX ရဲ့အခုအကြံသာ အောင်မြင်သွားခဲ့ရင် ကမ္ဘာကျော်ဘရန်းကြီးတွေဟာ သူထက်ငါအပြိုင်အဆိုင်ကြော်ငြာဖို့ရှိနေပါတယ်။

ဘယ်လိုဖြစ်လာမလဲက အီလွန်မတ်ခ် လွှင့်တင်မယ့်ပရောဂျက်ကို စောင့်ကြည့်ရမှာပါပဲ။
AKT
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အာကာသထဲမွာ ေၾကာ္ျငာေတြကို ျမင္ေတြ႕ရေတာ့မယ္

ေတာင္အာဖရိက ဘီလ်ံနာ အီလြန္မတ္ခ္ဟာ လုံးဝေခတ္ေရွ႕ေျပးေတြကို စီစဥ္ေနပါတယ္။ အခုတေခါက္မွာလည္း သူမ်ားနဲ႔လုံးဝမတူတဲ့အိုင္ဒီယာကို ေဖာ္ေဆာင္ဖို႔ GEC ဆိုတဲ့ ကေနဒါအေျခစိုက္နည္းပညာကုမၸဏီတခုနဲ႔လက္တြဲလိုက္ၿပီး၊ ၿဂိဳဟ္တုအႀကီးစားႀကီးတခုကို ေဆာက္ဖို႔ ျပင္ေနပါတယ္။

ဘာျဖစ္မလဲဆိုတာမသိေပမဲ့ GEC ရဲ့ စီအီးအို ဆန္ျမဴရယ္ ရိဒ္က အရိပ္အႁမြက္ေျပာၾကားထားခ်က္အရ ဒီဂ်စ္တယ္ေဘလ္ဘုတ္တခုကို တည္ေဆာက္မွာပါ။ နာမည္ေတာင္အဆန္းေလး က်ဴ႕ဆက္ (CubeSat)လို႔ေပးထားလိုက္ပါၿပီ။ ေနာက္ႏွစ္မွာ ဖယ္လ္ကြန္နိုင္း ေရာ့ကတ္နဲ႔ အာကာသထဲတင္မွာျဖစ္ပါတယ္။

ေဘလ္ဘုတ္ဆိုတဲ့အတိုင္း ၿမိဳ႕ႀကီးေတြရဲ့လမ္းမမွာျမင္ဖူးေနၾက တီဗီအႀကီးႀကီးတခု ျဖစ္လာပါလိမ့္မယ္။ သတင္းလႊင့္တာကအစ ေၾကာ္ျငာတာအဆုံး အကုန္လုပ္နိုင္မွာျဖစ္ၿပီး၊ ကမၻာေပၚက ပရိသတ္ေတြဟာ ေကာင္းကင္မွာ တီဗီၾကည့္ေနရတဲ့အနာဂတ္တခုကို မၾကာခင္မွာ ျမင္လာရဖို႔ရွိေနပါတယ္။

စီအီးအို ရိဒ္က ေၾကာ္ျငာႏႈန္းထားေကာက္ခံမယ့္ပုံစံကိုလည္း သတ္မွတ္ထားၿပီးၿပီလို႔ဆိုပါတယ္။ ေၾကာ္ျငာမယ့္သူေတြဟာ ကိုဩဒီနိတ္၊ အလင္းေရာင္ေတာက္ပမႈ၊ ကာလာအမ်ိဳးအစား၊ အခ်ိန္ဘယ္ေလာက္ဆိုတာေတြေရြးခ်ယ္နိုင္ပါမယ္။ ဒါမွသာ ကမၻာတခြင္ကို စိတ္ႀကိဳက္ေၾကာ္ျငာနိုင္မွာပါ။

ဉပမာ ျမန္မာကိုေၾကာ္ျငာဖို႔ဆိုရင္ ျမန္မာျပည္တည္ေနရာ ကိုဩဒီနိတ္၊ အလင္းေရာင္ေတာက္ေတာက္၊ ၾကာခ်ိန္ တနာရီ၊ ကာလာအျဖဴအမည္းမဟုတ္ စတာေတြျဖစ္လာေတာ့မွာပါ။ ေသခ်ာမသိရေသးတာက ေဘလ္ဘုတ္ဟာ စခရင္ဘယ္ေလာက္အရြယ္အစားကို ဖန္တီးနိုင္မွာလဲဆိုတာပါ။

လက္ရွိတြစ္တာမွာ အီလြန္မတ္ခ္တင္ထားတဲ့ပုံေတြအရဆိုရင္ ပစ္လႊတ္သမၽွထဲအႀကီးဆုံးျဖစ္ဖို႔ရွိေနပါတယ္။ လကမၻာကိုလူသားေတြ ခရီးသြားဖို႔ေတာင္ စီစဥ္ထားနိုင္ၿပီျဖစ္တဲ့ SpaceX ရဲ့အခုအႀကံသာ ေအာင္ျမင္သြားခဲ့ရင္ ကမၻာေက်ာ္ဘရန္းႀကီးေတြဟာ သူထက္ငါအၿပိဳင္အဆိုင္ေၾကာ္ျငာဖို႔ရွိေနပါတယ္။

ဘယ္လိုျဖစ္လာမလဲက အီလြန္မတ္ခ္ လႊင့္တင္မယ့္ပေရာဂ်က္ကို ေစာင့္ၾကည့္ရမွာပါပဲ။
AKT
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။