အသံထက်မြန်သောလေယာဉ်များ၏သမိုင်း

အသံထက်မြန်သောလေယာဉ်များ၏သမိုင်း

ကမ္ဘာ့ပထမဆုံး အသံထက်မြန်သော ပျံသန်းမှု(Supersonic flight)ဟာ ၁၉၄၇ခုနှစ် အောက်တိုဘာ ၁၄ရက်မှာ ပျံသန်းခဲ့ပါတယ်။ Test Pilot Charles Chuck Ragerဟာ 1.06 machရောက်အောင် ပျံသန်းခဲ့ပြီး rocket mortarဟာ လောင်စာကုန်ခန်းသောကြောင့် glideပြုလုပ်ကာ ဆင်းသက်ခဲ့ပါတယ်။ ထိုသည်မှာ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသည့် ပထမဆုံးသော အသံထက်မြန်သည့်ပျံသန်းမှု(First Supersonic Flight)ဖြစ်ပါတယ်။

ပထမဆုံးသော Supersonicတိုက်လေယာဉ်သည် အမေရိကန်လေတပ်မှ ထုတ်လုပ်သည့် F-100 Super Sabreဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် မေလ ၂၅ရက်နေ့တွင် ပထမဆုံးစမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး အသံထက် ၁.၃ဆ(1.3mach)အထိ ပျံသန်းနိုင်ပါတယ်။

ဒုတိယမြောက်နဲ့ ဆိုဗီယက်ရဲ့ ပထမဆုံးသော အသံထက်မြန်သည့် တိုက်လေယာဉ်ဖြစ်သည့် MiG-19သည် F-100ပထမဆုံးစမ်းသပ်ပျံသန်းမှုအပြီး ၂ရက်အကြာ ၁၉၅၃ခုနှစ် မေလ ၂၇ရက်နေ့တွင် ပထမဆုံးလေထဲသို့ ပျံတက်နိုင်ခဲ့သည်။ MiG-19တိုက်လေယာဉ်သည် အမြန်ဆုံး အသံထက် ၁.၂၂ဆ(1.22mach)ထိ ပျံသန်းနိုင်ပါသည်။ ဥရောပ၏ပထမဆုံးသော အသံထက်မြန်သည့် တိုက်လေယာဉ်မှာ ပြင်သစ်နိုင်ငံထုတ် Super Mystereတိုက်လေယာဉ်ဖြစ်ပါတယ်။ အသံထက် ၁.၁၂ဆ(1.12mach)ထိ ပျံနိုင်သော ထို Super Mystere တိုက်လေယာဉ်ဖြင့် အစ္စရေးတိုက်လေသူရဲဖြစ်သူ Aharon Yalo Schaveetသည် ၁၉၅၆ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် အီဂျစ်လေတပ်၏ ဗြိတိန်နိုင်ငံထုတ် Gloster Meteor တိုက်လေယာဉ်အားပစ်ချမှုသည် ကမ္ဘာ့ပထမဆုံး အသံထက်မြန်သောနှုန်းဖြင့် တိုက်ခိုက်မှု(First Supersonic Attack)ဖြစ်သည်။

ထိုနောက်ပိုင်းတွင် ပို၍မြန်သော အသံထက်မြန်သော တိုက်လေယာဉ်များကို ထုတ်လုပ်လာနိုင်ခဲ့ပြီး အသံထက် ၃ဆကျော်ပျံသန်းမှုများအထိ ပြင်းထန်သော speed racingကို ဖြစ်ပေါ်ခဲ့ပေသည်။ ၁၉၆၇ခုနှစ် အောက်တိုဘာလတွင် test pilot William Knightမောင်းနှင်သော X-15လေယာဉ်သည် အသံထက် ၆.၇ဆအထိ ပျံသန်းကာ အသံလွန်ပျံသန်းမှု(Hypersonic Flight)ကို ပျံသန်းနိုင်ခဲ့သည်။

တချို့သော လေယာဉ်များသည် wind tunnel စမ်းသပ်မှုတွင်သာ Supersonic flightကို ရောက်ရှိခဲ့သော်လည်း လက်တွေ့ပျံသန်းမှုတွင် အသံလှိုင်း(sound barrier)ကို ဖြတ်သန်းနိုင်ခဲ့ခြင်းမရှိပေ။ အမေရိကန်၏ F-102တိုက်လေယာဉ်သည် အသံထက် ၁.၂၅ဆဖြင့် ပျံသန်းနိုင်သည်ဟုဆိုသော်လည်း မည်သည့်လေသူရဲကမှ ရေပြင်ညီပျံသန်းမှုတွင် အသံအလျှင်နှုန်း ၀.၉၅ဆ(0.95mach)ထက် ပျံသန်းနိုင်ခြင်းမရှိပေ။ သို့သော်လည်း F-102တိုက်လေယာဉ်ကို ယနေ့ထိ Supersonic တိုက်လေယာဉ်အဖြစ် အသိအမှတ်ပြုထားပေသည်။
Credit Original Uploader