■တရုတ်က ကမ္ဘာတစ်ဝန်းမှ မျိုးရိုးဗီဇအချက်အလက်များကို စုဆောင်းနေဟု အမေရိကန်က သတိပေး

တရုတ်အစိုးရသည် ကမ္ဘာတစ်ဝန်းမှ မျိုးရိုးဗီဇအချက်အလက်များကို စုဆောင်းခြင်းဖြင့် ကမ္ဘာ့အကြီးဆုံး အချက်အလက်သိုမှီးသည့်ဘဏ်ကို ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
ဉာဏ်ရည်တု၊ ကွမ်တမ်တွက်ချက်မှုနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အပါအဝင် ဇီဝစီးပွားရေးနှင့် ပတ်သက် သည့် နည်းပညာအားလုံးရယူရန် လိုအပ်ကြောင်း အမျိုးသား တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာကို ကိုးကား၍ The HK Post သတင်းစာက ဖော်ပြခဲ့သည်။

“တရုတ်နဲ့ အခြားနိုင်ငံတွေက ဒီနည်းပညာတွေမှာ အသာစီးရဖို့ ကြိုးစားနေပြီး အမေရိကန်နည်းပညာကို ရရှိဖို့ တရားဝင်နည်းလမ်းသာမက တရားမဝင်တဲ့ နည်းလမ်းတွေကိုပါ အသုံးပြုနေပါတယ်” ဟု တန်ပြန် ထောက်လှမ်း ရေးဌာန၏ ယာယီညွှန်ကြားရေးမှူး မိုက်ကယ်အော်လန်ဒိုကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။

ဇီဝစီးပွားရေးနည်းပညာ၏ အသုံးချနိုင်မှုနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြချက်တွင် ဉာဏ်ရည်တုနှင့် စက်အသုံးပြုသင်ယူမှုတို့သည် စစ်ရေးစစ်ဆင်ရေးများကို ပြောင်းလဲပစ်နိုင်သည့် အလားအလာရှိသည်ဟု သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် ယခုအချိန်အထိ ကမ္ဘာပေါ်တွင်တည်ရှိနေသည့် အခက်ဆုံး ကုဒ်ဝှက် စနစ်ကို နိုင်ငံများက ကွမ်တမ်တွက်ချက်မှုဖြင့် တွက်ချက်နိုင်မည်ဖြစ်သည်။
ကမ္ဘာ တစ်ဝန်းမှ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးအချက်အလက်များအပါအဝင် မျိုးရိုးဗီဇအချက် အလက် များကို တရုတ်က စုဆောင်းနေကြောင်း ထွန်းသစ်စနှင့် အဖျက်နည်းပညာများဆိုင်ရာ အမျိုးသားထောက်လှမ်း ရေးအရာရှိ အက်ဝါ့ဒ်ယိုက ပြောကြားခဲ့သည်ဟု NYT က ဖော်ပြခဲ့သည်။

တရုတ်ပြည်ရှိ လူနည်းစုဝီဂါမွတ်စလင်များအပေါ် တရုတ်၏ မျိုးရိုးဗီဇစစ်ဆေးမှုဆိုင်ရာ ၂၀၁၉ ခုနှစ် အစီရင် ခံစာကို ကိုးကားပြီး တရုတ်က မျိုးရိုးဗီဇအချက်အလက်ကို အလွဲသုံးစားလုပ်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ကြောင်း ယိုက ပြောကြားခဲ့သည်ဟု သတင်းစာက ထည့်သွင်းရေးသားထားသည်။
“သူတို့က ကမ္ဘာ့အကြီးဆုံး ဇီဝအချက်အလက်ဘဏ်ကို ပြုစုနေပါတယ်။ ခင်ဗျားရဲ့ မျိုးရိုးဗီဇအချက်အလက်ကို သူတို့ရသွားတာနဲ့ အဲဒါဟာ ပင်နံပါတ်ပြောင်းသလို မပြောင်းလဲနိုင်ပါဘူး” ဟု ယို၏ ပြောကြားချက်ကို NYT မှ ကိုးကား ဖော်ပြခဲ့သည်။

By The HK Post 29 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■တ႐ုတ္က ကမၻာတစ္ဝန္းမွ မ်ိဳးရိုးဗီဇအခ်က္အလက္မ်ားကို စုေဆာင္းေနဟု အေမရိကန္က သတိေပး

29-October-2021
တ႐ုတ္အစိုးရသည္ ကမၻာတစ္ဝန္းမွ မ်ိဳးရိုးဗီဇအခ်က္အလက္မ်ားကို စုေဆာင္းျခင္းျဖင့္ ကမၻာ့အႀကီးဆုံး အခ်က္အလက္သိုမွီးသည့္ဘဏ္ကို ျပဳလုပ္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။
ဉာဏ္ရည္တု၊ ကြမ္တမ္တြက္ခ်က္မႈႏွင့္ တစ္ပိုင္းလၽွပ္ကူးပစၥည္းမ်ား အပါအဝင္ ဇီဝစီးပြားေရးႏွင့္ ပတ္သက္ သည့္ နည္းပညာအားလုံးရယူရန္ လိုအပ္ေၾကာင္း အမ်ိဳးသား တန္ျပန္ေထာက္လွမ္းေရးႏွင့္ လုံျခဳံေရးစင္တာကို ကိုးကား၍ The HK Post သတင္းစာက ေဖာ္ျပခဲ့သည္။

“တ႐ုတ္နဲ႔ အျခားနိုင္ငံေတြက ဒီနည္းပညာေတြမွာ အသာစီးရဖို႔ ႀကိဳးစားေနၿပီး အေမရိကန္နည္းပညာကို ရရွိဖို႔ တရားဝင္နည္းလမ္းသာမက တရားမဝင္တဲ့ နည္းလမ္းေတြကိုပါ အသုံးျပဳေနပါတယ္” ဟု တန္ျပန္ ေထာက္လွမ္း ေရးဌာန၏ ယာယီညႊန္ၾကားေရးမႉး မိုက္ကယ္ေအာ္လန္ဒိုကို ကိုးကား၍ သတင္းစာက ေဖာ္ျပခဲ့သည္။

ဇီဝစီးပြားေရးနည္းပညာ၏ အသုံးခ်နိုင္မႈႏွင့္ပတ္သက္၍ အေသးစိတ္ေဖာ္ျပခ်က္တြင္ ဉာဏ္ရည္တုႏွင့္ စက္အသုံးျပဳသင္ယူမႈတို႔သည္ စစ္ေရးစစ္ဆင္ေရးမ်ားကို ေျပာင္းလဲပစ္နိုင္သည့္ အလားအလာရွိသည္ဟု သတင္းစာက ေဖာ္ျပခဲ့သည္။
ထို႔ျပင္ ယခုအခ်ိန္အထိ ကမၻာေပၚတြင္တည္ရွိေနသည့္ အခက္ဆုံး ကုဒ္ဝွက္ စနစ္ကို နိုင္ငံမ်ားက ကြမ္တမ္တြက္ခ်က္မႈျဖင့္ တြက္ခ်က္နိုင္မည္ျဖစ္သည္။
ကမၻာ တစ္ဝန္းမွ ေဆးဘက္ဆိုင္ရာႏွင့္ က်န္းမာေရးအခ်က္အလက္မ်ားအပါအဝင္ မ်ိဳးရိုးဗီဇအခ်က္ အလက္ မ်ားကို တ႐ုတ္က စုေဆာင္းေနေၾကာင္း ထြန္းသစ္စႏွင့္ အဖ်က္နည္းပညာမ်ားဆိုင္ရာ အမ်ိဳးသားေထာက္လွမ္း ေရးအရာရွိ အက္ဝါ့ဒ္ယိုက ေျပာၾကားခဲ့သည္ဟု NYT က ေဖာ္ျပခဲ့သည္။

တ႐ုတ္ျပည္ရွိ လူနည္းစုဝီဂါမြတ္စလင္မ်ားအေပၚ တ႐ုတ္၏ မ်ိဳးရိုးဗီဇစစ္ေဆးမႈဆိုင္ရာ ၂၀၁၉ ခုႏွစ္ အစီရင္ ခံစာကို ကိုးကားၿပီး တ႐ုတ္က မ်ိဳးရိုးဗီဇအခ်က္အလက္ကို အလြဲသုံးစားလုပ္ခဲ့သည့္ သမိုင္းေၾကာင္းရွိခဲ့ေၾကာင္း ယိုက ေျပာၾကားခဲ့သည္ဟု သတင္းစာက ထည့္သြင္းေရးသားထားသည္။
“သူတို႔က ကမၻာ့အႀကီးဆုံး ဇီဝအခ်က္အလက္ဘဏ္ကို ျပဳစုေနပါတယ္။ ခင္ဗ်ားရဲ့ မ်ိဳးရိုးဗီဇအခ်က္အလက္ကို သူတို႔ရသြားတာနဲ႔ အဲဒါဟာ ပင္နံပါတ္ေျပာင္းသလို မေျပာင္းလဲနိုင္ပါဘူး” ဟု ယို၏ ေျပာၾကားခ်က္ကို NYT မွ ကိုးကား ေဖာ္ျပခဲ့သည္။

By The HK Post 29 October 2021
crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။