အသီးမျိုးပေါင်း ၄၀ ပါဝင်သီးပွင့်တဲ့ သစ်ပင်တစ်မျိုးကို တီထွင်စိုက်ပျိုးခဲ့တဲ့ အမျိုးသားတစ်ဦး

လူတော်တော်များများဟာ အပင်ပေါ်ကနေခူးတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို ပိုကြိုက်နှစ်သက်တတ်ကြပါတယ်။ သို့ပေမဲ့ မတူညီတဲ့အသီးအနှံအပင်များစွာကို စိုက်ပျိုးခြင်းက မြေနေရာများစွာ လိုအပ်ပြီး သန့်ရှင်းရေးနှင့် သစ်ပင်တစ်ခုလုံးကို ပြုပြင်ထိန်းသိမ်းရတာကြောင့် လွယ်ကူတဲ့အလုပ်မဟုတ်နေပါဘူး။ သို့ပေမဲ့ Sam Van Aken အမည်ရှိတီထွင်ဖန်တီးသူတစ်ဦးဟာ သင့်ကိုယ်ပိုင်အသီးအနှံများကို ပိုမိုလွယ်ကူစွာ စိုက်ပျိုးနိုင်စေမည့် အဖြေတစ်ခုအတွက် အသီးပေါင်း 40 မျိုးပါဝင်တဲ့ အသီးပင်ကိုဖန်တီးခဲ့ပါတယ်။ ၎င်း အသီးအမျိုးပေါင်း ၄၀ ပါဝင်တဲ့သစ်ပင်မှာ မက်မွန်သီး၊ ဇီးသီး၊ apricots ၊ nectarine ၊ ချယ်ရီသီးနှင့် ဗာဒံစေ့များလည်း အပါအဝင်ပေါက်ရောက်ကြပါတယ်။ ဤလှပတဲ့သစ်သီး ၄၀ သစ်ပင်ဟာ အသီးအနှံမျိုးစုံကိုထုတ်ပေးရုံသာမက နွေဦးနှင့်နွေရာသီတစ်လျှောက်လုံးမှာ တစ်ပင်လုံး ပန်းရောင်သန်းသွားတာကို ကြည့်ရှုရတာကလည်း ရင်သပ်ရှုမောဖွယ်ကောင်းနေပါတယ်။

Van Aken ဟာ ၎င်းသစ်ပင်ကို မျိုးရိုးဗီဇဆင်တူသောအပင်နှစ်ပင်ကို ပေါင်းစည်းခြင်းနည်းပညာတစ်ခုဖြစ်သည့် စိုက်ခြင်းအကြောင်း ဦးစွာလေ့လာခဲ့သည့် Pennsylvania ပြည်နယ်ရှိ စိုက်ခင်းတစ်ခုမှာ စိုက်ပျိုးခဲ့တာပါ။ Van Aken ဟာ မျိုးကွဲများစွာရှိတာကြောင့် အခွံမာသီးများကို ပထမဆုံး အာရုံစိုက်ခဲ့ပြီး ၎င်းတို့အားလုံးက မျိုးရိုးဗီဇအရ အတူစိုက်ပျိုးရလောက်အောင် ဆင်တူတာကြောင့် သူ့ရဲ့ အသီးပေါင်း ၄၀ ပင်ကို စတင်စမ်းသပ်စိုက်ပျိုးခဲ့တာဘဲဖြစ်ပါတယ်။

၎င်းသစ်ပင်များက သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခုကဲ့သို့ အသွင်အပြင်ဖြင့် စတင်ခဲ့ပေမဲ့ ပုံမှန်သစ်ပင်တစ်ပင်လိုဘဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၎င်းသစ်ပင်ဟာ နွေဦးမှာ အရွက်များ ပွင့်လန်းလာတဲ့အခါ လူတိုင်းကို မျက်စိကျစေမှာ အသေအချာပါဘဲ။

အခုအချိန်မှာတော့ Van Aken ဆီမှာ သုံးနှစ်သားအရွယ်ရှိတဲ့ ၎င်းသစ်ပင်များရှိနေပြီဖြစ်ပြီး ရလဒ်တွေကလည်း ပုံမှာပြတဲ့အတိုင်း အံ့မခန်းဖြစ်နေပြီဖြစ်ပါတယ်။ မကြာသေးမီက “ သစ်ပင်ကို အနုပညာလက်ရာတစ်ခုအနေနဲ့ မြင်ပါတယ်။ ပရောဂျက်တွေ တိုးတက်လာတာနဲ့အမျှ ရည်မှန်းချက်တွေ ပိုများလာခဲ့တယ်။

သစ်သီး ၄၀ ကိုဖန်တီးဖို့ ကျောက်သီးမျိုးကွဲအမျိုးမျိုးကို ရှာဖွေရင်းကနေ စက်မှုထွန်းကားခြင်းနှင့် ကြီးမားလှသော monoculture များဖန်တီးခြင်း၊ စီးပွါးဖြစ် အလားအလာနည်းပါးခြင်းတို့အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ဟာ အစားအစာထုတ်လုပ်မှုနှင့် အမွေအနှစ်များ ၊ ရှေးဟောင်းနှင့် ဇာတိမျိုးကွဲများ ကွဲပြားမှုကို ဆုံးရှုံးနေရကြောင်းကို ကျွန်တော် သဘောပေါက်ခဲ့ရတယ် ” လို့ Van Aken က သူ့ရဲ့ရည်ရွယ်ချက်နှင့်ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။

ထို့နောက် Van Aken က သူဟာ လယ်သမားများနှင့် ဥယျာဉ်ခြံများ အများအပြားပြုလုပ်လေ့ရှိတဲ့နည်းလမ်းတစ်ခုကို ယူပြီး လူအများ နားလည်ရခက်ပြီး ယုံကြည်ရခက်တဲ့ အသီးမျိုးပေါင်း 40 ပါတဲ့သစ်ပင်ကို ဖန်တီးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Van Aken ရဲ့ အသီးပေါင်း ၄၀ ပင်များကို အမေရိကန်နိုင်ငံရှိ Arkansas ပြည်နယ်၊ Kentucky ပြည်နယ်၊ Maine ပြည်နယ်၊ Massachusetts ပြည်နယ် ၊ New Jersey ပြည်နယ်၊ New York မြို့နှင့် Pennsylvania ပြည်နယ်တို့မှာ တွေ့ရှိနိုင်ပါတယ်။

Mia (KB Chimmy One)

Reference : buzznicked