အသင့်စား ခေါက်ဆွဲများရဲ့ အန္တရာယ်

အသင့်စား ခေါက်ဆွဲတွေဟာ ဈေးနှုန်းသက်သာပြီးတော့ ပြင်ဆင်ရတာ လွယ်ကူတာကြောင့် လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ပြီးတော့ အရသာကလည်း အမျိုးမျိုးရှိတာကြောင့် လူအများစု ညစာ သို့ မနက်စာအဖြစ် စာသုံးနေကြတယ်။ ဒါပေမယ့် လူတွေသတိမထားမိကြတာကတော့ အသင့်စားခေါက်ဆွဲတွေ စားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာပါပဲ။

အစာကြေ ရခက်တယ်

အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ။ အစာကြေချက်မှု လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေတာပါ။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။

ကင်ဆာ

တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဓာတုပစ္စည်းတွေ ထည့်သွင်းပြုလုပ်ရပါတယ်။ ဒီဓာတုပစ္စည်းတွေကို ကြာရှည်စားသုံးမိနေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေရုံသာမက ကင်ဆာရောဂါပါ ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေမှာ ကလေးရနိုင်စွမ်းကျစေတယ်

အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။

နှလုံးရောဂါ ခံစားရနိုင်တယ်

အသင့်စား ခေါက်ဆွဲမှာ ဗီတာမင် ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။