အသက်အငယ်ဆုံးနှင့် နာမည်ကြီး DJ သမားလေးဖြစ်လာသော ၉ နှစ်အရွယ် မိန်းကလေး(ရုပ်သံ)

Unicode
ပါရမီ သို့မဟုတ် တီထွင်ဖန်တီးမှုများမှာ အသက် ကြီးသူ မဟုတ် ငယ်ရွယ်သူများလည်း အောင်မြင်စွာ စွမ်းဆောင်နိုင်ကြသည့် အရည်အချင်းသည် လေးစားချီးကျူးစရာ ကောင်းလှသည်။
သို့ဖြစ်၍ ဒူဘိုင်းနိုင်ငံရှိ Michelle Rasul အမည်ရှိသော အသက် ၉ နှစ်အရွယ် မိန်းကလေးသည် ၅ နှစ်အရွယ်မှ စပြီး DJ အဝိုင်းများအား မည်သို့ ပြုလုပ်ရမည်ကို သိရှိကာ Hip-Hop သီချင်းများအတွက် စည်းချက်ညီသော သံစဉ်များအား စပြီး ဖန်တီးခဲ့သည်။
မိန်းကလေးသည် မိုက်ကယ်လ်၏ hip ဖြစ်သော သီချင်းတစ်ပုဒ်အား DJပြောင်းပြီး အွန်လိုင်းတွင် တင်ခဲ့ရာ အခြားသော DJ သမားများထံမှ အားပေးချီးကျူးသော စာစောင်များစွာ လက်ခံရရှိခဲ့သည်။
ထို့နောက် ကလေးမလေးသည် မြို့အနှံ့ပတ်ကာ ပါတီပွဲများနှင့် ဂီတပွဲများတွင် သွားရောက် တီးခတ်ဖျော်ဖြေပေးခဲ့ပြီး လူတို့၏ ချစ်ခင်အားပေးမှုနှင့် အားရုံစိုက်များ ပိုလာခဲ့သည်။
နောက်ပိုင်းတွင် မိန်းကလေးသည် DMC World DJ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသက်အငယ်ဆုံး DJသမားလေးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကမ္ဘာ့အတော်ဆုံး ကြယ်ပွင့် ၈၅ အနက် အဆင့် ၁၄ နေရာတွင် ရရှိခဲ့ပြီး ဒူဘိုင်းနိုင်ငံမှ အသက်အငယ်ဆုံး DJ သမားလေးဖြစ်လာခဲ့သည်။
crd
Vedio
Zawgyi
crd
Crd
Crd