အမြဲတရုတ်စစ်သားဘဲမိတယ်အိန္ဒိယစစ်သားကသူ့နေရာသူနေတယ်(အကဲဆတ်တဲ့အငြင်းပွားနယ်စပ်မှာတရုတ်စစ်သားတဦးကို အိန္ဒိယကဖမ်းဆီးလိုက်သည်)

အိန္ဒိယနဲ့ တရုတ် နယ်မြေအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်စစ်သားတဦးကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယစစ်တပ်က စနေနေ့က ပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဲဒီနယ်စပ်မှာ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ လောက် သေဆုံးခဲ့သလို တရုတ်စစ်တပ်ဘက်မှာလည်း သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအပြီး အခုလို ကုန်းမြင့်တောင်တန်းတွေရှိနေတဲ့ နယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယဘက်က ဖမ်းဆီးတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
နှစ်နိုင်ငံ တင်းမာမှုတွေရှိနေတဲ့ Ladakh ဒေသကို နှစ်ဖက်လုံးက သောင်းနဲ့ချီပြီး တပ်အင်အားတွေ၊ လက်နက်ကြီးတွေ စေလွှတ်ချထားခဲ့ကြပြီး လက်ရှိ ဆောင်းရာသီ အလွန်အေးခဲနေတဲ့ အခြေအနေ ရှိနေပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ ကြေညာချက်မှာ သောကြာနေ့ အစောပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က စစ်သားကို အိန္ဒိယနဲ့ တရုတ် နယ်ခြားသတ်မှတ်ထားတဲ့ စည်းမျဉ်း LAC ရဲ့ အိန္ဒိယဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ တရုတ်စစ်သားကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်နေသလို နယ်စပ်စည်းမျဉ်းကို ကျော်ဖြတ်လာတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

တရုတ်စစ်တပ်က ထုတ်ဝေတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့စဉ် သတင်းစာမှာတော့ သူတို့ တရုတ်စစ်သားဟာ အမှောင်ထုကြား ရှုပ်ထွေးနေတဲ့ မြေအနေအထားမှာ ပျောက်ဆုံးနေပြီး အိန္ဒိယအနေနဲ့ အကြောင်းကြားဖို့ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ နှစ်နိုင်ငံကြား သက်ဆိုင်တဲ့ သဘောတူညီချက်တွေကို တိတိကျကျလိုက်နာပြီး တရုတ်-အိန္ဒိယ နယ်စပ်အခြေအနေ အေးချမ်းစေရေး အကူအညီပေးဖို့ ပျောက်ဆုံးနေတဲ့ သူတို့စစ်သားကို ချက်ချင်းလွဲှပြောင်းပေးသင့်ကြောင်း တရုတ်စစ်တပ် သတင်းစာက ရေးထားပါတယ်။
အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တရုတ်စစ်သားတဦးကို နယ်မြေကျူးကျော်မှုနဲ့ ခေတ္တထိန်းသိမ်းထားခဲ့ပါတယ်။

VOA

zawgyi
အကဲဆတ်တဲ့ အငြင်းပွားနယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယ ဖမ်းဆီးလိုက်ခြင်း