အမျိုးသမီးစစ်သားတွေကို အပျိုရည်စစ်မစစ်စမ်းသပ်မှုအလေ့အထကို စွန့်လွှတ်တောမယ့် အင်ဒိုနီးရှားစစ်တပ်

အမျိုးသမီးစစ်သားတွေကို အပျိုရည်စစ်မစစ်စမ်းသပ်မှုအလေ့အထကို စွန့်လွှတ်တောမယ့် အင်ဒိုနီးရှားစစ်တပ်

အင်ဒိုနီးရှားရေတပ် နဲ့ လေတပ်တို အမှုတာဝန်ထမ်းဆောင်မယ့် အမျိုးသမီးတွေကို အပျိုရည်စစ်ဆေးစမ်းသပ်တဲ့ အလေ့အကျင့်တွေကို စွန့်လွှတ်ဖို နောက် ထပ် ဖိအားအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။အင်ဒိုနီးရှားစစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ဒီအလေ့အကျင့်ကို စွန့်လွှတ်ဖိုကြေညာခဲ့တဲ့နောက် အခုလို ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို Brisbane Times က ဆိုပါတယ်။

ဒီလို လုပ်ထုံးလုပ်နည်းတွေကို အဆုံးသတ်ဖိုအတွက် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲတွေဟာ ဖိအားများစွာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။အခုလိုမျိုး စမ်း သပ်စစ်ဆေးမှုဟာ အကောင်းဆုံးသောသူတွေကို ရွေး ချယ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို ခုခံကာကွယ်ပြောဆိုခဲ့ ကြပါတယ်။အခုအခါမှာ ရဲတပ်ဖွဲက two -fingers test နည်းလမ်းကို ရပ်တန့်ပစ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တဲ့အပေါ်မှာ စစ်တပ်ဌာနခွဲတစ်ခုက လိုက်လံလုပ်ဆောင်နေခဲတာဖြစ်ပါတယ်။

“အမျိုးသမီးတွေအတွက် ကျန်းမာရေးစစ်ဆေးမှုမှာ အမျိုးသားစစ်သားတွေကို စစ်ဆေးမှုနဲ့ တူူညီရပါမယ်” လို အင်ဒိုနီးရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasa က ပြီးခဲ့တဲ့လအတွင်းက စစ် တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုမှာပြောကြားခဲ့ပါတယ်။ “တပ်သားသစ်စုဆောင်းရေးရည်ရွယ်ချက်နဲ့ မသက် ဆိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို မလုပ်ဆောင်တော့ဘူး” လိုလည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စစ်တပ်အရာရှိတွေရဲ့ ညွှန်ကြားချက်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ကြိုဆိုခဲ့ကြပြီး သူတိုဟာ ၂၀၁၄ ခုနှစ်က အင်ဒိုနီးရှားစစ်တပ်ရဲ့ အခုလိုမျိုးစမ်းသပ်စစ်ဆေးနေမှုကို ကျယ်ကျယ်ပြန့်ပြန့်ထုတ် ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒီစစ်ဆေးမှုမှာတော့ ဆရာ ဝန်တစ်ဦးပါဝင်ပြီး အမျိုးသမီးတွေရဲ့ လိ င်အင်္ဂါအတွ င်းကို လ က်ချော င်းထ ည့်သွ င်းကာ လိ င်စိ တ်တက်ကြွမှုအပိုင်းကို စဉ်းစားဆုံးဖြတ်တာဖြစ်ပါတယ်။WHO ကတော့ အပျိုအမြှေးပါးရှိခြင်းမရှိခြင်းဟာ သိပ္ပံ နည်း ကျအားဖြင့် ဘာအကျိုးကျေးဇူးမှမရှိဘူးလို ဆိုထားပါတယ်။

ဒါပေမယ့်လည်း ရေတပ်ကတော့ ဒီစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး လူရဲ့ အမူအ ကျင့်သဘောထားကို အကဲဖြတ်တဲ့ အင်တာဗျူးတွေလည်း လုပ်နေဆဲဖြစ်ပါတယ်။”ဟုတ်ပါတယ်၊ ကျွန် တော်တို ဒီလိုလုပ်နေဆဲပါ၊အမျိုးသမီးစစ်သားတွေအတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလိုလည်း ခေါ်ပါတယ်၊ အမျိုးသားတွေကိုလည်း ကာလ သားရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြု လုပ်ပါတယ်” လို ရေတပ်ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Julius Widjojono က ပြောကြားခဲ့ပါတယ်။

လေတပ်ပြောဆိုခွင့်ရသူ Marshal Indan Gilang ကလည်း အပျိုရည်စစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို ဆိုခဲ့ပြီး “သတ်မှတ်ချက်တွေနဲ့ ပြည့်စုံပြီး ကျန်းမာတဲ့အရာရှိတစ်ဦးရရှိဖို ကြိုးစားနေတာဖြစ်တယ်” လို ရှင်းပြပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲတွေကတော့ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို တွန်းအားပေးရန်အတွက် နိုင်ငံတကာစစ် ဆေးဘက်ဆိုင်ရာကော်မတီရဲ့ သြစတြေးလျကိုယ် စားလှယ်နဲ့အတူ နိုင်ငံတကာမှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

TRNs

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အမ်ိဳးသမီးစစ္သားေတြကို အပ်ိဳရည္စစ္မစစ္စမ္းသပ္မႈအေလ့အထကို စြန႔္လႊတ္ေတာမယ့္ အင္ဒိုနီးရွားစစ္တပ္

အင္ဒိုနီးရွားေရတပ္ နဲ႔ ေလတပ္တို အမႈတာဝန္ထမ္းေဆာင္မယ့္ အမ်ိဳးသမီးေတြကို အပ်ိဳရည္စစ္ေဆးစမ္းသပ္တဲ့ အေလ့အက်င့္ေတြကို စြန႔္လႊတ္ဖို ေနာက္ ထပ္ ဖိအားအသစ္ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။အင္ဒိုနီးရွားစစ္တပ္က ဆယ္စုႏွစ္ေပါင္းမ်ားစြာရွိလာခဲ့တဲ့ ဒီအေလ့အက်င့္ကို စြန႔္လႊတ္ဖိုေၾကညာခဲ့တဲ့ေနာက္ အခုလို ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတယ္လို Brisbane Times က ဆိုပါတယ္။

ဒီလို လုပ္ထုံးလုပ္နည္းေတြကို အဆုံးသတ္ဖိုအတြက္ အင္ဒိုနီးရွားလုံျခဳံေရးတပ္ဖြဲေတြဟာ ဖိအားမ်ားစြာနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။အခုလိုမ်ိဳး စမ္း သပ္စစ္ေဆးမႈဟာ အေကာင္းဆုံးေသာသူေတြကို ေရြး ခ်ယ္တဲ့နည္းလမ္းတစ္ခုျဖစ္တယ္လို ခုခံကာကြယ္ေျပာဆိုခဲ့ ၾကပါတယ္။အခုအခါမွာ ရဲတပ္ဖြဲက two -fingers test နည္းလမ္းကို ရပ္တန႔္ပစ္ခဲ့တာျဖစ္ၿပီး ဒီလိုျပဳလုပ္တဲ့အေပၚမွာ စစ္တပ္ဌာနခြဲတစ္ခုက လိုက္လံလုပ္ေဆာင္ေနခဲတာျဖစ္ပါတယ္။

“အမ်ိဳးသမီးေတြအတြက္ က်န္းမာေရးစစ္ေဆးမႈမွာ အမ်ိဳးသားစစ္သားေတြကို စစ္ေဆးမႈနဲ႔ တူူညီရပါမယ္” လို အင္ဒိုနီးရွားစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Andika Perkasa က ၿပီးခဲ့တဲ့လအတြင္းက စစ္ တပ္အရာရွိေတြနဲ႔ ေတြ႕ဆုံခဲ့မႈမွာေျပာၾကားခဲ့ပါတယ္။ “တပ္သားသစ္စုေဆာင္းေရးရည္ရြယ္ခ်က္နဲ႔ မသက္ ဆိုင္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြကို မလုပ္ေဆာင္ေတာ့ဘူး” လိုလည္း သူက ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။

စစ္တပ္အရာရွိေတြရဲ့ ညႊန္ၾကားခ်က္အေပၚ လူ႔အခြင့္အေရးေစာင့္ၾကည့္သူေတြက ႀကိဳဆိုခဲ့ၾကၿပီး သူတိုဟာ ၂၀၁၄ ခုႏွစ္က အင္ဒိုနီးရွားစစ္တပ္ရဲ့ အခုလိုမ်ိဳးစမ္းသပ္စစ္ေဆးေနမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ထုတ္ ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ဒီစစ္ေဆးမႈမွာေတာ့ ဆရာ ဝန္တစ္ဦးပါဝင္ၿပီး အမ်ိဳးသမီးေတြရဲ့ လိ င္အဂၤါအတြ င္းကို လ က္ေခ်ာ င္းထ ည့္သြ င္းကာ လိ င္စိ တ္တက္ႂကြမႈအပိုင္းကို စဥ္းစားဆုံးျဖတ္တာျဖစ္ပါတယ္။WHO ကေတာ့ အပ်ိဳအေျမႇးပါးရွိျခင္းမရွိျခင္းဟာ သိပၸံ နည္း က်အားျဖင့္ ဘာအက်ိဳးေက်းဇူးမွမရွိဘူးလို ဆိုထားပါတယ္။

ဒါေပမယ့္လည္း ေရတပ္ကေတာ့ ဒီစစ္ေဆးမႈေတြကို ဆက္လက္ျပဳလုပ္ေနဆဲျဖစ္ၿပီး လူရဲ့ အမူအ က်င့္သေဘာထားကို အကဲျဖတ္တဲ့ အင္တာဗ်ဴးေတြလည္း လုပ္ေနဆဲျဖစ္ပါတယ္။”ဟုတ္ပါတယ္၊ ကၽြန္ ေတာ္တို ဒီလိုလုပ္ေနဆဲပါ၊အမ်ိဳးသမီးစစ္သားေတြအတြက္ သားအိမ္ေခါင္းကင္ဆာစစ္ေဆးမႈလိုလည္း ေခၚပါတယ္၊ အမ်ိဳးသားေတြကိုလည္း ကာလ သားေရာဂါနဲ႔ ဆက္စပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳ လုပ္ပါတယ္” လို ေရတပ္ေျပာဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး Julius Widjojono က ေျပာၾကားခဲ့ပါတယ္။

ေလတပ္ေျပာဆိုခြင့္ရသူ Marshal Indan Gilang ကလည္း အပ်ိဳရည္စစ္ေဆးမႈကို ဆက္လုပ္သြားမယ္လို ဆိုခဲ့ၿပီး “သတ္မွတ္ခ်က္ေတြနဲ႔ ျပည့္စုံၿပီး က်န္းမာတဲ့အရာရွိတစ္ဦးရရွိဖို ႀကိဳးစားေနတာျဖစ္တယ္” လို ရွင္းျပပါတယ္။ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲေတြကေတာ့ အင္ဒိုနီးရွားမွာ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို တြန္းအားေပးရန္အတြက္ နိုင္ငံတကာစစ္ ေဆးဘက္ဆိုင္ရာေကာ္မတီရဲ့ ၾသစေၾတးလ်ကိုယ္ စားလွယ္နဲ႔အတူ နိုင္ငံတကာမွာ မဲဆြယ္စည္း႐ုံးခဲ့ၾကပါတယ္။

TRNs

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။