အမေ့ ဗိုက်ထဲမှာ သစ်သားစ ဝင်နေတယ်၊ ဝါးခွဲရင်း ထိမိတာ၊ အဲ့ဒါခွဲဖို့ ပိုက်ဆံမရှိလို့ တောင်းစားနေရတယ်

အမေ့ ဗိုက်ထဲမှာ သစ်သားစဝင်နေတယ်.. ဝါးခွဲရင်း ထိမိတာ။ အဲ့ဒါခွဲဖို့ ပိုက်ဆံမရှိလို့ တောင်းစားနေရတယ်..။ အမေကြီးက အသက် ၅၀ ကျော်ပြီ။ ဝါးခယ်မရွာမှာ နေပါတယ်။ ဗိုက်ခွဲဖို့ ရန်ကုန်တက်လာတာ ခွဲရင် သိန်းကျော်ကုန်မှာပါတဲ့။ အခုအပြင်မှာ လိုက်တောင်းစားပြီး စားဖို့ရှာတယ်။

 

တောင်းလို့ပိုတာတွေ ဆေးရုံမှာ စုစုထားတယ်တဲ့။ အမျိုးသမီးဆေးရုံမှာ လက်ရှိနေနေပါတယ်။ ဗိုက်အောက်မှာ အလုံးကြီးက အပြင်တောင်ထွက်​နေတယ်။ အခုမှ နှစ်ထောင်ဘဲ စုလို့ရသေးတယ်တဲ့။ (သနားပါတယ် ။ငိုနေရှာတယ်ဗျာ..) အမေကြီးကို ခွဲစိတ်ဖို့ ကုန်ကျငွေကျနော် တာဝန်ယူပေးဖို့ဆုံးဖြတ်ထားပါတယ်။

အလှူရှင်များအနေနဲ့လည်းပါဝင်လှူဒါန်းလိုပါက ကိုဇင်မင်း ၀၉၉၈၄၉၅၀၅၈၄ သို့ ဆက်သွယ်ပြီး မေးမြန်းလှူဒါန်းနိုင်ပါတယ်။ (SALMAN)