အကိုအတိုင်းစွာပြနေတဲ့မြောက်ကိုးရီးယားဘုရင်မ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ခြိမ်းခြောက်မှုအသစ်များနဲ့ ကြုံရမယ်လို့ မြောက်ကိုရီးယား ကြုံးဝါး

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ခြိမ်းခြောက်မှုအသစ်များနဲ့ ကြုံရမယ်လို့ မြောက်ကိုရီးယား ကြုံးဝါး

ဒီနှစ်အတွင်း စတင်ဖို့ စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်တွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်ပြီး နိုင်ငံရဲ့ သြဇာကြီးအရာရှိတစ်ဦးလည်းဖြစ်တဲ့ ကင်ယိုဂျုံက အင်္ဂါနေ့(သြဂုတ် ၁၀) ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အင်္ဂါနေ့မှာ ပဏာမ စစ်ရေးလေ့ကျင့်မှုတွေစတင်သွားမှာဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုတွေကို နောက်ပြန်ဆုတ်စေလိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေးနေတဲ့ကြားက စတင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ မကြိုဆိုထိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး မြောက်ကိုရီးယား လူထုနဲ့ ကိုရီးယားကျွန်းဆွယ်ကို တင်းမာမှုတွေ မြင့်တက်စေတဲ့ ကိုယ့်ကိုယ်ကိုဖျက်စီးသော လုပ်ရပ်ဖြစ်ကြောင်း ကင်ယိုဂျုံက ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မိမိတို့ရဲ့ အထပ်ထပ် သတိပေးမှုတွေကို မသိကျိုးကျွံပြုကာ အန္တရာယ်များတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရှေ့ဆက်တိုးဖို့လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ပိုမိုပြင်းထန်တဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။

တင်းမာမှုတွေ ပြေလျော့စေရေးအတွက် ပြုံယမ်းနဲ့ဆိုးလ်အကြား အရေးပေါ်ဖုန်းလိုင်း ပြန်လည်ဆက်သွယ်ခဲ့အပြီး သိပ်မကြာခင်မှာပဲ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရှေ့တိုးဆောင်ရွက်လိုက်ခြင်းဟာ သစ္စာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း သူမက စွပ်စွဲခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားရဲ့ တုံ့ပြန်ချက်ဟာ ယမန်နှစ်က မြောက်ကိုရီးယားတို့ ဖောက်ခွဲပစ်လိုက်တဲ့ ပူးတွဲဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် ထိပ်သီးအစည်းအဝေးကျင်းပနိုင်ရေး ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ရဲ့ အားထုတ်မှုတွေကို အပြည့်အဝခြိမ်းခြောက်မှုဖြစ်စေမှာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ အချိန်ကာလ၊ အတိုင်းအတာပမာဏနဲ့ ဖွဲ့စည်းပါဝင်မှုတွေနဲ့ ပတ်သက်လို့ အပြီးသတ်မဆုံးဖြတ်ရသေးကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ကတော့ ၎င်းတို့ရဲ့ ပေါ်လစီအရဆိုကာ စစ်ရေးလေ့ကျင့်မှုအကြောင်းကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

crd-akonthi

zawgyi

အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈအတြက္ ၿခိမ္းေျခာက္မႈအသစ္မ်ားနဲ႔ ၾကဳံရမယ္လို႔ ေျမာက္ကိုရီးယား ၾကဳံးဝါး

ဒီႏွစ္အတြင္း စတင္ဖို႔ စီစဥ္ထားတဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြအတြက္ ႀကီးမားတဲ့ လုံျခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္မႈအသစ္ေတြနဲ႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ ရင္ဆိုင္ရမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ့ ညီမျဖစ္ၿပီး နိုင္ငံရဲ့ ၾသဇာႀကီးအရာရွိတစ္ဦးလည္းျဖစ္တဲ့ ကင္ယိုဂ်ဳံက အဂၤါေန႔(ၾသဂုတ္ ၁၀) ေျပာဆိုလိုက္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ အဂၤါေန႔မွာ ပဏာမ စစ္ေရးေလ့က်င့္မႈေတြစတင္သြားမွာျဖစ္ေၾကာင္း ယြန္ဟပ္သတင္းေအဂ်င္စီက တနလၤာေန႔မွာ ေဖာ္ျပခဲ့ပါတယ္။ ဒီစစ္ေရးေလ့က်င့္မႈေတြဟာ ကိုရီးယားႏွစ္နိုင္ငံ ဆက္ဆံေရး တိုးတက္ျဖစ္ထြန္းမႈေတြကို ေနာက္ျပန္ဆုတ္ေစလိမ့္မယ္လို႔ ေျမာက္ကိုရီးယားက သတိေပးေနတဲ့ၾကားက စတင္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။

ဒီစစ္ေရးေလ့က်င့္မႈဟာ မႀကိဳဆိုထိုက္တဲ့ လုပ္ရပ္တစ္ခုျဖစ္ၿပီး ေျမာက္ကိုရီးယား လူထုနဲ႔ ကိုရီးယားကၽြန္းဆြယ္ကို တင္းမာမႈေတြ ျမင့္တက္ေစတဲ့ ကိုယ့္ကိုယ္ကိုဖ်က္စီးေသာ လုပ္ရပ္ျဖစ္ေၾကာင္း ကင္ယိုဂ်ဳံက ေျပာဆိုခဲ့တယ္လို႔ နိုင္ငံပိုင္ KCNA သတင္းဌာနက ထုတ္ျပန္ခဲ့ပါတယ္။ မိမိတို႔ရဲ့ အထပ္ထပ္ သတိေပးမႈေတြကို မသိက်ိဳးကၽြံျပဳကာ အႏၲရာယ္မ်ားတဲ့ စစ္ေရးေလ့က်င့္မႈေတြကို ေရွ႕ဆက္တိုးဖို႔လုပ္ေဆာင္ေနတဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ပိုမိုျပင္းထန္တဲ့ လုံျခဳံေရးၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ေၾကာင္း သူမက ေျပာဆိုခဲ့ပါတယ္။

တင္းမာမႈေတြ ေျပေလ်ာ့ေစေရးအတြက္ ျပဳံယမ္းနဲ႔ဆိုးလ္အၾကား အေရးေပၚဖုန္းလိုင္း ျပန္လည္ဆက္သြယ္ခဲ့အၿပီး သိပ္မၾကာခင္မွာပဲ ေတာင္ကိုရီးယားက စစ္ေရးေလ့က်င့္မႈလုပ္ဖို႔ ေရွ႕တိုးေဆာင္ရြက္လိုက္ျခင္းဟာ သစၥာမဲ့တဲ့လုပ္ရပ္ျဖစ္တယ္လို႔လည္း သူမက စြပ္စြဲခဲ့ပါတယ္။

စစ္ေရးေလ့က်င့္မႈအေပၚ ေျမာက္ကိုရီးယားရဲ့ တုံ႔ျပန္ခ်က္ဟာ ယမန္ႏွစ္က ေျမာက္ကိုရီးယားတို႔ ေဖာက္ခြဲပစ္လိုက္တဲ့ ပူးတြဲဆက္ဆံေရး႐ုံး ျပန္လည္ဖြင့္လွစ္နိုင္ေရး၊ ဆက္ဆံေရး ျပန္လည္ထူေထာင္ဖို႔အတြက္ ထိပ္သီးအစည္းအေဝးက်င္းပနိုင္ေရး ႀကိဳးပမ္းေနတဲ့ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်းအင္ရဲ့ အားထုတ္မႈေတြကို အျပည့္အဝၿခိမ္းေျခာက္မႈျဖစ္ေစမွာျဖစ္ပါတယ္။

စစ္ေရးေလ့က်င့္မႈရဲ့ အခ်ိန္ကာလ၊ အတိုင္းအတာပမာဏနဲ႔ ဖြဲ႕စည္းပါဝင္မႈေတြနဲ႔ ပတ္သက္လို႔ အၿပီးသတ္မဆုံးျဖတ္ရေသးေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ ေျပာဆိုခဲ့ပါတယ္။ ေတာင္ကိုရီးယားရွိ အေမရိကန္တပ္ဖြဲ႕ကေတာ့ ၎တို႔ရဲ့ ေပၚလစီအရဆိုကာ စစ္ေရးေလ့က်င့္မႈအေၾကာင္းကို မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။

crd-akonthi