အမေရိကန်မှာ ကွန်ဒိုပြိုကျမှု အစ္စရေး ကယ်ဆယ်ရေးအဖွဲ့က ကူညီရှာဖွေပေး

အမေရိကန်တောင်ပိုင်းပြည်နယ် ဖလော်ရီဒါတွင် ကွန်ဒိုအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့မှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး သေဆုံးသူ ကိုးဦးရှိပြီး ပျောက်ဆုံးနေသူ ၁၅၀ ကျော်ရှိသည်ဟု အတည်ပြုခဲ့သည်။

မိုင်ယာမီ အနီးရှိ အထပ် ၁၂ ထပ်မြင့်သည့် ကွန်ဒိုအဆောက် အအုံမှာ ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ် ပြီး ဇွန် ၂၇ ရက်တွင် သေဆုံးသူစာရင်းကို ဒေသခံ အာဏာပိုင်များက ပြင်ဆင်ခဲ့သည်။

အသက်ရှင် ကျန်သူများကို ရှာဖွေနိုင်ရေးအတွက် ရှာဖွေရေး ခွေးများနှင့် အသေးစားကင်မရာများကို အသုံးပြုကာ ရှာဖွေခဲ့ကြသည်။

သို့သော်လည်း မီးခိုးမှုန်များကြောင့် ရှာဖွေရေး လုပ်ငန်းများတွင် အနှောင့်အယှက် အဟန့်အတား ဖြစ်ခဲ့ရသည်။ မြို့တော်ဝန် ချာလီဘာကက်ကမူ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ပြုလုပ်နေပြီး ၂၄ နာရီ မရပ်မနား ပြုလုပ်နေသည်ဟု ပြောသည်။ ပိတ်မိနေသူများကို ကယ်ဆယ်ပြီးသည်အထိ ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းကဆက်ပြောသည်။

ပြိုကျလို့ ပျောက်ဆုံးကြသူတွေကို အစ္စရေး စစ်တပ် ကယ်ဆယ်ရေးအဖွဲ့က ကူညီရှာဖွေပေးရတယ်ဆိုတဲ့ သတင်းကို တွေ့တဲ့အခါမှာတော့ စိတ်ဝင်စားသွားပါတယ်။

အမေရိကန်ဟာ အဘက်ဘက်က ကမ္ဘာ့ထိပ်တန်းလို့ ဆိုနိုင်ပေမယ့် ဒီနေရာမျိုးမှာတော့ သူ့ထက်သာတဲ့ အစ္စရေးရဲ့ အကူအညီကို ယူလိုက်ရတဲ့သဘောပါ။

ပြီးခဲ့တဲ့လက တစိတ်တပိုင်းပြိုကျခဲ့တဲ့ ကွန်ဒိုအဆောက်အအုံကို အပြီးသတ်ဖြိုချလိုက် ပြီး ရှာဖွေခဲ့ကြတာပါ။

ဒီလိုဖောက်ခွဲဖြိုချလိုက်ခြင်းအားဖြင့် ကယ်ဆယ်ရေးတွေအနေနဲ့ အရင်အပျက်အဆီးဟောင်းတွေကြား မရောက်နိုင်တဲ့နေရာတွေကို ရောက်သွားနိုင်ပြီး ပိတ်မိနေသေးသူတွေကိုလည်း ပိုရှာတွေ့နိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

အစ္စရေးအဖွဲ့ဟာ ပျောက်ဆုံးသူ (၉၇) ဦးထဲက (၈၁) ဦးကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ကိုယ်တိုင် စစ်ဘေးဒါဏ်ကြောင့် မကြာခဏ အဆောက်အဦပြိုကျမှု ကယ်ဆယ်ရေးတွေကို လုပ်ခဲ့ရပြီး၊ ဒေသတွင်း မတည်ငြိမ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို မကြာခဏ ကူညီပေးရလို အခုလို အတွေ့အကြုံကြွယ်ဝပြီး နည်းပညာကောင်းတွေလည်း ရှိနေတာပါ။

ဘယ်လိုနေရာမျိုးကို ဦးစားပေး ရှာရမယ်ဆိုတာ အဆောက်အဦအပျက်အဆီး ပုံစံကို ကြည့်ယုံနဲ့ သိကြသလို ကွန်ပျူတာ မော်ဒယ်တွေကလည်း သိကြပါတယ်။

အသုံးအဆောင်ပစ္စည်းတွေ မိသားစုဝင်တွေကို ကြည့်ပြီးတော့လည်း ဘယ်နားမှာ ရှာရမယ်ဆိုတာကို သူတို့တွေ ပိုခန့်မှန်းနိုင် ကြပါတယ်။

အစ္စရေးဟာ စစ်လက်နက်နည်းပညာနဲ့ ထောက်လှမ်းရေးနည်းပညာမှာ အလွန်အဆင့်မြင့်တာကိုလည်း ကြားသိဖူးရပါတယ်။

ဂြိုဟ်တုမြေပုံတွေအရ အဆောက်အအုံဟာ တစ်နှစ်ကို ၃ မီလီမီတာအထိ မြေထဲ နစ်ဝင်နေပြီး ပတ်ဝန်းကျင်က အဆောက်အအုံတွေကတော့ ပုံမှန်တည်ငြိမ်နေခဲ့တယ်လို့ ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်ပါမောက္ခက ပြောခဲ့ပါတယ်။

အဆိုပါကွန်ဒိုအဆောက်အအုံမှာ လွန်ခဲ့သည့် အနှစ် ၄၀ က ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ဒီဖြစ်ရပ်ကြောင့် မိုင်ယာမီ ဒါဒီမြို့နယ်အတွင်း သက်တမ်း အနှစ် ၄၀ အထက် အဆောက်အအုံ အားလုံးကို လာမယ့်ရက် ၃၀ အတွင်း ဘေးကင်းမှု ရှိ၊မရှိ စစ်ဆေးမယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။