အမေရိကန်နဲ့ အိန္ဒိယ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမေရိကန်နဲ့ အိန္ဒိယ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် ခရီးစဉ် အတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကတိပြုခဲ့ကြပါတယ်။ တရုတ်ကို တန်ပြန် ချိန်ညှိထားနိုင်မယ့် ဆောင်ရွက်ချက် အဖြစ် နိုင်ငံတွေကြား မဟာမိတ်ဖွဲ့နိုင်ရေး အမေရိကန်ဘက်က ဆောင်ရွက်နေပြီး တရုတ်ရဲ့ ခိုင်မာလာမှုကို စိုးရိမ်လာတဲ့ အိန္ဒိယဘက်က အမေရိကန်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတာနဲ့ အတူဘဲ အမေရိကန် သမ္မတ Joe Biden အစိုးရ အဖွဲ့က ထိပ်တန်း အရာရှိ တဦး အိန္ဒိယကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေး အချက်အလက် ဖလှယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတို့မှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေး အတွက် အမေရိကန်နဲ့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး နှစ်ဦးရဲ့ စနေနေ့က သဘောတူခဲ့ကြပါတယ်။ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို – ပစိတ်ဒေသ အတွက် အင်ဒို- အမေရိကန် ဆက်ဆံရေးက အခရာကျတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောပါတယ်။

“နိုင်ငံတကာ အခင်းအကျင်း မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေတဲ့ ဒီကနေ့ ကာလမှာ အိန္ဒိယဟာ ပိုပြီး အရေးပါလာတဲ့ မဟာမိတ်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ၂ ဦး ဆွေးနွေး အပြီးမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောဆိုခဲ့တာပါ။ကာကွယ်ရေးနဲ့ နှစ်ဘက် ထောက်ပံ့ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက် မျှဝေရေးနဲ့ စစ်တပ်ချင်း ဆက်ဆံရေး တိုးချဲ့ပြီး ကာကွယ်ရေးပိုင်းမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Rajnath Singh ကလည်း ဆွေးနွေးပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

VOA