အိန္ဒိယကအမေရိကန်ဒေါ်လာ၂.၅ဘီလီယံတန်ဖိုးရှိC-295သယ်ယူပို့ဆောင်ရေးလေယာဉ်များဝယ်ယူ

ပူးပေါင်းထုတ်လုပ်မှုဖြစ်သည့်အတွက် နည်းပညာပါမှာပါ။
အိန္ဒိယလေတပ်အတွက် C-295 သယ်ယူပို့ဆောင်ရေးလေယာဉ် ၅၆ စင်းဝယ်ယူရန်အတွက် လာမည့်လအနည်းငယ်အတွင်း၌ ကာကွယ်ရေး၀န်ကြီးဌာနသည် Airbus နှင့်ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိစာချုပ်ပြုလုပ်မည်ဖြစ်သည်။
တာဘိုအင်ဂျင် ၂ လုံးတပ် အဆိုပါလေယာဉ်သည် လွန်ခဲ့သောနှစ်အချို့က အိန္ဒိယနှင့် စာချုပ်ပျက်ပြယ်ခဲ့မှုများရှိခဲ့သော်လည်း ယခုအခါ အမှန်တကယ်ရောင်းချပေးမှု ရှိလာခဲ့ပြီလည်းဖြစ်သည်။

အိန္ဒိယလေတပ်အနေဖြင့် C-295 စနစ်များကို ယခင်အသုံးပြုနေသည့် Avro HS748 သယ်ယူပို့ဆောင်ရေးလေယာဉ်များနေရာ၌ အစားထိုးအသုံးပြုမည်လည်းဖြစ်ကာ မူလလေယာဉ်စနစ်သည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက အသုံးပြုနေခဲ့ခြင်းလည်းလဲဖြစ်ပေသည်။ ထိုလေယာဉ်စနစ်များကို အိန္ဒိယက လိုင်စင်ယူထုတ်လုပ်ကာ အသုံးပြုနေသည်မှာ အစီးရေ ၅၀ ခန့်ရှိသည်ဟုဆိုပါသည်။
လက်ရှိအိန္ဒိယလေတပ်၌ Rolls-Royce Dart အင်ဂျင်သုံး HS 748 လေယာဉ် အစီးရေ ၆၀ စီးရှိသော်လည်း ၎င်းစနစ်များသည် သက်တမ်းအားဖြင့်လည်း နှစ် ၆၀ နီးပါးရှိတော့မည်ဖြစ်သည်ဟု FlightGlobal ကဆိုပါသည်။

C295 သည် နည်းဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကာ တန်ချိန် ၆ တန်ကို သယ်ဆောင်နိုင်သည်။ Airbus ကမူ တပ်ဖွဲ့ဝင် ၇၁ ဦး၊ သို့မဟုတ် လေထီးစစ်သား ၅၀ ဦး၊သို့မဟုတ် ကုန်တင်နေရာ ၅ ခုတင်ဆောင်နိုင်တာပါ။
ထို့အပြင် အကြီးစားကုန်တင်လေယာဉ်များအတွက် သင့်လျော်ခြင်းမရှိသော ပြေးလမ်း၌ပင် ပျံဆင်းတက်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယနှင့်တရုတ်နယ်စပ် အခြေအနေ၌ လုံးဝကိုက်ညီမှုရှိသည်ဟု ဆိုလိုခြင်းပါဘဲ။

၅၆ စီးထဲမှ ၁၆ စီးကို စပိန်နိုင်ငံတောင်ပိုင်းရှိ Airbus Defence & Space ကုမ္ပဏီ၌ တည်ဆောက်မည်ဖြစ်သည်။ ကျန်သည့် ၄၀ ကိုမူ အိန္ဒိယ၏ Tata Group နှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။ ယခုကဲ့သို့ ပါဝင်လာခြင်းသည် ပြည်တွင်းလေကြောင်းကုမ္ပဏီများအတွက် အဓိကအကျိုးအမြတ်ကို ရရှိစေပေသည်။ ထို့ကြောင့် နောင်အနာဂတ်တွင် အိန္ဒိယ၌ C295 စနစ်များကို အများအပြားထုတ်လုပ် နိုင်မည်လည်းဖြစ်သည်။

FlightGlobal ၏ ခန့်မှန်းချက်အရ အိန္ဒိယ၌ C295 လေယာဉ် ၁၅၀ စီးခန့်အနည်းဆုံး လိုအပ်မည်ဖြစ်သည်ဟုဆိုပါသည်။ An-32 စနစ်များကို C295 စနစ်များနှင့် အစားထိုးခြင်းသည် အပိုပစ္စည်းများ၏ထောက်ပံ့ပို့ဆောင်ရေးကိုပိုမိုလွယ်ကူစေမှာပါ။ An-32 သည် အခြားစနစ်များနှင့် မတူကွဲပြားသောကြောင့်ကြီးမားသောထောက်ပံ့ပို့ဆောင်ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေခြင်းလည်းဖြစ်တာပါ။

Ref-Swarajya
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
အိန္ဒိယက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ C-295 သယ်ယူပို့ဆောင်ရေးလေယာဉ်များဝယ်ယူ၊ တရုတ်နယ်စပ်အတွက် အရေးပေါ်ကိစ္စပေးပို့ရန်ဖြစ်

ပူးပေါင်းထုတ်လုပ်မှုဖြစ်သည့်အတွက် နည်းပညာပါရပြီ
အိန္ဒိယလေတပ်အတွက် C-295 သယ်ယူပို့ဆောင်ရေးလေယာဉ် ၅၆ စင်းဝယ်ယူရန်အတွက် လာမည့်လအနည်းငယ်အတွင်း၌ ကာကွယ်ရေးဝန်ကြီးဌာနသည် Airbus နှင့်ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိစာချုပ်ပြုလုပ်မည်ဖြစ်သည်။
တာဘိုအင်ဂျင် ၂ လုံးတပ် အဆိုပါလေယာဉ်သည် လွန်ခဲ့သောနှစ်အချို့က အိန္ဒိယနှင့် စာချုပ်ပျက်ပြယ်ခဲ့မှုများရှိခဲ့သော်လည်း ယခုအခါ အမှန်တကယ်ရောင်းချပေးမှု ရှိလာခဲ့ပြီလည်းဖြစ်သည်။

အိန္ဒိယလေတပ်အနေဖြင့် C-295 စနစ်များကို ယခင်အသုံးပြုနေသည့် Avro HS748 သယ်ယူပို့ဆောင်ရေးလေယာဉ်များနေရာ၌ အစားထိုးအသုံးပြုမည်လည်းဖြစ်သည်။ မူလလေယာဉ်စနစ်သည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက အသုံးပြုနေခဲ့ခြင်းလည်းဖြစ်ပေသည်။ ထိုလေယာဉ်စနစ်များကို အိန္ဒိယက လိုင်စင်ယူထုတ်လုပ်ကာ အသုံးပြုနေသည်မှာ အစီးရေ ၅၀ ခန့်ရှိသည်ဟုဆိုသည်။
လက်ရှိအိန္ဒိယလေတပ်၌ Rolls-Royce Dart အင်ဂျင်သုံး HS 748 လေယာဉ် အစီးရေ ၆၀ စီးရှိသော်လည်း ၎င်းစနစ်များသည် သက်တမ်းအားဖြင့်လည်း နှစ် ၆၀ နီးပါးရှိတော့မည်ဖြစ်သည်ဟု FlightGlobal ကဆိုသည်။

C295 သည် နည်းဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး တန်ချိန် ၆ တန်ကို သယ်ဆောင်နိုင်သည်။ Airbus ကမူ တပ်ဖွဲ့ဝင် ၇၁ ဦး၊ သို့မဟုတ် လေထီးစစ်သား ၅၀ ဦး၊သို့မဟုတ် ကုန်တင်နေရာ ၅ ခုတင်ဆောင်နိုင်ပေသည်။
ထို့အပြင် အကြီးစားကုန်တင်လေယာဉ်များအတွက် သင့်လျော်ခြင်းမရှိသော ပြေးလမ်း၌ပင် ပျံဆင်းတက်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယနှင့်တရုတ်နယ်စပ် အခြေအနေ၌ လုံးဝကိုက်ညီမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

၅၆ စီးထဲမှ ၁၆ စီးကို စပိန်နိုင်ငံတောင်ပိုင်းရှိ Airbus Defence & Space ကုမ္ပဏီ၌ တည်ဆောက်မည်ဖြစ်သည်။ ကျန်သည့် ၄၀ ကိုမူ အိန္ဒိယ၏ Tata Group နှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။ ယခုကဲ့သို့ ပါဝင်လာခြင်းသည် ပြည်တွင်းလေကြောင်းကုမ္ပဏီများအတွက် အဓိကအကျိုးအမြတ်ကို ရရှိစေပေသည်။ ထို့ကြောင့် နောင်အနာဂတ်တွင် အိန္ဒိယ၌ C295 စနစ်များကို အများအပြားထုတ်လုပ် နိုင်မည်လည်းဖြစ်သည်။

FlightGlobal ၏ ခန့်မှန်းချက်အရ အိန္ဒိယ၌ C295 လေယာဉ် ၁၅၀ စီးခန့်အနည်းဆုံး လိုအပ်မည်ဖြစ်သည်ဟုဆိုသည်။ An-32 စနစ်များကို C295 စနစ်များနှင့် အစားထိုးခြင်းသည် အပိုပစ္စည်းများ၏ထောက်ပံ့ပို့ဆောင်ရေးကိုပိုမိုလွယ်ကူစေပါလိမ့်မည်။ An-32 သည် အခြားစနစ်များနှင့် မတူကွဲပြားသောကြောင့်ကြီးမားသောထောက်ပံ့ပို့ဆောင်ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေခြင်းလည်းဖြစ်ပေသည်။

Ref-Swarajya
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။