အမေရိကန်တို့ရုရှားကိုအသည်းယားအောင်လုပ်ပီး စစ်မြှူနေပီလား

” Unacceptable “

ပူတင်က နေတိုးနဲ့ ပတ်သက်ပြီး သူ့ရဲ့အဆိုပြုလွှာအသစ်မူကြမ်းကို ပို့လိုက်တာမှာ
နေတိုးတပ်ဖွဲ့တွေအရှေ့ဖက်ကို ဆက် နယ်ချဲ့မလာဖို့ နဲ့ ယခင်ဆိုဗီယက် ပြည်ထောင်စုဝင်နိုင်ငံဟောင်းတွေထဲမှာစစ်ရေး လှုပ်ရှားမှုတွေ လာမပတ်သက်ဖို့ စတာတွေ ပါခဲ့တယ်လို့သိရပါတယ်

သူက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမယ့်ပုံနဲ့
စစ်အင်အားတွေကို ယူကရိန်းနယ်စပ်မှာ
ချထားပြီးမှ သူ့နိုင်ငံလုံခြုံရေးအတွက် အာမခံချက်တောင်းလိုက်တဲ့ proposal ကို မူကြမ်းပေးပို့လိုက်တာပါ

အမေရိကန် သမ္မတ ဘိုင်ဒင်ရဲ့အစိုးရအဖွဲ့ကအရာရှိတစ်ယောက်က
” ကျုပ်တို့အနေနဲ့ သူ့အဆိုပြုချက်တွေကို ကျုပ်တို့မဟာမိတ်တွေ နဲ့ ဆွေးနွေးဖို့တော့ပြင်ထားတယ်
ဒါပေမဲ့ ရုရှတွေသိပါတယ် သူတို့ဟာတွေထဲမှာ လက််မခံနိုင်စရာတွေပါနေတယ် ” လို့ပြောပါတယ်

နေတိုးရဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောခဲ့ပြီးပါပြီ ယူကရိန်းကိုနေတိုးဝင်ခွင့်ပြုရေးမပြုရေးကိစ္စ ရုရှမှာဘာအခွင့်အာဏာမှမရှိဘူး ယူကရိန်းမှမဟုတ်ဘူး ဘယ်အချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ်မှာ မှသူတို့ အာဏာပြစရာမရှိဘူး လို့ပြောခဲ့ပါတယ်

ဘိုင်ဒင်ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က
” အမေရိကန်အနေနဲ့ရုရှကိုသူပေးပို့လာတဲ့ဟာထက်ခိုင်မာတဲ့ အဆိုပြုချက်တွေကို မဟာမိတ်တွေနဲ့ဆွေးနွေးပြီးတာနဲ့ နောက်အပါတ်ထဲလောက် မှာပြန်ပို့ဖို့ ရှိမယ် ” လို့ပြောပါတယ်

သူကဆက်ပြောရာမှာ
” ဥရောပသားတွေမပါဘဲနဲ့ ဥရောပရဲ့လုံခြုံရေးကိစ္စကိုအမေရိကန်တစ်ခုထဲနဲ့ သဘောတူလို့မရဘူးဗျာ့ “
တဲ့

ရုရှတွေယူကရိန်းကိုဆက်ပြီးကျူးကျော်ဖို့ လုပ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်နဲ့ အီးယူက ရုရှကိုသတိပေးထားပါတယ်

သူတို့အနေနဲ့ လုံခြုံရေးအတွက် မော်စကိုနဲ့ညှိနှိုင်းဖို့ တံခါးဖွင့်ထားတယ်ဆိုတဲ့ အချက်ပြမီးစိမ်းလေးလည်း ဖွင့်ပြထားခဲ့ပါတယ်
ဆက်ပြီးတင်းမာမှုတွေ မဖြစ်လာစေဖို့ လမ်းဖွင့်ထားခဲ့ကြတယ်လို့ဆိုပါတယ်

ရုရှကဘာတွေတောင်းဆိုသလဲ ?
လေ့လာသုံးသပ်သူတွေကတော့ မဖြစ်နိုင်တာတွေ
ညှိလို့မရနိုင်တာတွေ တောင်းထားတယ်လို့ ပုံဖော်ပြောနေကြပါတယ်
ရုရှဟာအဲ့သည့်စာထဲမှာ
အမေရိကန်နဲ့နေတိုးဆီကနေ
တရားဝင်ကတိကဝတ်တွေတောင်းထားပါတယ်
သူတောင်းတာတွေက
(၁) နေတိုးတပ်ဖွဲ့တွေအရှေ့အရပ်ဖက်ကိုချဲ့ထွင်မလာဖို့
(၂) ယူကရိန်းနဲ့အရှေ့ဥရောပနိုင်ငံတွေ တောင်ကော့ကေးဆပ်နဲ့ ဗဟိုအာရှနိုင်ငံတွေ အပါအဝင်ဆိုဗိယက်နိုင်ငံဟောင်းတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့
(၃) ၁၉၉၇ မှာနေတိုးတပ်တွေကနေရာဝင်ယူထားတဲ့
Czech Republic, Hungary, Poland, Bulgaria, Lithuania, Latvia, Estonia, Romania, Slovakia, Slovenia, Albania, Croatia, Montenegro and North Macedonia
တို့ကနေ ဆုတ်ခွာဖို့
(၄) နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ပိုင်နက်ကနေကျော်လွန်ပြီး တာတိုနဲ့တာလတ်ပစ်ဒုံးပျံတွေ ဖြန့်ကြက်ချထားတာ
ဗုံးကြဲလေယာဉ်ကြီးတွေ ချထားတာ
တပ်ဖြန့်ထားတာ
စစ်သင်္ဘောတွေထားတာတွေ ကိုရုပ်သိမ်းရန်
စတာတွေပါဝင်ပါတယ်

၂၀၁၄ မှာရုရှတွေယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ နေတိုးဟာ သူတို့ရဲ့ စစ်ရေးချဲ့ထွင်မှုတွေနဲ့လှုပ်ရှားမှုတွေကို နေတိုးမဟာမိတ်တို့ရဲ့
ရှေ့ကာကင်းအဖြစ် နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ တိုးမြှင့်ချထားခဲ့ပါတယ်
ဘိုင်ဒင်အစိုးရလက်ထက်မှာ ရုရှတို့ထပ်ကျူးကျော်ရင် ထပ်တိုးချထားရလိမ့်မယ်လို့သတိပေးထားခဲ့ပါတယ်

ယူကရိန်းနယ်စပ်မှာရုရှတို့က အခုလတ်တလောမှာ
စစ်သား၁၀၀၀၀၀ ကျော် နေရာလာယူထားပါတယ်
ယူကရိန်းအစိုးရက ကယ်ပါယူပါအော်ပြီးအမေရိကန်ကို တားမြစ်ပေးဖို့ စစ်ရေးအကူတောင်းထားသလို စီးပွားရေးပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ပေးဖို့ တောင်းဆိုနေပါတယ်

ယူကရိန်းသမ္မတရဲ့အကြံပေး အရာရှိက
အမေရိကန်တို့ဟာ နိုဝင်ဘာလကသူတို့တောင်းခံထားတဲ့ စစ်ရေးအကူအညီ ကိုမဖြည့်ဆည်းပေးသေးပါဘူး အမေရိကန်တွေဟာသိပ်ပူပုံတောင်မရဘူး
ရုရှတွေကိုအသည်းယားအောင်မြှူ နေသလိုဘဲလို့ ပြောပါတယ်

ဘိုင်ဒင်အစိုးရထိပ်တန်းအရာရှိတစ်ယောက်ကတော့
ယူကရိန်းရဲ့ စစ်ရေးအကူတောင်းဆိုချက်ကို ဘာမှမပြောပါဘူး
ဒါပေမဲ့ အမေရိကန်ဟာဒီနှစ်ထဲမှာ ယူကရိန်းကိုနှစ်စဥ်ပေးနေကျ လုံခြုံရေးအကူအညီဆိုင်ရာထောက်ပံ့ငွေ သန်း၄၅၀ ထက်ပိုပေးထားပြီးသားလို့တော့ထုတ်ပြောသွားပါတယ်

xxxxxxxxxx

Pi Lon
Ref Axios