အမေရိကန်ကအီရန်အပေါ်အရေးယူဒဏ်ခတ်မှုအသစ် ချမှတ်

အမေရိကန်က အီရန်အပေါ် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်

သမ္မတ ထရမ်ပ့်၏ အုပ်ချုပ်ရေးသည် အရှေ့အလယ်ပိုင်းနိုင်ငံ အပေါ် ဖိအားပေးသည့် အနေဖြင့် အီရန်၏ သံမဏိကဏ္ဍနှင့် သက်ဆိုင်သည့် စီးပွားရေးနှင့် ကုန်သွယ်မှုများကို ပစ်မှတ်ထား ပိတ်ဆို့လိုက်သည်။
ဝါရှင်တန်သည် အီရန်မှ သံမဏိနှင့် အခြားသတ္တု ထုတ်လုပ်သူ ၁၂ ဦး အပါအဝင် အီရန်နိုင်ငံသို့ သံမဏိ ထုတ်ကုန်ပစ္စည်းများ ထောက်ပံ့သည့် တရုတ်အခြေစိုက် ကုမ္ပဏီကုမ္ပဏီများကိုပါ စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့သည်။

ဇန်နဝါရီလ ၅ရက်တွင် အမေရိကန် ဘဏ္ဍာရေး ဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် အီရန်သည်“ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ ပြန့်ပွားခြင်း” နှင့် “ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း” စသည့် လှုပ်ရှားမှုများ အတွက် အီရန်၏ ဝင်ငွေများ ဆုံးရှုံးစေလို ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှုများအောက်တွင် အမေရိကန်နိုင်ငံအတွင်းရှိ နာမည်ပျက် စာရင်းဝင်သွားသည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများအားလုံး ပိတ်ဆို့ထားမည် ဖြစ်သည်။ အီရန်နှင့် အလုပ်လုပ်နေသည့် အမေရိကန် ဘဏ္ဍာရေး ကုမ္ပဏီများနှင့် အရောင်းအဝယ်များကိုလည်း တားမြစ်လိမ့်မည်။

ထရမ့်ပ် အုပ်ချုပ်ရေးသည် အီရန်နိုင်ငံအား ယူရေနီယမ် ၂၀ ရာခိုင်နှုန်း သန့်စင်နိုင်များအတွက် စီးပွားရေးအရ အထီးကျန်စေရန် ရည်ရွယ်၍ အရေးယူပိတ်ဆို့မှုများကို တိုးမြှင့်ခဲ့သည်။ နှစ်ဆယ်ရာခိုင်နှုန်း သန့်စင်မှုသည် ၂၀၁၅ ခုနှစ်က အီရန်နှင့် အဓိက အင်အားကြီးနိုင်ငံများ အကြား ချုပ်ဆိုခဲ့သော နျူကလီးယား သဘောတူညီမှုကို သိသိသာသာချိုးဖောက် နေခြင်းဖြစ်သည်။
လေ့လာသူများက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်တွင် သမ္မတရာထူးကို လက်ခံရယူမည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က မည်သို့ ဆက်လက် ဖြေရှင်းမည်ကို အာရုံစိုက်နေကြသည်။

ကျော်မွန်ဦး
Ref; Reuters
ChannelKeyMyanmar မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။