တခေတ်ဆန်းအုံးမှာဘဲ အမေရိကန်လေတပ်က ၂၀၂၂ ခုနှစ်အလယ်ခန့်၌ တိုက်လေယာဉ်များအပေါ်၌ လေဆာလက်နက်စနစ်တပ်ဆင်ရန်ရည်မှန်း

အမေရိကန်လေတပ်က ၂၀၂၂ ခုနှစ်အလယ်ခန့်၌ တိုက်လေယာဉ်များအပေါ်၌ လေဆာလက်နက်စနစ်တပ်ဆင်ရန်ရည်မှန်း

Self-Protect High Energy Laser Demonstrator သို့မဟုတ် SHiELD လို့ အမည်ပေးထားတဲ့ pod-mounted လေဆာစနစ်ကို တိုက်လေယာဉ်တွေမှာ တပ်ဆင်စမ်းသပ်ဖို့အတွက် အမေရိကန်က ကိုယ်ပိုင်လုပ်ဆောင်နေတာပါ။

ဝင်ရောက်လာတဲ့ ဒုံးကျည်စနစ်တွေကို ဖျက်ချပစ်ဖို့အတွက်လည်း ဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါစနစ်ကို စတဲလ်စွမ်းရည်မပိုင်ဆိုင် နိုင်တဲ့၊ ရန်သူ့ရေဒါကနေ မပုန်းကွယ်နိုင်တဲ့ တိုက်လေယာဉ်ဟောင်းတွေမှာ ပထမဆုံး တပ်ဆင်ဖွယ်ရှိနေပါတယ်။

၎င်းစနစ်ကို လော့ဟိမာတင်နဲ့ Air Force Research Laboratory က ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး လော့ဟိအနေနဲ့ Tactical Airborne Laser Weapon System (TALWS) လို့အမည်ရတဲ့ ကိုယ်ပိုင်လေဆာစနစ်ကိုလည်း တီထွင်ထုတ်လုပ်ထားဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ၎င်းစနစ်ကို SHiELD စနစ်မှာ ဒေတာတွေယူသုံးနိုင်ခြေရှိပါတယ်။

SHiELD နဲ့ TALWS စနစ်က pod-mounted system တွေဖြစ်တာကြောင့် နာမည်ကျော် အက်ဖ်-၂၂ နဲ့ အက်ဖ်-၃၅ အတွက်တော့ အဆင်မပြေနိုင်ပါဘူး။
ဒါ့ကြောင့် F-15E၊ F-15C နဲံ့ F-15EX Eagle fighters၊ F-16 Fighting Falcons နဲ့ A-10C Warthog တို့မှာတောင် တပ်ဆင်ဖို့အတွက် ထင်မြင်ယူဆ ရပါတယ်။

လေဆာစနစ်မှာ အားနည်းချက်အနည်းငယ်ရှိပါတယ်။ လေထုသက်ရောက်မှု၊ အထူးသဖြင့် ရေအစိုဓာတ်နှင့်မီးခိုးမှုန်များတွေဟာ လေဆာရဲ့ အစွမ်းသတ္တိ ကိုလျင်မြန်စွာမှေးမှိန်စေသလို လေဆာရောင်ခြည်ဟာ ပို၍ ဝေးလေလေ အားနည်းလေပါ။

ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
Myanmarnews24
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi







Myanmarnews24