အနဲတို့က‌တော့တို့လဲ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်ဖို့ကြံစည်နေ

နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်ဖို့ကြံစည်နေတဲ့ အိန္ဒိယရေတပ်

Cochin Shipyard Ltd က အင်ဂျင်နီယာတွေနဲ့ သင်္ဘောဒီဇိုင်းပညာရှင်တွေဟာ အိန္ဒိယရေတပ်အတွက် ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော Vikrant အားအပြီးသတ်အလုပ်များပေးနေစဉ်ပဲ နောက်ထပ် အလားအလာက လေယာဉ်တင်သင်္ဘောသစ်တစ်စီးကို ဆက်လက်တည်ဆောက်ဖို့ ကြံစည်နေတယ်လို့သိရှိရပါတယ်။

ဒီလေယာဉ်တင်သင်္ဘောဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့လည်း ဆိုလိုက်တာကြောင့် နျူကလီးယားသုံးလေယာဉ်တင်သင်္ဘောဖြစ်မလားလို့လည်း ထင်ကြေးပေးနေကြပါတယ်။
မည်သည့်ရန်လိုမှုမျိုးကိုမဆို အိန္ဒိယပင်လယ်ပြင်အတွက် လုံခြုံမှုပေးနိုင်မယ့် ရေယာဉ်မျိုးလို့လည်းဆိုပါတယ်။

အိန္ဒိယတာဝန်ရှိသူတွေကလည်း သူတို့မှာ ဒီလိုဆောင်ရွက်ဖို့အတွက် နည်းပညာဆိုင်ရာနဲ့ စွမ်းဆောင်ရည်ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
အိန္ဒိယရေတပ်ဟာ ပြည်တွင်းထုတ် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော Arihant ကို အသုံးပြုနေခဲ့တဲ့အတွေ့အကြုံလည်းရှိပါတယ်။

အဆိုပါရေငုပ်သင်္ဘောမှာ 50 MW Light Water Reactor စနစ်ကို အသုံးပြုထားတာပါ။ အဆိုပါ ဓာတ်ပေါင်းဖိုကို Bhabha Atomic Research Centre က ပါဝင်တည်ဆောက်ပေးထားတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။
Ref-AviP
crd:ကမ္ဘာ့သတင်းစုံ worldupdate

zawgyi




Ref-AviP