အနားပေးလိုက်တဲ့ F-16 တိုက်လေယာဉ်တွေကို ဒရုန်းယာဉ်တွေအဖြစ် အသွင်ပြောင်းသုံးစွဲမည့် အမေရိကန်လေတပ်

အမေရိကန်လေတပ်ကနေ အနားပေးလိုက်တဲ့ F-16 တိုက်လေယာဉ်တွေကို ဒရုန်းလေယာဉ်တွေအဖြစ် ပြန်လည်ပြုပြင် အသွင်ပြောင်းသုံးစွဲနိုင်ဖို့ အမေရိကန်တပ်က အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၇ သန်းတန် ကန်ထရိုက်လုပ်ငန်းကို Boeing ကုမ္ပဏီ ကိုအပ်နှံခဲ့ကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်က သဘောတူညီမှုရရှိခဲ့တဲ့ အဆိုပါ ကန်ထရိုက်စာချုပ်အရ F-16 Block 25 တိုက်လေယာဉ်နဲ့ F-16 Block 30 တိုက်လေယာဉ်စုစုပေါင်း ၁၅ စင်းကို QF-16 ဒရုန်းလေယာဉ်တွေအဖြစ် အသွင်ပြောင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

QF-16 ဒရုန်းလေယာဉ်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ QF-4 ဒရုန်း‌ လေယာဉ်တွေနေရာမှာ အစားထိုးသွား မှာဖြစ်ပါတယ်။

QF-4 ဒရုန်းလေယာဉ်တွေဟာ မက်ဒေါ်နယ် ဒေါက်ဂလပ်ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ F-4 Phantom တတိယမြောက်မျိုးဆက် တိုက်လေယာဉ်က ဆင်းသက်လာတဲ့ မောင်းသူမဲ့ လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ F-4 Phantom တိုက်လေယာဉ်ကို ၁၉၈၀ ပြည့်နှစ်တွေမှာ တာဝန်ကနေ အနားပေးခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ ၁၉၆၀ ပြည့်နှစ်တွေကတည်းက အနားပေးခဲ့တဲ့ တိုက်လေယာဉ်တွေကို F-100 ၊ F-102 နဲ့ F-106 လို ဒရုန်းလေယာဉ်တွေအဖြစ် Series လိုက် တွင်တွင်ကျယ်ကျယ် ပြောင်းလဲအသုံးပြုလျက်ရှိပါတယ်။

အဲဒီ ဒရုန်းလေယာဉ်တွေအနက်က လေယာဉ်အချို့ကတော့ လက်နက်စမ်းသပ်ပစ်ခတ်စဉ် ဆုံးရှုံးပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။ QF-16 ဒရုန်းလေယာဉ်ဟာ အမေရိကန်လေတပ်ရဲ့ တိုက်လေယာဉ်တွေကို ရန်သူ့လေ ကြောင်းခြိမ်းခြောက်မှုကနေ တန်ပြန်ရင်ဆိုင်ရာမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေးသွားနိုင်မှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

လေယာဉ်ကိုယ်ထည်နဲ့ လေယာဉ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို ပြောင်းလဲတပ်ဆင်ခြင်းတွေပြုလုပ်ပြီး ဒရုန်းလေယာဉ်အဖြစ် အသွင်ပြောင်းလိုက်ခြင်းအားဖြင့် အဲဒီ ဒရုန်းဟာ မောင်းသူတစ်ဦးတစ်ယောက်မျှ လိုက်ပါမောင်းနှင်ခြင်းမရှိဘဲ

Autopilot စနစ် နဲ့ အလိုအလျောက် မောင်းနှင်နိုင်မှာဖြစ်ပြီး မြေပြင်ထိန်းချုပ်ရေးစခန်းကနေ အမိန့်ပေးကိုင်တွယ်ထိန်းချုပ်တဲ့ နည်းလမ်းနဲ့လဲ ထိန်းကျောင်းမောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ Boeing ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

QF-16 ဒရုန်းလေယာဉ်ကို မောင်းနှင်အသုံးပြုစဉ် အဲဒီဒရုန်းလေယာဉ်ကို ထိန်းချုပ်မရတော့ပါက အလိုအလျောက် ဖျက်ဆီးပစ်နိုင်သော ပျံသန်းမှုဆိုင်ရာ ရပ်တန့်မှ စနစ်ကို ထည့်သွင်းတပ်ဆင်ထားကြောင်း Air Force Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်လေတပ်ဟာ ၂၀၂၂ ခုနှစ်မှာ QF-16 ဒရုန်းလေယာဉ် အစင်း ၂၁၀ အထိဝယ်ယူသွားဖို့ မျှော်လင့် ထား ကြောင်း၊ Boeing ကုမ္ပဏီအနေနဲ့ ၂၀၁၅ ခုနှစ်မှာ အမေရိကန်လေတပ်နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့

QF-16 ဒရုန်းလေယာဉ်စင်းရေ ၂၀ အနက် ၅၀ စင်းကို ပြန်လည်ပြုပြင်အသွင်ပြောင်းလဲမှု တွေပြုလုပ်ပြီး အမေရိကန်လေတပ်ကို ပို့ဆောင်ပြီးသွားပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Credit_ Author;စစ်သွေးညီ