ဒီတစ်ခေါက်မှာတော့ သရဲနီ ပရိသတ်တွေ သဘောကျမယ့် ယူနိုက်တက်အသင်းရဲ့
အမျိုးသမီး အစီအစဥ်တင်ဆက်သူလေး တစ်ယောက်နဲ့တင်ဆက်ပေးချင်ပါတယ်။
သူမရဲ့ နာမည်ကတော့ ခရစ်စ္စတီ လူဝီ ရှယ်လ်ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကိုယ်ပိုင်
channel ဖြစ်တဲ့ MUTV မှာ ဗီဒီယိုသတင်းထောက် အနေနဲ့ရော
အစီအစဥ်တင်ဆက်သူအနေနဲ့ပါလုပ်ကိုင်နေတာပါ။

၁၉၉၂ ခုနှစ်မှာ မွေးဖွားတဲ့ ခရစ္စတီကတော့ တစ်ချိန်က အတွင်းခံကြော်ငြာ
မော်ဒယ်လ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမရဲ့ ရုပ်ရည် နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့်
MUTV ရဲ့ တင်ဆက်သူတစ်ယောက်အဖြစ် လွယ်လွယ်ကူကူရွေးချယ်ခံခဲ့ရတယ်လို့
သင်ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။
ငယ်စဥ်ကတည်းက အားကစားကို နှစ်သက်တဲ့ ခရစ္စတီဟာ စတိတ်ကျောင်းသူဘဝမှာ
ရေကူးအားကစားသမား တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ကျောင်းတွင်း အားကစားအသင်
းခေါင်းဆောင် တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ ခရစ္စတီဟာ ၂၀၁၄ ခုနှစ်မှာ
စာနယ်ဇင်း ပညာနဲ့ ဘွဲ့ရခဲ့ပြီး ရေဒီယို လိုင်းတွေနဲ့ ရုပ်သံ အစီအစဥ်အချို့မှာ
လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေရှိနှင့်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ အတွင်းခံ အမှတ်တံဆိပ်တစ်ခုရဲ့ မော်ဒယ်လ်အနေနဲ့
လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ MUTV ရဲ့ တင်ဆက်သူတစ်ယောက်
ဖြစ်လာတဲ့ ခရစ္စတီဟာ သရဲနီ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
Zawgyi
ဒီတစ်ခေါက်မှာတော့ သရဲနီ ပရိသတ်တွေ သဘောကျမယ့် ယူနိုက်တက်အသင်းရဲ့
အမျိုးသမီး အစီအစဉ်တင်ဆက်သူလေး တစ်ယောက်နဲ့တင်ဆက်ပေးချင်ပါတယ်။
သူမရဲ့ နာမည်ကတော့ ခရစ်စ္စတီ လူဝီ ရှယ်လ်ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကိုယ်ပိုင်
channel ဖြစ်တဲ့ MUTV မှာ ဗီဒီယိုသတင်းထောက် အနေနဲ့ရော
အစီအစဉ်တင်ဆက်သူအနေနဲ့ပါလုပ်ကိုင်နေတာပါ။

၁၉၉၂ ခုနှစ်မှာ မွေးဖွားတဲ့ ခရစ္စတီကတော့ တစ်ချိန်က အတွင်းခံကြော်ငြာ
မော်ဒယ်လ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမရဲ့ ရုပ်ရည် နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့်
MUTV ရဲ့ တင်ဆက်သူတစ်ယောက်အဖြစ် လွယ်လွယ်ကူကူရွေးချယ်ခံခဲ့ရတယ်လို့
သင်ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။
ငယ်စဉ်ကတည်းက အားကစားကို နှစ်သက်တဲ့ ခရစ္စတီဟာ စတိတ်ကျောင်းသူဘဝမှာ
ရေကူးအားကစားသမား တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ကျောင်းတွင်း အားကစားအသင်
းခေါင်းဆောင် တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ ခရစ္စတီဟာ ၂၀၁၄ ခုနှစ်မှာ
စာနယ်ဇင်း ပညာနဲ့ ဘွဲ့ရခဲ့ပြီး ရေဒီယို လိုင်းတွေနဲ့ ရုပ်သံ အစီအစဉ်အချို့မှာ
လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေရှိနှင့်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ အတွင်းခံ အမှတ်တံဆိပ်တစ်ခုရဲ့ မော်ဒယ်လ်အနေနဲ့
လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ MUTV ရဲ့ တင်ဆက်သူတစ်ယောက်
ဖြစ်လာတဲ့ ခရစ္စတီဟာ သရဲနီ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။
mdiarymm