■ထိုင်းမှာဖမ်းမိတဲ့ ဒေါ်လာငွေစက္ကူအတုတွေဟာ ကမ္ဘာ့ဘဏ်ကလွဲပြီး ကြိုက်တဲ့နည်းနဲ့စစ် အစစ်တွေပါဘဲ

မနေ့ကထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးနခွန်ပထုမ်ခရိုင် ဘန်းလိန်းမြို့က ဂိုဒေါင်တစ်ခုမှာ အမေရိကန်ဒေါ်လာငွေစက္ကူအတုထုတ်လုပ်တဲ့ဂိုဏ်းကနေ စက်တွေနဲ့အတူ ထုတ်လုပ်ပြီးသားငွေစက္ကူအရွက်ရေ ၃၆၀၀၀ ကို PCT ဆိုက်ဘာရဲတပ်ဖွဲ့က တရားခံအမျိုးသမီး ၄ ဦးနဲ့အတူဖမ်းဆီးရမိခဲ့ကြတယ် ။
စုံစမ်းသိရှိရသလောက် စက်ရဲ့တန်ဘိုးဟာ ထိုင်းဘတ်ငွေ ၅ / ၆ သိန်းတန်ပါတယ် ၊ ငွေစက္ကူမိုဒီဇိုင်းရိပ်နှိပ်တဲ့ ပုံစံခွက်ဘလောက်ပြား ရှေ့နောက် ၂ ချပ်ကို ဘတ် ဘတ် ၇ သိန်းပေးရသည် ၊ ပုံနှိပ်စက် Digi UV Coater စက်တစ်လုံးကိုဘတ် (၂ ) သိန်းနီးပါးရှိသည် ၊ တစ်ရက်ကိုငွေစက္ကူအရွက်ရေ ၂၀၀၀၀ သောင်းထုတ်လုပ်နိုင်ပါသည် ။

ဒေါ်လာငွေစက္ကူထုတ်လုပ်သည့် Thomas Dela Rue ခေါ်တဲ့စက္ကူလိပ်တစ်လိတ်ကို ဘတ် ၁ သိန်းခွဲရှိပါသည် ၊ ၁ လိပ်ကို A3 စက္ကူ 300 ခန့်ထွက်ပါသည် ၊ A3 စက္ကူတစ်ရွက်ကို ဒေါ်လာငွေစက္ကူ ၁၀၀ တန် ၆ ရွက်ခန့်ထုတ်လုပ်သည်ဟုသိရှိရသည် ၊ မှင်ရည်ကိုတော့ဂျာမဏီနှင့်တရုတ်ကနေတင်သွင်းရပြီး ၁ လီတာကို ထိုင်းဘတ် ၃ သောင်းကျော်ကုန်ကျသည် ၊ စက္ကူကလည်းအမေရိကန်က မှောင်ခိုစျေးကွက်နေ အစစ်တွေဝယ်သွင်းကြတာမို့ ဒေါ်လာ ငွေစက္ကူတွေအားလုံးဟာ လုံးဝ ( လုံးဝ ) အစစ်တွေပါဘဲ ၊ ၉၀ % ထက်တောင်ကျော်လွန်နေပါတယ် ၊ ကမ္ဘာ့ဘဏ်ကလွဲ၍ ကြိုက်သလိုအစစ်ဆေးခံနိုင်တယ် ၊ ရေစိမ်ခံနိုင်တယ်လို့ဆိုပါတယ် ၊။

မှောင်ခိုစျေးကွက်မှာ ငွေစက္ကူဒေါ်လာ ၁၀၀ ကို ထိုင်းဘတ် ၆၀၀ နှင့်ရောင်းချပေးခဲ့တာမို့ ဒေါ်လာ ၅ မီလျံခန့်ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်တာမို့နယ်စပ်ဒေသတွေကိုရောက်မလာနိုင်ဘူးလို့ ပြောလို့မရသလို နယ်စပ်ကနေတဆင့်မိမိနိုင်ငံအတွင်းကိုလည်းမရောက်နိုင်ဘူးလို့အာမမခံနိုင်ပါဘူး ။
ဒေါ်လာစုဆောင်းထားသူတွေအနေနဲ့ မူလလာရာ နေရာနဲ့ Exchange Money တွေကနေလဲလှယ်စုဆောင်း ထားကြမယ်ဆိုရင်တော့ အရွက်ကြီးတွေရဲ့ငွေနံပါတ်တွေကိုသေသေချာချာရေးမှတ်ထားကြဘို့လိုပါတယ် ။

ကိုယ်တွေက ဘတ်ဘတ်ဘဲ ကိုင်သုံးရတာမို့ ဒေါ်လာတုတုစစ်စစ် ရင်မခုန်ပါဘူး ၊ ဒေါ်လာငွေတွေ ဘတ်ထားသူတွေအတွက်တော့ သွေးတိုးနေကြမှာစိုးလို့စေတနာနဲ့ သတိပေးရေးသားလိုက်တာပါ ၊ တုတာဆိုလို့တရားဝင်သူ့နိုင်ငံကမထုတ်လုပ်တာဘဲရှိပါသည် ။
ဘယ်သူတွေနဲ့ပေါင်းသလဲဆိုတာတော့မရေးတော့ပါဘူး ။ တော်ကြာ အမေရိကားကိုသွားလည်ရင် မိမိအတွက်အန္တရာယ်ရှိနိုင်တယ်လေ

crd

crd Photo