အတက်အကျ အမြဲရှိနေတဲ့ ရွှေစျေးကို ပုံသေစျေး သတ်မှတ်ပြီး ရောင်းခိုင်းခြင်း‌ နောက်ဆက်တွဲ

အတက်အကျ အမြဲရှိနေတဲ့ ရွှေစျေးကို ပုံသေစျေး သတ်မှတ်ပြီး ရောင်းခိုင်းခြင်း‌ နောက်ဆက်တွဲ

အတက်အကျအမြဲရှိနေတဲ့ ရွှေဈေးကွက်တစ်ခုကို ပုံသေဈေးတန်းတစ်ခုပဲ သတ်မှတ်ပြီး ရောင်းချခိုင်းတာက မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာနိုင်တယ်လို့ ရွှေရောင်းဝယ်သူတွေ မှတ်ချက်ပြုပါတယ်။

“ဈေးကွက်က ဒေါ်လာဈေးကိုလိုက်ပြီး အတက်အကျနဲ့ သူ့ဖာသာသူဖြစ်နေတာ၊ အမိန့်ထုတ်ပြန်ချက်တွေနဲ့ သတ်မှတ်လိုက်ရင် မှောင်ခိုဈေးကွက်က ဖြစ်လာနိုင်ပြီးတော့ အရောင်းအဝယ်ကြားမှာ ကွာဟချက်က ကြီးမားသွားနိုင်တယ်။ ဆိုင်တွေက သတ်မှတ်ဈေးနဲ့ရောင်းဆိုရောင်းမှာပဲ ပြီးရင် အလျော့တွက် လက်ခပိုတင်ရောင်းတဲ့အခါကြ ဘာမှမထူးတော့ဘူး ၂၆ သိန်း ၂၇ သိန်း လောက်ထိဖြစ်သွားတာတော့ ဝယ်သူ ပဲရှုံးတာ။ ဝယ်သူက အများပြည်သူဆိုတော့ သူတို့ပဲ နစ်နာမယ်။

ပြန်ရောင်းတဲ့အခါကျလည်း ဆိုင်တွေမှာ အောက်ဈေးနဲ့ ပြန်ရောင်းရတဲ့ အခြေအနေဆိုတော့ တခါ နစ်နာမယ်ပေါ့။ ရွှေဈေးကတော့ ပေါက်ဈေးအတိုင်းသွားပြီး တက်တက်ကျကျ အဝယ်အရောင်းကြား ကွာဟချက် မကြီးမှပဲ အများပြည်သူ မနစ်နာမယ့် အနေအထားပါ” လို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေတစ်ကျပ်သား ၂,၅၃၀,၀၀၀ ကျပ်နဲ့ရောင်းချဖို့ ပန်ကြားလွှာထုတ်ပြန်ခဲ့ပြီး မနေ့ကဈေးကွက်ပြန်ဖွင့်ချိန်ထိ ရွှေဆိုင်တွေက အဲ့ဒီဈေးတန်းနဲ့ ရောင်းချနိုင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ယခုလို ဈေးနှုန်း သတ်မှတ်ပေးရခြင်းမှာ ရွှေဈေးကွက်ထိန်းသိမ်းရေးကော်မတီမှ ညွှန်ကြားလာသည့်အတွက် အသင်းအနေဖြင့် မေတ္တာရပ်ခံပေးခြင်းသာဖြစ်ပြီး ကြပ်မှတ်ဆောင်ရွက်မည့်အပိုင်းများကို အဆိုပါ ကော်မတီမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားပါသည်။

“ရွှေဈေးကွက်ထိန်းသိမ်းရေးအဖွဲ့က ဒီဈေးနဲ့ ရောင်းချပေးဖို့ မေတ္တာ ရပ်ခံခိုင်းတယ်။ ဦးတို့ (YGEA) ကလည်း မေတ္တာရပ်ခံပေးတယ်။ ရောင်းတာ မရောင်းတာသည် ဆိုင်ရှင်ရဲ့ ဆိုင်သမားတွေရဲ့ အလုပ်ဖြစ်ပါတယ်။ အဲဒါကို ဈေးကွက်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီကပဲ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကြောင်းရင်းက ဒီလောက်ပဲပြောလို့ရတယ်။ ကျန်တာက ဥပဒေရေးရာတွေနဲ့ သူတို့ ဌာနဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့အတွက် ဘာမှ ပြောလို့မရဘူး” ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိ ရွှေအသင်းက ထုတ်ပြန်တဲ့ မီးလင်းရွှေတစ်ကျပ်သား ရည်ညွှန်းဈေးက ၁၉ သိန်း ၃ သောင်းကျော်ဝန်းကျင်မှာရှိပေမယ့် ယနေ့ နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်း ဈေးကွက်ထဲမှာ တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းကတော့ ရောင်း‌စျေး ၂၆ သိန်း ၅ သောင်းခွဲနဲ့ ဝယ်စျေး ၂၆ သိန်း ၃ သောင်းခွဲ လို့ စျေးကွက်အတွင်းမှ သိရပါတယ်။ ရွှေဆိုင်တွေအားလုံးကို ပန်ကြားတဲ့ ရောင်စျေးက ၂,၅၃၀,၀၀၀ ဆိုတော့ မြန်မာပြည်မှာ ရွှေစျေးက (၃) မျိုးဖြစ်နေပြီး မကြာမှီ မှောင်ခိုစျေးကွက်တွေ ပေါ်ပေါက်လာပါတော့မည်။




4

Crd

arkarta