အစ္စရေးကIron Domeစနစ်များကိုအမေရိကန်ကြည်းတပ်သို့ထပ်မံပေးပို့မည်

အစ္စရေးက Iron Dome စနစ်များကို အမေရိကန်ကြည်းတပ်သို့ထပ်မံပေးပို့မည်

ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ အမေရိကန်ကြည်းတပ်အနေဖြင့် Rafael Advanced Defense Systems ထုတ်
Iron Dome စနစ်များကို နောက်ထပ်ထပ်မံရရှိမည်ဖြစ်သည်ဟု သိရှိရသည်။

ထိုသို့ပေးပို့ခြင်းသည် အမေရိကန်နှင့်အစ္စရေးအကြား ခြိမ်းခြောက်မှုအမျိုးမျိုး ကိုထိရောက်စွာကာကွယ်နိုင်ရန်နှင့် အစ္စရေးစနစ်များ၏ စွမ်းရည်ကို ပြသခြင်း လည်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်သူ Gantz ကဆိုသည်။

Iron Dome စနစ်သည် ကမ္ဘာ့အကောင်းဆုံး ဒုံးကျည်ကာကွယ်ရေးစနစ်တစ်မျိုးဖြစ်ပြီး ရာသီဥတုမရွေးတပ်ဖြန့်အသုံးပြုနိုင်သည့် စနစ်တစ်ခုဖြစ်ကာ တိကျမှု ၉၀ ရာခိုင်နှုန်းရှိသည်ဟု လက်တွေ့အသုံးချနေမှုများအရသိရှိရသည်။

Ref-DB
Credit – Myanmarnews24