အကြမ်းဖက်အဖွဲ့ကနေ အစိုးရဖြစ်လာနိုင်သည့် တာလီဘန်အဖွဲ့နှင့် တရုတ်တွေ့ဆုံ

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ဝင်၉ ဦး သည် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ရောက်ရှိနေပြီး အာဖဂန် နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လုံခြုံရေး ကိစ္စရပ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ယင်းကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၈ ရက် ယနေ့တွင် ပြောကြား သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် စထရိတ်တိုင်းမ် သတင်းစာက ရေးသားဖော်ပြသည်။

တာလီဘန်ပြောခွင့်ရသူ မိုဟာမက်နေးက “နိုင်ငံရေး၊ စီးပွားရေး၊ နှစ်နိုင်ငံစလုံး ၏ လုံခြုံရေး၊ အာဖဂန်နစ္စတန် လက်ရှိ အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တို့နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း” တွတ်စ်တာ လူမှုကွန်ရက်တွင် ရေးသား လွှင့်တင်ထားသည်။

တာလီဘန် စေ့စပ်ညှိနှိုင်းရေးမှူးနှင့် ဒုတိယခေါင်းဆောင် မူလာဘာရဒါအခန်း ဦးဆောင်သောအဖွဲ့သည် အာဖဂန်နစ္စတန် အတွက် တရုတ်အစိုးရ ခန့်အပ်ထား သော အထူးသံတမန်နှင့်လည်း ယခုခရီးစဉ်တွင် တွေ့ဆုံခဲ့ကြောင်း၊ တရုတ် အာဏာပိုင်များ၏ ဖိတ်ကြားချက်အရ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း မိုဟာမက်နေးက ရေးသားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံမြောက်ပိုင်းရှိ တီယန် ဂျင်းမြို့တွင် တာလီဘန် ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနကလည်း တစ်ချိန်တည်းတွင် သတင်းထုတ်ပြန်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများ တိုးပွားလာသည်နှင့်အမျှ သူပုန်အုပ်စုကို နိုင်ငံတကာအဆင့်အတွင် အသိအမှတ် ပိုမိုခိုင်မာအောင် ပြုလုပ်နိုင်ကြောင်း တာလီဘန်များကို တရားဝင် လက်ခံတွေ့ဆုံခဲ့သည့် နိုင်ငံကြီး နှစ်နိုင်ငံ၏ ခြေလှမ်းကို ယခုခရီးစဉ်တွင် သိသာထင်ရှားစွာ မြင်ရသည်။

တာလီဘန်စစ်သွေးကြွများသည် ကာတာနိုင်ငံနှင့် နိုင်ငံရေးဆွေးနွေးမှု ရှိနေပြီး အာဖဂန်အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးနေကာ အီရန်နိုင်ငံသို့ လည်း ၎င်းတို့ တာလီဘန်ကိုယ်စားလှယ်များ စေလွှတ်ခဲ့သေးသည်။

PyanHlwar
Source: The Straits Times

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi