ဖိလစ်ပိုင်အစိုးရကတရုတ်သံအမတ်ကိုထပ်မံဆင့်ခေါ်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရပြောရေးဆိုခွင့်ရှိသူကယနေ့အင်္ဂါနေ့မှာပြောဆို

ဖိလစ်ပိုင်အစိုးရကတရုတ်သံအမတ်ကိုထပ်မံဆင့်ခေါ်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရပြောရေးဆိုခွင့်ရှိသူက ယနေ့အင်္ဂါနေ့မှာပြောဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံရေပိုင်နက်အတွင်းရှိ Whitsun သန္တာကျောက်တန်းမှာ ကျောက်ချထားတဲ့ တရုတ်သင်္ဘောတွေကိစ္စခေါ်ပြောတာဖြစ်ပါတယ်။

ဖိလစ်ပိုင် Foreign Undersecretary Elizabeth Buensuceso က တရုတ်သံအမတ်အား Julian Felipe သန္တာကျောက်တန်းမှာရှိနေတဲ့ တရုတ်သင်္ဘောတွေကိစ္စကို လက်မခံနိုင်ကြောင်းခေါ်ပြောခဲ့တာဖြစ်ပါတယ်။Julian Felipe ဆိုတာ Whitsun သန္တာကျောက်တန်းကို ဖိလစ်ပိုင်ကခေါ်တဲ့အမည်ပါ။ဒီသန္တာကျောက်တန်းဟာ ဖိလစ်ပိုင်နိုင်ငံ Palwan ပြည်နယ်ကမ်းခြေကနေ ရေမိုင် ၁၇၅ မိုင်အကွာမှာရှိပါတယ်။

၂၀၁၆ ခုနှစ် နိုင်ငံတကာနယ်မြေအငြင်းပွားမှုခုံရုံးမှာ ဖိလစ်ပိုင်က တရုတ်အပေါ်မှာ အနိုင်ရခဲ့ပါတယ်။ဖိလစ်ပိုင်ရေပိုင်နက်ထဲရောက်နေတဲ့ တရုတ်သင်္ဘော အစီး ၂၀၀ မှာ အခုအခါအစီး ၄၀ လောက်ကျန်နေတယ်လို့ဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံသားအတော်များများက ဒီကိစ္စအပေါ်မှာ သမ္မတဒူတာတေးကိုအရေးယူဆောင်ရွက်တာနှေးလို့ ပြစ်တင်ဝေဖန်နေကြပါတယ်။ဖိလစ်ပိုင်အစိုးရက တရုတ်သံအမတ်ကို ဒီကိစ္စနဲ့ခေါ်ပြောတာ တစ်ကြိမ်မကတော့ပါဘူး။ သံတမန်ရေးရာအရ အလွန်အရှက်ရစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။

credit – Richard Myo Thant