အင်္ဂါဂြိုလ်ကို ၄၅ ရက်နဲ့ သွားနိုင်မယ့် နည်းပညာကို သိပ္ပံပညာရှင်တွေ ဖန်တီးနေ


အင်္ဂါဂြိုလ်ကို ၄၅ ရက်နဲ့ သွားနိုင်မယ့် နည်းပညာကို သိပ္ပံပညာရှင်တွေ ဖန်တီးနေ

သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုလ်မှာ လူသားတွေ အခြေချနေထိုင်နိုင်အောင် ကြိုးစားနေကြပါတယ်။ ဒါပေမယ့် လက်ရှိ ဒုံးပျံတွေနဲ့သွားရင် ၇ လလောက်ကြာမှာ ဖြစ်တဲ့အတွက် လူသားတွေ အခြေချနေထိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ အဲဒီအတွက် NASA က အနည်းဆုံး ကီလိုဂရမ် ၁,၀၀၀ ကို သယ်ဆောင်ပြီး ၄၅ ရက်နဲ့ သွားနိုင်မယ့် နည်းပညာကို ရှာဖွေဖို့ အင်ဂျင်နီယာတွေကို စိန်ခေါ်လိုက်ပါတယ်။

Nasa lands spacecraft on Mars to explore deep into planet's interior | Financial Times

အခုတော့ McGill တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက အင်္ဂါဂြိုလ်ကို ၄၅ ရက်ထဲနဲ့ ခရီးသွားနိုင်မယ့် နည်းပ့ညာ အသစ် ၁ ခုကို တွေ့ရှိထားပါတယ်။ ပညာရှင် အဖွဲ့ဟာ အင်္ဂါဂြိုလ်ကို သွားဖို့ ကမ္ဘာပတ်လမ်းကြောင်းက အာကာသယာဉ် ၁ စီးကို ကမ္ဘာကနေ စွမ်းအားပေးဖို့ ၁၀ မီတာ အကျယ်ရှိတဲ့ လေဆာရောင်ခြည်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ လေဆာရောင်ခြည်က အာကာသယာဉ်ကို လျှင်မြန်စွာ မောင်းနှင်နိုင်တဲ့ စွမ်းအားကို ထုတ်လုပ်ပေးနိုင်ပြီး အာကာသယာဉ်ဟာ လေးလံတဲ့ လောင်စာဆီတွေ သယ်ဆောင်စရာ မလိုဘဲ ပေါ့ပါးလျှင်မြန်စွာ ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။

Mars, here we come: Breaking down the most advanced spacecraft in human history | Mashable

ဒီနည်းပညာကို Acta Astronautica ဂျာနယ်မှာ ဖော်ပြထားပြီး တကယ်အောင်မြင်မယ်ဆိုရင် ကုန်ပစ္စည်းတွေနဲ့ အာကာသယာဉ်မှူးတွေကို ရက်တိုတိုနဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Ref : freethink

Crd




10

Crd

arkarta