အင်္ဂလိပ်တွေ ဆယ်ယူလို့မရခဲ့တဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို မြန်တွေ ဘယ်လို ဆယ်ယူခဲ့ကြလဲ

အင်္ဂလိပ်တွေ ဆယ်ယူလို့မရခဲ့တဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို မြန်တွေ ဘယ်လို ဆယ်ယူခဲ့ကြလဲ

စဉ့်ကူးမင်းခေါင်းလောင်းအား အလောင်းမင်းတရားကြီ၏ ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်းက ပန်းတည်းဝန် ပညာဒေ၀ ကို သွန်းလုပ်ရန် တာဝန်ပေးခဲ့ပါတယ်။သွန်းလုပ်နေဆဲအချိန်မှာပင် ဆင်ဖြူရှင်မင်း နတ်ရွာစံခဲ့ပါတယ်။ဆင်ဖြူရှင်မင်း၏ အရိုက်အရာအား သားတော် စဉ့်ကူးမင်းက ဆက်ခံခဲ့ပြီး ခေါင်းလောင်းကြီးအား ဆက်လက်သွန်းလုပ်စေခဲ့ပါတယ်။စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီကို အလှူအမျိုးမျိုးပြုခဲ့ရာတွင် ခေါင်းလောင်းကြီးလည်းပါဝင်ခဲ့ပါတယ်။မဟာဃဏ္ဍဘွဲ့ပေးကာ ရွှေတိဂုံစေတီ၏ အနောက်မြောက်ဖက်တွင် တန်ဆောင်းနှင့် တကွ လှူဒါန်းခဲ့ပါတယ်။စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿရှိပြီး တန်ချိန်အားဖြင့် ၂၄ တန်လေးပါတယ်။ အရှည် ၁၁ပေခွဲရှိပြီး ခေါင်းလောင်းအဝအကျယ်မှာ ၆ပေ ၈လက်မ ကျယ်ပြီး ထု မှာ ၁ပေ ရှိပါတယ်။၁၇၇၈ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲမှာ ရန်ကုန်အသိမ်းခံရပြီးနောက် ခေါင်းလောင်းကြီအား ဖြုတ်ယူဖို့ အင်္ဂလိပ်တို့က ကြံစည်ခဲ့ပါတယ်။အောင်ပွဲအထိမ်းအမှတ်နဲ့ အင်္ဂလန်ကို ယူရန်ကြံစည်တာပါ။လူအင်အားများစွာနဲ့ ကုန်းတော်ပေါ်ကနေ မြစ်ဆိပ် ၊ မြစ်ဆိပ်ကနေ သင်္ဘောပေါ်သို့ တင်ခဲ့ပါတယ်။ တင်နေစဉ်မှာပဲ တိမ်းချော်ပြီး ခေါင်းလောင်းကြီးဟာ လှိုင်မြစ်ထဲကို ကျသွားခဲ့ရပါတယ်။အင်္ဂလိပ်တို့ ကျွမ်းကျင်အင် ဂျင်နီယာများဦးဆောင်ကာ သင်္ဘောများဖြင့် နည်းအမျိုးမျိုးဖြင့် ပြန်ဆယ်ဖို့ ကြိုးစားသော်လည်း မရတဲ့အဆုံးမှာ လက်လျှော့လိုက်ရပါတယ်။

ထိုအချိန်မှာပဲ မြန်မာများက အင်္ဂလိပ်အာဏာပိုင်များနှင့် တွေ့ဆုံကာ “ခေါင်းလောင်းကြီးအား မိမိတို့ကြိုးစားဆယ်ယူပါမည်၊ ဆယ်ယူ၍ရပါက မူလနေရာ ကုန်းတော်ပေါ်တွင် ပြန်ထားခွင့်ပြုရမည်” ဟု ပြောဆိုခဲ့ပါတယ်။သူတို့ခေတ်မီ နည်းစနစ်တွေနဲ့ ဆယ်တာတောင်မရတာ ၊ မြန် မာတွေဘယ်နည်းနဲ့မှ ဆယ်နိုင်မည်မဟုတ် ဟု လှောင်ပြောင်ကာ အလွယ်တကူပင်ခွင့်ပြုလိုက်ပါတယ်။ရှေးမြန်မာတို့၏ ဆယ်ယူပုံနည်းလမ်း မှာ ပထမဦးစွာ မြစ်ရေအကျဆုံးအချိန်တွင် ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင် နဲ့ မြဲအောင်ချည်နှောင်ပါတယ် ၊ ကျောက် ကြိုးကိုခေါင်းလောင်းအထက်နားမှာ ရပ်နေတဲ့မော်တော်နဲ့ ဆက်ထားစေပါတယ်။မြစ်ရေတက်လာသောအခါ သင်္ဘောလည်းမြင့်တက်လာခဲ့ပြီး ချည်ထားခဲ့သော ခေါင်းလောင်းကြီးသည်လည်း မြစ်အတွင်းမှအပေါ်ကိုကြွလာပါတယ်။ ထို့နောက်ကြိုးများနဲ့ ထပ်မံချည်နှောင်စေပြီး ကမ်းနားစပ်သို့ဆွဲယူခဲ့ကြပါတော့တယ်။လှောင်ပြောင်ခဲ့တဲ့ အင်္ဂလိပ်တို့မှာ မြန်မာတို့ရဲ့နည်းလမ်းကို အံသြခဲ့ပြီး သူတို့ကတိအတိုင်း မူလနေ ရာ ကို ပြန်တင်ခွင့်ပြုလိုက်ရပါတယ်။ထိုနည်းနဲ့ စဉ်းကူးမင်းခေါင်းလောင်းကြီးကို ဆယ်ယူခဲ့ပြီး မူလနေရာ ရွှေတိဂုံကုန်းတော်ပေါ်ကို ၁၈၂၆ ခုနှစ်မှာ အခမ်းအနားနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။မြစ်အတွင်းမှ ဆယ်ယူရာတွင် အထိအခိုက်များရှိခဲ့ပြီး သက်တမ်း ၂၅၀နှစ် နီးပါးရှိသော နှုတ်ခမ်းသားများပဲ့နေတဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ယခုထက်တိုင် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ မြင်နိုင်ပါသေးတယ်။

မူရင်း Credit

[zawgyi]

စဥ့္ကူးမင္းေခါင္းေလာင္းအား အေလာင္းမင္းတရားႀကီ၏ ဒုတိယေျမာက္သားေတာ္ ဆင္ျဖဴရွင္မင္းက ပန္းတည္းဝန္ ပညာေဒ၀ ကို သြန္းလုပ္ရန္ တာဝန္ေပးခဲ့ပါတယ္။သြန္းလုပ္ေနဆဲအခ်ိန္မွာပင္ ဆင္ျဖဴရွင္မင္း နတ္႐ြာစံခဲ့ပါတယ္။ဆင္ျဖဴရွင္မင္း၏ အ႐ိုက္အရာအား သားေတာ္ စဥ့္ကူးမင္းက ဆက္ခံခဲ့ၿပီး ေခါင္းေလာင္းႀကီးအား ဆက္လက္သြန္းလုပ္ေစခဲ့ပါတယ္။စဥ့္ကူးမင္းသည္ ေ႐ႊတိဂုံေစတီကို အလႉအမ်ိဳးမ်ိဳးျပဳခဲ့ရာတြင္ ေခါင္းေလာင္းႀကီးလည္းပါဝင္ခဲ့ပါတယ္။မဟာဃ႑ဘြဲ႕ေပးကာ ေ႐ႊတိဂုံေစတီ၏ အေနာက္ေျမာက္ဖက္တြင္ တန္ေဆာင္းႏွင့္ တကြ လႉဒါန္းခဲ့ပါတယ္။စဥ့္ကူးမင္းေခါင္းေလာင္း၏ အေလးခ်ိန္မွာ ၁၅၅၅၅ ပိႆရွိၿပီး တန္ခ်ိန္အားျဖင့္ ၂၄ တန္ေလးပါတယ္။ အရွည္ ၁၁ေပခြဲရွိၿပီး ေခါင္းေလာင္းအဝအက်ယ္မွာ ၆ေပ ၈လက္မ က်ယ္ၿပီး ထု မွာ ၁ေပ ရွိပါတယ္။၁၇၇၈ခုႏွစ္မွာ သြန္းလုပ္ၿပီးစီးခဲ့ပါတယ္။ ၁၈၂၄ ခုႏွစ္ အဂၤလိပ္ ျမန္မာ ဒုတိယစစ္ပြဲမွာ ရန္ကုန္အသိမ္းခံရၿပီးေနာက္ ေခါင္းေလာင္းႀကီအား ျဖဳတ္ယူဖို႔ အဂၤလိပ္တို႔က ႀကံစည္ခဲ့ပါတယ္။ေအာင္ပြဲအထိမ္းအမွတ္နဲ႔ အဂၤလန္ကို ယူရန္ႀကံစည္တာပါ။လူအင္အားမ်ားစြာနဲ႔ ကုန္းေတာ္ေပၚကေန ျမစ္ဆိပ္ ၊ ျမစ္ဆိပ္ကေန သေဘၤာေပၚသို႔ တင္ခဲ့ပါတယ္။ တင္ေနစဥ္မွာပဲ တိမ္းေခ်ာ္ၿပီး ေခါင္းေလာင္းႀကီးဟာ လႈိင္ျမစ္ထဲကို က်သြားခဲ့ရပါတယ္။အဂၤလိပ္တို႔ ကြၽမ္းက်င္အင္ ဂ်င္နီယာမ်ားဦးေဆာင္ကာ သေဘၤာမ်ားျဖင့္ နည္းအမ်ိဳးမ်ိဳးျဖင့္ ျပန္ဆယ္ဖို႔ ႀကိဳးစားေသာ္လည္း မရတဲ့အဆုံးမွာ လက္ေလွ်ာ့လိုက္ရပါတယ္။ထိုအခ်ိန္မွာပဲ ျမန္မာမ်ားက အဂၤလိပ္အာဏာပိုင္မ်ားႏွင့္ ေတြ႕ဆုံကာ “ေခါင္းေလာင္းႀကီးအား မိမိတို႔ႀကိဳးစားဆယ္ယူပါမည္၊ ဆယ္ယူ၍ရပါက မူလေနရာ ကုန္းေတာ္ေပၚတြင္ ျပန္ထားခြင့္ျပဳရမည္” ဟု ေျပာဆိုခဲ့ပါတယ္။သူတို႔ေခတ္မီ နည္းစနစ္ေတြနဲ႔ ဆယ္တာေတာင္မရတာ ၊ ျမန္ မာေတြဘယ္နည္းနဲ႔မွ ဆယ္ႏိုင္မည္မဟုတ္ ဟု ေလွာင္ေျပာင္ကာ အလြယ္တကူပင္ခြင့္ျပဳလိုက္ပါတယ္။ေရွးျမန္မာတို႔၏ ဆယ္ယူပုံနည္းလမ္း မွာ ပထမဦးစြာ ျမစ္ေရအက်ဆုံးအခ်ိန္တြင္ ေခါင္းေလာင္းႀကီးကို ေက်ာက္သံႀကိဳးႏွစ္ပင္ နဲ႔ ၿမဲေအာင္ခ်ည္ေႏွာင္ပါတယ္ ၊ ေက်ာက္ ႀကိဳးကိုေခါင္းေလာင္းအထက္နားမွာ ရပ္ေနတဲ့ေမာ္ေတာ္နဲ႔ ဆက္ထားေစပါတယ္။ျမစ္ေရတက္လာေသာအခါ သေဘၤာလည္းျမင့္တက္လာခဲ့ၿပီး ခ်ည္ထားခဲ့ေသာ ေခါင္းေလာင္းႀကီးသည္လည္း ျမစ္အတြင္းမွအေပၚကိုႂကြလာပါတယ္။ ထို႔ေနာက္ႀကိဳးမ်ားနဲ႔ ထပ္မံခ်ည္ေႏွာင္ေစၿပီး ကမ္းနားစပ္သို႔ဆြဲယူခဲ့ၾကပါေတာ့တယ္။ေလွာင္ေျပာင္ခဲ့တဲ့ အဂၤလိပ္တို႔မွာ ျမန္မာတို႔ရဲ႕နည္းလမ္းကို အံၾသခဲ့ၿပီး သူတို႔ကတိအတိုင္း မူလေန ရာ ကို ျပန္တင္ခြင့္ျပဳလိုက္ရပါတယ္။ထိုနည္းနဲ႔ စဥ္းကူးမင္းေခါင္းေလာင္းႀကီးကို ဆယ္ယူခဲ့ၿပီး မူလေနရာ ေ႐ႊတိဂုံကုန္းေတာ္ေပၚကို ၁၈၂၆ ခုႏွစ္မွာ အခမ္းအနားနဲ႔ ျပန္လည္ပို႔ေဆာင္ခဲ့ပါတယ္။ျမစ္အတြင္းမွ ဆယ္ယူရာတြင္ အထိအခိုက္မ်ားရွိခဲ့ၿပီး သက္တမ္း ၂၅၀ႏွစ္ နီးပါးရွိေသာ ႏႈတ္ခမ္းသားမ်ားပဲ့ေနတဲ့ စဥ့္ကူးမင္းေခါင္းေလာင္းႀကီးကို ယခုထက္တိုင္ ေ႐ႊတိဂုံ ကုန္းေတာ္ေပၚမွာ ျမင္ႏိုင္ပါေသးတယ္။

Crd

Crd

arkarta