အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း လေယာဉ်ပျံဆင်းခဲ့သည့် ဗြိတိသျအမျိုးသမီးလေသူရဲအေမီဂျွန်ဆင် – The Geek Text

အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း လေယာဉ်ပျံဆင်းခဲ့သည့် ဗြိတိသျအမျိုးသမီးလေသူရဲအေမီဂျွန်ဆင် – The Geek Text



Post Views:
10

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ကိုလိုနီေခတ္ ၁၉၃၀ ခုႏွစ္၊ ေမလ (၁၃)ရက္ေန႔တြင္ ႏိုင္ငံေက်ာ္ခဲ့ေသာျဖစ္ရပ္တစ္ခုျဖစ္ေပၚခဲ့ပါသည္။

ထိုျဖစ္ရပ္ကေတာ့ ၿဗိတိသ်အမ်ိဳးသမီးေလသူရဲေအမီဂြၽန္ဆင္ဆိုသူသည္ တစ္ေယာက္စီးေလယာဥ္ငယ္ျဖင့္ အဂၤလန္မွဂ်ပန္သို႔ပ်ံသန္းလာစဥ္

ျမန္မာႏိုင္ငံအတြင္းေရာက္ရွိစဥ္ စက္ခ်ိဳ႕ယြင္းသြားသျဖင့္ အင္းစိန္ဂ်ီတီအိုင္ေက်ာင္းဝင္းအတြင္း အေရးေပၚဆင္းသက္ခဲ့ရသည့္ျဖစ္ရပ္ပင္ျဖစ္ပါသည္။

ၿဗိတိသ်လူမ်ိဳး အမ်ိဳးသမီးေလသူရဲေအမီဂြၽန္ဆင္သည္ အဂၤလန္မွၾသစေၾတးလ်သို႔ပထမဆုံးပ်ံသန္းသည့္ အမ်ိဳးသမီးေလသူရဲတစ္ဦးျဖစ္ပါသည္။

ေအမီဂြၽန္ဆင္သည္ ထိုစဥ္ကအသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးၿပီး၊ အင္ဂ်င္နီယာတစ္ဦးလည္းျဖစ္ပါသည္။

သူ႔အရင္ျမန္မာျပည္သို႔ပ်ံသန္းဖူးသည့္အမ်ိဳးသားေလသူရဲ ဘတ္ဟင္းကလား၊ အလန္ေကာ့ဘမ္းတို႔ကိုအားက်ၿပီး

တစ္ေယာက္စီး ဂတ္(GAAH)အမ်ိဳးအစားေလယာဥ္ငယ္ျဖင့္ပ်ံသန္းလာခဲ့ျခင္းျဖစ္သည္။ ေအမီဂြၽန္ဆင္သည္ လန္ဒန္မွ

၁၉၃၀ ခုႏွစ္၊ ေမလ (၅)ရက္ေန႔တြင္စတင္ထြက္ခြာလာခဲ့ပါသည္။ ကာလကတားမွတိုက်ိဳသို႔အသြားရန္ကုန္တြင္ ခရီးတစ္ေထာက္နားခိုရန္ အစီအစဥ္ပါရွိခဲ့သည္။

သို႔ျဖင့္ က်ိဳကၠဆံကြင္းအတြင္းေလယာဥ္ဆင္းသက္ရန္ခြင့္ျပဳခ်က္ရရွိခဲ့ၿပီး၊ ထိုမွတဆင့္ခရီးဆက္လက္ထြက္ခြာရန္ႀကိဳတင္စီစဥ္ထားပါသည္။

ထိုအခ်ိန္က က်ိဳကၠဆံကြင္းမွာျမင္းၿပိဳင္ကြင္းအျဖစ္အသုံးျပဳလ်က္ရွိပါသည္။

႐ိုက္တာသတင္းဌာနမွ သတင္းေထာက္ ခ်က္တာဂ်ီႏွင့္ ဗင္ဝိုက္ဆိုသူတို႔က ႀကိဳတင္သတင္းရရွိခ်က္အရ က်ိဳကၠဆံကြင္းအတြင္းႀကိဳတင္ေစာင့္ဆိုင္းေနၾကသည္။

သို႔ေသာ္ေအမီဂြၽန္ဆင္မွာေရာက္ရွိမလာပဲ အင္းစိန္ဂ်ီတီအိုင္ေက်ာင္းဝင္းအတြင္းအေရးေပၚဆင္းသက္ခဲ့ရေၾကာင္းသတင္းၾကားသိရသျဖင့္ အင္းစိန္သို႔သြားၾကရေတာ့သည္။

၎တို႔ႏွစ္ဦးအင္းစိန္ဂ်ီတီအိုင္ေက်ာင္းဝင္းအတြင္းေရာက္ရွိသြားခ်ိန္တြင္ ေလယာဥ္မွာေဘာ့လုံးကြင္းအနီးရွိ

တြင္းထဲသို႔ တစ္ပိုင္းက်လ်က္ရွိေနၿပီး၊ လက္ဝဲဘက္အေတာင္ပံအနည္းငယ္ပ်က္စီးသြားသည္။ ေအမီဂြၽန္ဆင္မွာစိတ္ပ်က္လက္ပ်က္ျဖင့္

ေလယာဥ္အနီးတြင္ရပ္ၾကည့္ေနေၾကာင္းသူတို႔ေတြ႕လိုက္ရေတာ့သည္။ ညေန ေနဝင္လုနီးအခ်ိန္ျဖစ္သည့္အျပင္

က်ိဳကၠဆံကြင္းကိုရွာမေတြ႕သည့္အခ်ိန္စက္ခ်ိဳ႕ယြင္းသြားသျဖင့္ နီးစပ္ရာေက်ာင္းဝင္းအတြင္းရွိေဘာ့လုံးကြင္းထဲသို႔ဆင္းသက္လိုက္ရေၾကာင္းေျပာျပသည္။

ေအမီဂြၽန္ဆင္ေလယာဥ္ထိုးဆင္းလိုက္ရေၾကာင္းသိရသည္ႏွင့္အင္းစိန္ဂ်ီတီအိုင္ေက်ာင္းအုပ္ဆရာႀကီး မစၥတာေရွာႏွင့္သူ႔တပည့္ေက်ာင္းသားေလးမ်ားေရာက္ရွိလာၾကၿပီး

ေလယာဥ္ကိုျပန္ဆြဲတင္ေပးခဲ့ၾကပါသည္။ ထိုစဥ္သတင္းေထာက္ႏွစ္ဦးမွာ ေအမီဂြၽန္ဆင္အား ေမးခြန္းအခ်ိဳ႕ေမးၾကေလရာ ေက်ာင္းအုပ္ႀကီးကဟန္႔တားေလေတာ့သည္။

သတင္းေထာက္မ်ားမွ လန္ဒန္မွတိုက်ိဳသို႔ပ်ံသန္းသည့္ပထမဦးဆုံးအမ်ိဳးသမီးေလသူရဲျဖစ္ေၾကာင္း၊

သူ၏ပ်ံသန္းမႈေအာင္ျမင္ပါက ကက္စ္ထ႐ိုကုမဏီက ေပါင္တစ္ေသာင္းဆုရရွိမည္ျဖစ္ေၾကာင္းေက်ာင္းအုပ္ႀကီးအားျပန္လည္ရွင္းျပရပါသည္။

ေအမီဂြၽန္ဆင္မွာႏုတ္ပိတ္ေနေလရာ သတင္းေထာက္မ်ားက တစ္စုံတစ္ရာေျဖၾကားျခင္းမရွိပါကမည္သို႔မ်အကူအညီေပးႏိုင္မည္မဟုတ္ေၾကာင္းေျပာၾကားခဲ့သည္။

ထိုမွေအမီဂြၽန္ဆင္က သူ႔အေနနဲ႔ခရီးစဥ္ကိုရပ္ဆိုင္းပစ္မည္မဟုတ္ေၾကာင္း၊ ေလယာဥ္အေတာင္ပံ

အနည္းငယ္ပ်က္စီးသြားသျဖင့္ ၂ ရက္ ၃ ရက္ခန္႔ေနာက္က်မည္ျဖစ္ေၾကာင္းလန္ဒန္ထုတ္သတင္းစာမ်ားတြင္ပါေစလိုေၾကာင္းေျပာပါသည္။

ထိုညတြင္းခ်င္းပင္လန္ဒန္ရွိေအမီဂြၽန္ဆင္၏မိဘမ်ားႏွင့္အျခားအသိမိတ္ေဆြမ်ားထံမွပါ ေၾကးနန္းမ်ား

ရန္ကုန္ရွိ႐ိုက္တာသတင္းဌာနသို႔ေရာက္ရွိလာခဲ့သည္။ ေအမီဂြၽန္ဆင္မွလည္း မိဘမ်ားအားမစိုးရိမ္ပါရန္ျပန္လည္အေၾကာင္းၾကားခဲ့သည္။

ထို႔အျပင္ေအမီဂြၽန္ဆင္က သတင္းေထာက္ခ်က္တာဂ်ီအား ယခုကဲ့သို႔အေရးေပၚႀကဳံေတြ႕ရသျဖင့္သုံးစြဲရန္ေငြေၾကးအလုံအေလာက္သူ႔တြင္ပါမလာပါေၾကာင္းပြင့္ပြင့္လင္းလင္းေျပာလိုက္ပါသည္။

ထိုအခါ ခ်က္တာဂ်ီက ၿဗိတိသ်ကုန္သည္ႀကီးမ်ားအသင္းအတြင္းေရးမႉးႏွင့္မိမိခင္မင္ရင္းႏွီးပါေၾကာင္း၊ ေငြေရးေၾကးေရးအတြက္စိတ္ပူရန္မလိုပါေၾကာင္းျပန္လည္ႏွစ္သိမ့္ခဲ့သည္။

ၿဗိတိသ်ကုန္သည္ႀကီးမ်ားအသင္းအတြင္းေရးမႉးထံအက်ိဳးအေၾကာင္းေျပာကာ ရန္ပုံေငြေကာက္ခံၿပီး ေအမီဂြၽန္ဆင္အားေပးအပ္လိုက္ေလသည္။

ေအမီဂြၽန္ဆင္၏ေလယာဥ္ကေလးကိုလည္း အင္းစိန္ဂ်ီတီအိုင္ေက်ာင္းသားမ်ားကဝိုင္းဝန္းျပင္ဆင္ေပးခဲ့ၾကၿပီး က်ိဳကၠဆံကြင္း သို႔ေျပာင္းေ႐ႊ႕ေပးခဲ့ၾကသည္။

ထို႔ေနာက္ေအမီဂြၽန္ဆင္သည္ သတင္းေထာက္ခ်က္တာဂ်ီႏွင့္ေက်ာင္းအုပ္ႀကီးတို႔ကိုအထူးေက်းဇူးတင္ပါေၾကာင္းေျပာၾကားကာ ရန္ကုန္မွခရီးဆက္လက္ထြက္ခြာသြားေလေတာ့သည္။

မွီျငမ္းကိုးကား။

– ကြၽန္ေတာ္သတင္းေထာက္(လူထုဦးလွ)

– ျမန္မာ့သတင္းစာမ်ားထဲမွသမိုင္းဆိုင္ရာေဆာင္းပါးမ်ား(တင္ႏိုင္တိုး)

crd_to_owner SaryarAyeKoKo

ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)

Unicode

ကိုလိုနီခေတ် ၁၉၃၀ ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် နိုင်ငံကျော်ခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

ထိုဖြစ်ရပ်ကတော့ ဗြိတိသျအမျိုးသမီးလေသူရဲအေမီဂျွန်ဆင်ဆိုသူသည် တစ်ယောက်စီးလေယာဉ်ငယ်ဖြင့် အင်္ဂလန်မှဂျပန်သို့ပျံသန်းလာစဉ်

မြန်မာနိုင်ငံအတွင်းရောက်ရှိစဉ် စက်ချို့ယွင်းသွားသဖြင့် အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသည့်ဖြစ်ရပ်ပင်ဖြစ်ပါသည်။

ဗြိတိသျလူမျိုး အမျိုးသမီးလေသူရဲအေမီဂျွန်ဆင်သည် အင်္ဂလန်မှသြစတြေးလျသို့ပထမဆုံးပျံသန်းသည့် အမျိုးသမီးလေသူရဲတစ်ဦးဖြစ်ပါသည်။

အေမီဂျွန်ဆင်သည် ထိုစဉ်ကအသက်(၂၂)နှစ်အရွယ်သာရှိသေးပြီး၊ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါသည်။

သူ့အရင်မြန်မာပြည်သို့ပျံသန်းဖူးသည့်အမျိုးသားလေသူရဲ ဘတ်ဟင်းကလား၊ အလန်ကော့ဘမ်းတို့ကိုအားကျပြီး

တစ်ယောက်စီး ဂတ်(GAAH)အမျိုးအစားလေယာဉ်ငယ်ဖြင့်ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ အေမီဂျွန်ဆင်သည် လန်ဒန်မှ

၁၉၃၀ ခုနှစ်၊ မေလ (၅)ရက်နေ့တွင်စတင်ထွက်ခွာလာခဲ့ပါသည်။ ကာလကတားမှတိုကျိုသို့အသွားရန်ကုန်တွင် ခရီးတစ်ထောက်နားခိုရန် အစီအစဉ်ပါရှိခဲ့သည်။

သို့ဖြင့် ကျိုက္ကဆံကွင်းအတွင်းလေယာဉ်ဆင်းသက်ရန်ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ထိုမှတဆင့်ခရီးဆက်လက်ထွက်ခွာရန်ကြိုတင်စီစဉ်ထားပါသည်။

ထိုအချိန်က ကျိုက္ကဆံကွင်းမှာမြင်းပြိုင်ကွင်းအဖြစ်အသုံးပြုလျက်ရှိပါသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ချက်တာဂျီနှင့် ဗင်ဝိုက်ဆိုသူတို့က ကြိုတင်သတင်းရရှိချက်အရ ကျိုက္ကဆံကွင်းအတွင်းကြိုတင်စောင့်ဆိုင်းနေကြသည်။

သို့သော်အေမီဂျွန်ဆင်မှာရောက်ရှိမလာပဲ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းအရေးပေါ်ဆင်းသက်ခဲ့ရကြောင်းသတင်းကြားသိရသဖြင့် အင်းစိန်သို့သွားကြရတော့သည်။

၎င်းတို့နှစ်ဦးအင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းရောက်ရှိသွားချိန်တွင် လေယာဉ်မှာဘော့လုံးကွင်းအနီးရှိ

တွင်းထဲသို့ တစ်ပိုင်းကျလျက်ရှိနေပြီး၊ လက်ဝဲဘက်အတောင်ပံအနည်းငယ်ပျက်စီးသွားသည်။ အေမီဂျွန်ဆင်မှာစိတ်ပျက်လက်ပျက်ဖြင့်

လေယာဉ်အနီးတွင်ရပ်ကြည့်နေကြောင်းသူတို့တွေ့လိုက်ရတော့သည်။ ညနေ နေဝင်လုနီးအချိန်ဖြစ်သည့်အပြင်

ကျိုက္ကဆံကွင်းကိုရှာမတွေ့သည့်အချိန်စက်ချို့ယွင်းသွားသဖြင့် နီးစပ်ရာကျောင်းဝင်းအတွင်းရှိဘော့လုံးကွင်းထဲသို့ဆင်းသက်လိုက်ရကြောင်းပြောပြသည်။

အေမီဂျွန်ဆင်လေယာဉ်ထိုးဆင်းလိုက်ရကြောင်းသိရသည်နှင့်အင်းစိန်ဂျီတီအိုင်ကျောင်းအုပ်ဆရာကြီး မစ္စတာရှောနှင့်သူ့တပည့်ကျောင်းသားလေးများရောက်ရှိလာကြပြီး

လေယာဉ်ကိုပြန်ဆွဲတင်ပေးခဲ့ကြပါသည်။ ထိုစဉ်သတင်းထောက်နှစ်ဦးမှာ အေမီဂျွန်ဆင်အား မေးခွန်းအချို့မေးကြလေရာ ကျောင်းအုပ်ကြီးကဟန့်တားလေတော့သည်။

သတင်းထောက်များမှ လန်ဒန်မှတိုကျိုသို့ပျံသန်းသည့်ပထမဦးဆုံးအမျိုးသမီးလေသူရဲဖြစ်ကြောင်း၊

သူ၏ပျံသန်းမှုအောင်မြင်ပါက ကက်စ်ထရိုကုမဏီက ပေါင်တစ်သောင်းဆုရရှိမည်ဖြစ်ကြောင်းကျောင်းအုပ်ကြီးအားပြန်လည်ရှင်းပြရပါသည်။

အေမီဂျွန်ဆင်မှာနုတ်ပိတ်နေလေရာ သတင်းထောက်များက တစ်စုံတစ်ရာဖြေကြားခြင်းမရှိပါကမည်သို့မျအကူအညီပေးနိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ထိုမှအေမီဂျွန်ဆင်က သူ့အနေနဲ့ခရီးစဉ်ကိုရပ်ဆိုင်းပစ်မည်မဟုတ်ကြောင်း၊ လေယာဉ်အတောင်ပံ

အနည်းငယ်ပျက်စီးသွားသဖြင့် ၂ ရက် ၃ ရက်ခန့်နောက်ကျမည်ဖြစ်ကြောင်းလန်ဒန်ထုတ်သတင်းစာများတွင်ပါစေလိုကြောင်းပြောပါသည်။

ထိုညတွင်းချင်းပင်လန်ဒန်ရှိအေမီဂျွန်ဆင်၏မိဘများနှင့်အခြားအသိမိတ်ဆွေများထံမှပါ ကြေးနန်းများ

ရန်ကုန်ရှိရိုက်တာသတင်းဌာနသို့ရောက်ရှိလာခဲ့သည်။ အေမီဂျွန်ဆင်မှလည်း မိဘများအားမစိုးရိမ်ပါရန်ပြန်လည်အကြောင်းကြားခဲ့သည်။

ထို့အပြင်အေမီဂျွန်ဆင်က သတင်းထောက်ချက်တာဂျီအား ယခုကဲ့သို့အရေးပေါ်ကြုံတွေ့ရသဖြင့်သုံးစွဲရန်ငွေကြေးအလုံအလောက်သူ့တွင်ပါမလာပါကြောင်းပွင့်ပွင့်လင်းလင်းပြောလိုက်ပါသည်။

ထိုအခါ ချက်တာဂျီက ဗြိတိသျကုန်သည်ကြီးများအသင်းအတွင်းရေးမှူးနှင့်မိမိခင်မင်ရင်းနှီးပါကြောင်း၊ ငွေရေးကြေးရေးအတွက်စိတ်ပူရန်မလိုပါကြောင်းပြန်လည်နှစ်သိမ့်ခဲ့သည်။

ဗြိတိသျကုန်သည်ကြီးများအသင်းအတွင်းရေးမှူးထံအကျိုးအကြောင်းပြောကာ ရန်ပုံငွေကောက်ခံပြီး အေမီဂျွန်ဆင်အားပေးအပ်လိုက်လေသည်။

အေမီဂျွန်ဆင်၏လေယာဉ်ကလေးကိုလည်း အင်းစိန်ဂျီတီအိုင်ကျောင်းသားများကဝိုင်းဝန်းပြင်ဆင်ပေးခဲ့ကြပြီး ကျိုက္ကဆံကွင်း သို့ပြောင်းရွှေ့ပေးခဲ့ကြသည်။

ထို့နောက်အေမီဂျွန်ဆင်သည် သတင်းထောက်ချက်တာဂျီနှင့်ကျောင်းအုပ်ကြီးတို့ကိုအထူးကျေးဇူးတင်ပါကြောင်းပြောကြားကာ ရန်ကုန်မှခရီးဆက်လက်ထွက်ခွာသွားလေတော့သည်။

မှီငြမ်းကိုးကား။

– ကျွန်တော်သတင်းထောက်(လူထုဦးလှ)

– မြန်မာ့သတင်းစာများထဲမှသမိုင်းဆိုင်ရာဆောင်းပါးများ(တင်နိုင်တိုး)

crd_to_owner SaryarAyeKoKo

နော်ဂဲလယ်ထူး (စာပေပရဟိတ)

Crd

Crd

arkarta