အင်ဒိုနီးရှားက KF-21 Boramae တိုက်လေယာဉ်စီမံကိန်း၌ ပါဝင်မှုကို ပြန်လည်စတင်ဖို့ လူ၁၀၀ကိုရီးယားကိုလွှတ်မယ်

အင်ဒိုနီးရှားက KF-21 Boramae တိုက်လေယာဉ်စီမံကိန်း၌ ပါဝင်မှုကို ပြန်လည်စတင်ရန် အင်ဂျင်နီယာ အယောက် ၁၀၀ အား တောင်ကိုရီးယားနိုင်ငံ Sacheon မြို့ရှိ Korea Aerospace Industries (KAI ဌာနချုပ်) သို့စေလွှတ်ပြီး လုပ်ငန်းစဉ်များစတင်ခဲ့။

ဆိုင်းငံ့ထားသောငွေပေးချေမှု ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက် KF-21 တိုက်လေယာဉ် အစီအစဉ်ကို ဦးဆောင်နေသည့် Jung Kwang-sun က အေဂျင်စီအနေဖြင့် Development အဆင့်သို့ရောက်ရှိရန် အတက်နိုင်ဆုံးနှင့်အမြန်ဆုံး ကြိုးစားသွားမည်ဟု ပြောကြားခဲ့။

KF-21 Boramae ဟာ 4.5 Generation အင်ဂျင်နှစ်လုံးတပ် ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး၊ Mach 1.83 အမြန်နှုန်းဖြင့်ပျံသန်းနိုင်မည်လို့ ဆိုပါတယ်။ ၎င်းကို 2028 ခုနှစ်တွင် အစုလိုက်အပြုံလိုက် စတင်ထုပ်လုပ်နိုင်ရန်နှင့် 2032 ခုနှစ်တွင် အစီးရေး ၁၂၀ အထိ တပ်ဖြန့်နိုင်ရန် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
crd:Defence_Hub

zawgyi


crd:Defence_Hub