အင်ဒိုနီးရှားက စတဲ့လ်စွမ်းရည်ရှိ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် Klewang စစ်ရေယာဉ်တပ်တော်ဝင်

အင်ဒိုနီးရှားက စတဲ့လ်စွမ်းရည်ရှိ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် Klewang စစ်ရေယာဉ်တပ်တော်ဝင်၊ ဒုတိယမြောက်အစီးဖြစ်

အင်ဒိုနီးရှားနိုင်ငံအခြေစိုက်သင်္ဘောတည်ဆောက်သည့် ကုမ္ပဏီဖြစ်သည့် North Sea Boats (PT Lundin Industry) အနေဖြင့် အင်ဒိုနီးရှားရေတပ် အတွက် Klewan အမျိုးအစား အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်ကို
တည်ဆောက်ပေးခဲ့ပြီး ယခုအခါ တပ်တော်ဝင်မှုပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါရေယာဉ်ကို ၂၀၁၂ ခုနှစ်က တပ်တော်ဝင်ခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့သည့် Klewang (625) နေရာတွင်အစားထိုးအသုံးပြုရန်အတွက် တည်ဆောက်ခဲ့ခြင်း လည်းဖြစ်သည်။

ပထမဆုံးတည်ဆောက်ခဲ့သည့် Klewang (625) မှ အတွေ့အကြုံများကို ယူကာ ယခုစစ်ရေယာဉ်၌ အဆင့်မြှင်တင်တည်ဆောက်ခြင်းများစွာ ပြုလုပ်ခဲ့ပြီး ကာဘွန်ဖိုက်ဘာစပ် (မာကျောပေါ့ပါး) စနစ်များကို အသုံးပြုထားသည်ဟု ဆိုသည်။ထိုသို့အသုံးပြုထားခြင်းကြောင့် မာကျောခြင်း၊ ပေါ့ပါးခြင်းနှင့် ထိခိုက်မှုဒဏ် ခံနိုင်ခြင်းအပြင် ပွတ်တိုက်စားမှုဒဏ်ပါ ခံနိုင်မည်ဖြစ်သည်ဟုဆိုသည်။

၆၃ မီတာအရှည်၊ ၁၆ မီတာအကျယ်နှင့် ၂၄၅ တန်ရှိပြီး တပ်ဖွဲ့ဝင်စုစုပေါင်း ၃၀ ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။မြင်းကောင်ရေ ၁၈၀၀ အားရှိ MAP V12 ဒီဇယ်အင်ဂျင်စနစ်များကို အသုံးပြုထားပြီး အမြန်နှုန်း ၂၈ နော့၊ အဝေးဆုံး ၂၀၀၀ ရေမိုင်ကို မောင်းနှင်နိုင်မည်လည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်က PT Lundin နှင့် Saab စနစ်တို့အနေဖြင့် တိုက်ခိုက်ရေးစနစ်များ၊ အာရုံခံစနစ်များနှင့် လက်နက်စနစ်များထောက်ပံ့ရန်အတွက်လည်း သဘောတူညီထားခဲ့ကြသည်ဟု သိရှိရသည်။
ရေယာဉ်၌ ၃၀ မမ စက်အမြောက်၊ ၁၂.၇ မမ အကြီးစားစက်သေနတ်များတပ်ဆင်ထားကြောင်း သိရှိရသည်။
Ref-AsP
crd:ကမ္ဘာ့သတင်းစုံ worldupdate

zawgyi
အင္ဒိုနီးရွားက စတဲ့လ္စြမ္းရည္ရွိ အျမန္သြားတိုက္ခိုက္ေရးေရယာဥ္ Klewang စစ္ေရယာဥ္တပ္ေတာ္ဝင္၊ ဒုတိယေျမာက္အစီးျဖစ္

အင္ဒိုနီးရွားနိုင္ငံအေျခစိုက္သေဘၤာတည္ေဆာက္သည့္ ကုမၸဏီျဖစ္သည့္ North Sea Boats (PT Lundin Industry) အေနျဖင့္ အင္ဒိုနီးရွားေရတပ္ အတြက္ Klewan အမ်ိဳးအစား အျမန္သြားတိုက္ခိုက္ေရး စစ္ေရယာဥ္ကို
တည္ေဆာက္ေပးခဲ့ၿပီး ယခုအခါ တပ္ေတာ္ဝင္မႈျပဳလုပ္ခဲ့သည္ဟု သိရွိရသည္။

အဆိုပါေရယာဥ္ကို ၂၀၁၂ ခုႏွစ္က တပ္ေတာ္ဝင္ခဲ့ၿပီး မီးေလာင္မႈျဖစ္ခဲ့သည့္ Klewang (625) ေနရာတြင္အစားထိုးအသုံးျပဳရန္အတြက္ တည္ေဆာက္ခဲ့ျခင္း လည္းျဖစ္သည္။

ပထမဆုံးတည္ေဆာက္ခဲ့သည့္ Klewang (625) မွ အေတြ႕အၾကဳံမ်ားကို ယူကာ ယခုစစ္ေရယာဥ္၌ အဆင့္ျမႇင္တင္တည္ေဆာက္ျခင္းမ်ားစြာ ျပဳလုပ္ခဲ့ၿပီး ကာဘြန္ဖိုက္ဘာစပ္ (မာေက်ာေပါ့ပါး) စနစ္မ်ားကို အသုံးျပဳထားသည္ဟု ဆိုသည္။ထိုသို႔အသုံးျပဳထားျခင္းေၾကာင့္ မာေက်ာျခင္း၊ ေပါ့ပါးျခင္းႏွင့္ ထိခိုက္မႈဒဏ္ ခံနိုင္ျခင္းအျပင္ ပြတ္တိုက္စားမႈဒဏ္ပါ ခံနိုင္မည္ျဖစ္သည္ဟုဆိုသည္။

၆၃ မီတာအရွည္၊ ၁၆ မီတာအက်ယ္ႏွင့္ ၂၄၅ တန္ရွိၿပီး တပ္ဖြဲ႕ဝင္စုစုေပါင္း ၃၀ ဦးလိုက္ပါတာဝန္ထမ္းေဆာင္နိုင္မည္ျဖစ္သည္။ျမင္းေကာင္ေရ ၁၈၀၀ အားရွိ MAP V12 ဒီဇယ္အင္ဂ်င္စနစ္မ်ားကို အသုံးျပဳထားၿပီး အျမန္ႏႈန္း ၂၈ ေနာ့၊ အေဝးဆုံး ၂၀၀၀ ေရမိုင္ကို ေမာင္းႏွင္နိုင္မည္လည္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္က PT Lundin ႏွင့္ Saab စနစ္တို႔အေနျဖင့္ တိုက္ခိုက္ေရးစနစ္မ်ား၊ အာ႐ုံခံစနစ္မ်ားႏွင့္ လက္နက္စနစ္မ်ားေထာက္ပံ့ရန္အတြက္လည္း သေဘာတူညီထားခဲ့ၾကသည္ဟု သိရွိရသည္။
ေရယာဥ္၌ ၃၀ မမ စက္အေျမာက္၊ ၁၂.၇ မမ အႀကီးစားစက္ေသနတ္မ်ားတပ္ဆင္ထားေၾကာင္း သိရွိရသည္။
Ref-AsP
crd:ကမၻာ့သတင္းစုံ worldupdate