ဟောင်ကောင်ရဖို့ အမေရိကန်ကိုစိတ်ကူးမယဉ်ဖို့သတိပေးလိုက်တဲ့ပေါက်ဖော်
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကို ပျက်စီးစေဖို့ကို အိပ်မက်မမက်နဲ့လို့ တရုတ်က အမေရိကန်ကို သတိပေး
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကို နှောက်ယှက်ဖျက်ဆီးချင်နေပြီး တရုတ်ကို ဆန့်ကျင်သူတွေအနေနဲ့ အချိန်မနှောင်းခင် မိမိတို့ရဲ့ ထင်မြင်ယူဆမှုတွေကို လွှတ်ချလိုက်သင့်ကြောင်း HKSAR တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။… မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ရဲ့အမျိုး သားလုံခြုံရေး ဥပဒေအပေါ် ဆန့်ကျင်တို က်ခိုက်မှုများဟာ HKSAR ကိစ္စများနဲ့ တရုတ်ပြည်တွင်းရေးကို အနှော င့်အယှက်ဖြစ်စေပါတယ်။ ဒီလိုလုပ်
ဆောင်ချက်ဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာ ဥပဒေများကိုလည်း ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပါတယ်။… ဒါဟာ တရုတ်ရဲ့ ဒီမိုကရေစီ နှိမ်နင်းမှုကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ ကြာသပတေးနေ့က အမေရိကန်ရှိ ဟောင်ကောင်ပြည်သူတို့ရဲ့ နေထိုင်ခွင့်ကို တိုးချဲ့ခွင့်ပြုခဲ့ခြင်းအပေါ် ပြန်လည်တုံ့ပြန်တဲ့ မှတ်ချက်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဟောင်ကောင်အတွက် အမျိုး သားလုံ ခြုံရေးဥပဒေကို
အကောင်အထည်ဖော်ခြင်းနဲ့ နယ်မြေရွေး ကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းတို့ဟာ… ဒေသရဲ့တည်ငြိမ်ရေးကို ပြန်လည်ထူထောင်ပေးခြင်း၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို တိုးတ က်စေခြင်း၊ ဟောင်ကောင်ရှိ နေထိုင်သူများနဲ့ နိုင်ငံ ခြားသားများအား တရားဝင် အကျိုးစီးပွားများ ရရှိစေခြင်းတို့ကို ဦးတည်ကြောင်း၊ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍသစ်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။… ဟောင်ကောင်အမျိုးသား
လုံခြုံရေးဥပဒေဟာ ဟောင်ကောင် လူ့အဖွဲ့အစည်းကို မငြိမ်မသက်ဖြစ်အောင် ကြိုးစားခဲ့တဲ့ ခွဲထွက်ရေးဝါဒီအုပ်စုငယ်များကို တိ ကျစွာပစ်မှတ်ထားပြီး ဥပဒေများဟာ ဒေသရဲ့ ယုံ ကြည်မှုကို တည်ငြိမ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ဟာ အမျိုးသားလုံခြုံရေးဥပဒေ၊ အဖြူရောင်ခွဲထွက်ရေး လှုပ်ရှားမှုများနဲ့ ဖြူစင်တဲ့… ခွဲထွက်ရေး လှုပ်ရှားမှုများကို လျစ်လျူရှုကာ တရုတ်ကိုပုံဖျက်ရန်နဲ့ ဟောင်ကောင်ရဲ့ သာ ယာဝပြောရေး၊ တည်ငြိမ်ရေးကိုဖျက်ဆီးဖို့ ရည်ရွယ်နေကြောင်း၊
ဟော င်ကောင်အရေးကို ဝင်ရောက်စွတ်ဖက်နေကြောင်း ၎င်းက ဆိုပါတယ်။အမေရိကန်ဟာ နိုင်ငံ တကာအသိုင်းအဝန်းကို လှည့်စားလိုသော်လည်း ၎င်းရဲ့ ကိုယ်ပိုင်အရေခြုံမှုနဲ့ အတွင်းကျတဲ့ ရည်ရွယ်ချက်များကို.. ရိုးရှင်းစွာ ထုတ်ဖော်ပြသခဲ့ကြောင်း၊ ယင်းကဲ့သို့ရှက်ဖွယ်ကောင်းသော နိုင်ငံရေးအလေ့အကျင့်များဟာ ဟောင်ကောင်ဒေသခံများအပါအဝင် တရုတ်လူမျိုး ၁ ဒသမ ၄ ဘီလီယံရဲ့ ခိုင်မာသောတန်ပြန်မှုများနဲ့ ရင် ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးမှာ ကျရှုံးလိမ့်မည်ဖြစ် ကြောင်း၊
တရုတ်နိုင်ငံဟာ ပြင်ပအင်အားစုများရဲ့ စွက်ဖက်မှုကိုနှိမ်နင်းရန်နဲ့ “တစ်နိုင်ငံစနစ်နှစ်ခု” ကို… အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချထားပြီး HKSAR ပြန်လည်နိုးထမှုနဲ့ ပိုမိုကြီးပွားချမ်းသာမှုဆီသွားရာမှာ မည်သည့်နိုင်ငံနဲ့ မည်သူတစ် ဦးတစ်ယော က်မှ တားဆီးနိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုခဲ့ပါတယ်။အထူး သဖြင့် HKSAR ကို နှောင့်ယှက်သူနဲ့ တ ရုတ်အရေးမှာ ပါဝင်နေသူတွေဟာ “သစ်ပင်ကြီးကို လှုပ်ရန်ကြိုးစားသော ပုရွက်ဆိတ်များ” နဲ့ ထပ်တူညီစွာ ကျရှုံးလိမ့်မည် ဖြစ်တာကြောင့် ကြားဝင်ခြင်းမပြုဘဲ ချက်ချင်းဆုတ် ခွာရန်နဲ့ စိတ်ကူးယဉ်မှုကို လက်လျှော့ရန် အမေရိကန်ကို တိုက်တွန်းလိုကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi