ဟောင်ကောင်နိုင်ငံရေးဆူပူအုံကြွမှုကို တရုတ် နှိမ်နင်းခြင်း၊ ဥရောပ သံတမန်များက တရုတ်ကို ရှုတ်ချ

ဟောင်ကောင်အပေါ်တရုတ်၏ နိုင်ငံရေးအရနှိမ်နင်းမှုကို ဥရောပသမဂ္ဂသည်ပစ်မှတ်ထားနေကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။သို့သော် အတိုက်အခံများကို ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လက်ပြုလုပ်ရန် ဥရောပသမဂ္ဂက ဟောင်ကောင်အရာရှိများအပေါ် အရေးပါသောစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ၂၇ ဦးနှင့် အဆင့်မြင့်ဥရောပသမဂ္ဂအရာရှိများပါဝင်သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ အစည်းအဝေးတွင် ဟောင်ကောင်သည် ထိပ်တန်းဦးစားပေး အနေဖြင့် တည်ရှိနေပြီး၊ ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန်ဖြစ်သူ Josep Borrell က ဟောင်ကောင်၏ အခြေအနေကို “ဆက်လက်ယိုယွင်းနေသည်” ဟု ရည်ညွှန်းပြောကြားခဲ့ကြောင်း The South China Morning Post သတင်းစာတွင် ဖော်ပြခဲ့သည်။

တွေ့ဆုံမှု အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြီးခဲ့သည့်နွေရာသီက ဟောင်ကောင်အပေါ်ချမှတ်ထားသော အမျိုးသားလုံခြုံရေး ဥပဒေတွင် ယခင်တုန့်ပြန်မှုအစီအစဉ်များတွင်ထည့်သွင်းသွားမည့် “ အဆင့်နှစ်ဆင့်ပါ လုပ်ငန်းစဉ်” ဆိုင်ရာသဘောတူညီချက်ကို ပြီးခဲ့သည့် ဇူလိုင်လတွင်ထုတ်ပြန်ခဲ့သည်ဟု Borrell က အတည်ပြုပြောကြားခဲ့သည်။ရွေးကောက်ပွဲဆိုင်ရာအပြောင်းအလဲမှုများအတွက် ဟောင်ကောင်နှင့် ပေကျင်းတို့ရှိ ရွေးကောက်ခံအရာရှိများ၏ကတိသစ္စာတည်မှု လိုအပ်ကြောင်း ဟောင်ကောင်အစိုးရက ကြေညာထားသည်။

ယင်းအပြောင်းအလဲက ဒေသတွင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုအပေါ် နောက်ထပ်အရိပ်အမြွက်ဖော်ပြနေသည်ဟု မီဒီယာက ဖော်ပြထားသည်။အဆိုပါရပ်တည်ချက်ကိုလိုက်နာခြင်းမရှိပါက ရွေးကောက်ပွဲအနိုင်ရသူများသည် အရည်အချင်းမပြည့်မှီခြင်းနှင့်ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ငါးနှစ်ပိတ်ပင်ခံရမည်ဖြစ်သည်။

အုပ်ချုပ်ရေးကောင်စီက မျိုးချစ်သောသူများသာအုပ်ချုပ်ခွင့်ရမည့်ဟောင်ကောင် ဟူသည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့ပြီး မတ်လတွင်တင်သွင်းလိမ့်မည်ဟု ဖွဲ့စည်းပုံနှင့်ပြည်မရေးရာအတွင်းရေးမှူး Erick Tsang က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း The Guardian ကသတင်းဖော်ပြခဲ့သည်။

Mizzima