ဟိုတယ်အခန်းထဲမှာ အမျိုးသမီးတွေနဲ့ ကဲတဲ့ ဓါတ်ပုံပေါ်ထွက်လာတဲ့ ရွန်းနီ

အမျိုးသမီးကိစ္စတွေနဲ့ ပတ်သက်ရင် ရွန်းနီဟာ အသံမထွက်သလောက် ရှားပါးခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် မနေ့က ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြောင့် ဒုက္ခရောက်ရမယ့် ကိန်းဆိုက်နေခဲ့ပါပြီ။

ရွန်းနီဟာ အရက်မူးသောက်စားပြီးနောက် ဟိုတယ်တစ်ခုရဲ့အခန်းထဲတွင် ဝတ်လစ်စလစ်ကောင်မလေးများနှင့်အိပ်ပျော်နေတဲ့ဓာတ်ပုံများ အွန်လိုင်းတွင်ပျံ့နှံ့မှုဖြစ်သွားပြီးနောက်ရဲစခန်း ကိုဆက်သွယ်အကြောင်းကြားတိုင်ကြားခဲ့ကြောင်းသိရပါတယ်။

အသက်၃၅နှစ်အရွယ်ရှိဒါဘီကောင်တီနည်းပြဟာအခြားအမျိုးသားသူငယ်ချင်းနှစ်ဦးနှင့်အတူ Night Out ထွက်ပြီးနောက်မန်ချက်စတာရှိဟိုတယ်တစ်ခုတွင်အဝတ်အစားအပြည့်အစုံဖြင့်ထိုင်ခုံပေါ်မှာအိပ်နေခဲ့တာဖြစ်ပါတယ်။

ဟိုတယ်အခန်းထဲမှာတော့ ရွန်းနီဟာ ထိုင်လျက်အိပ်ပျော်နေခဲ့ပေမယ့် ဟိုတယ်မရောက်ခင် နိုက်ကလပ်ထဲမှာတော့ အမျိုးသမီးတစ်ဦးနဲ့ ရွန်းနီတို့ အနမ်းခြွေနေတဲ့ ဓာတ်ပုံတွေပေါ်ထွက်ထားပါတယ်။

ဟိုတယ်ထဲက ဓာတ်ပုံတစ်ပုံတွင်အမျိုးသမီးတစ်ဦးက G-String ဝတ်ဆင်ထားပြီးသူမရဲ့တင်ပါးကိုပြသထားကာ Mooney Rooney လို့ Caption ထိုးထားပါတယ်။

နောက်ထပ်ဓာတ်ပုံတစ်ခုတွင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းရဲ့ဘေးနားတွင်အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ကူးထားတာဖြစ်ပြီး Sleepy Rooney လို့ Caption ထိုးထားပါတယ်။

ရွန်းနီအိပ်ပျော်နေတဲ့ထိုင်ခုံအနီးမှ ဟိုတယ်မွေ့ယာထက်မှာတော့ မပေါ့တပေါ်ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးအိပ်နေတာလည်းတွေ့ရပါတယ်။

ရွန်းနီဟာ လက်ရှိမှာ သား ၄ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။

အခုဖြစ်ရပ်ကြောင့် ဆယ်စုနှစ် ၂ ခုစာလောက် ဖြတ်သန်းခဲ့တဲ့ ဇနီးဖြစ်သူ ကောလင်းနဲ့ အိမ်ထောင်ရေးအနေအထားက အဖုအထစ်တွေတော့ ရှိလာနိုင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ဟိုတယ်အခန်းထဲမှာ အမျိုးသမီးတွေနဲ့ ကဲတဲ့ ဓါတ်ပုံပေါ်ထွက်လာတဲ့ ရွန်းနီ

အမျိုးသမီးကိစ္စတွေနဲ့ ပတ်သက်ရင် ရွန်းနီဟာ အသံမထွက်သလောက် ရှားပါးခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် မနေ့က ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြောင့် ဒုက္ခရောက်ရမယ့် ကိန်းဆိုက်နေခဲ့ပါပြီ။

ရွန်းနီဟာအရက်မူးသောက်စားပြီးနောက်ဟိုတယ်တစ်ခုရဲ့အခန်းထဲတွင်ဝတ်လစ်စလစ်ကောင်မလေးများနှင့်အိပ်ပျော်နေတဲ့ဓာတ်ပုံများ အွန်လိုင်းတွင်ပျံ့နှံ့မှုဖြစ်သွားပြီးနောက်ရဲစခန်း ကိုဆက်သွယ်အကြောင်းကြားတိုင်ကြားခဲ့ကြောင်းသိရပါတယ်။

အသက်၃၅နှစ်အရွယ်ရှိဒါဘီကောင်တီနည်းပြဟာအခြားအမျိုးသားသူငယ်ချင်းနှစ်ဦးနှင့်အတူ Night Out ထွက်ပြီးနောက်မန်ချက်စတာရှိဟိုတယ်တစ်ခုတွင်အဝတ်အစားအပြည့်အစုံဖြင့်ထိုင်ခုံပေါ်မှာအိပ်နေခဲ့တာဖြစ်ပါတယ်။

ဟိုတယ်အခန်းထဲမှာတော့ ရွန်းနီဟာ ထိုင်လျက်အိပ်ပျော်နေခဲ့ပေမယ့် ဟိုတယ်မရောက်ခင် နိုက်ကလပ်ထဲမှာတော့ အမျိုးသမီးတစ်ဦးနဲ့ ရွန်းနီတို့ အနမ်းခြွေနေတဲ့ ဓာတ်ပုံတွေပေါ်ထွက်ထားပါတယ်။

ဟိုတယ်ထဲက ဓာတ်ပုံတစ်ပုံတွင်အမျိုးသမီးတစ်ဦးက G-String ဝတ်ဆင်ထားပြီးသူမရဲ့တင်ပါးကိုပြသထားကာ Mooney Rooney လို့ Caption ထိုးထားပါတယ်။ နောက်ထပ်ဓာတ်ပုံတစ်ခုတွင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းရဲ့ဘေးနားတွင်အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ကူးထားတာဖြစ်ပြီး Sleepy Rooney လို့ Caption ထိုးထားပါတယ်။

ရွန်းနီအိပ်ပျော်နေတဲ့ထိုင်ခုံအနီးမှ ဟိုတယ်မွေ့ယာထက်မှာတော့ မပေါ့တပေါ်ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးအိပ်နေတာလည်းတွေ့ရပါတယ်။ ရွန်းနီဟာ လက်ရှိမှာ သား ၄ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။အခုဖြစ်ရပ်ကြောင့် ဆယ်စုနှစ် ၂ ခုစာလောက် ဖြတ်သန်းခဲ့တဲ့ ဇနီးဖြစ်သူ ကောလင်းနဲ့ အိမ်ထောင်ရေးအနေအထားက အဖုအထစ်တွေတော့ ရှိလာနိုင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။