ဟိုတယ်တွင် မန်ယူဂန္ထဝင်ရွန်းနီကို နောက်ခံထား ဓာတ်ပုံရိုက်ကူးခဲ့တဲ့ မိန်းကလေးငယ်ကို ချစ်သူ အဆက်ဖြတ်လိုက်ပြီ

ဟိုတယ်ရှိ အခန်းတစ်ခန်းမှ ထိုင်ခုံတွင် ဝတ်စုံအပြည့်ဖြင့်အိပ်ပျော်နေတဲ့ ဝိန်းရွန်းနီကို နောက်ခံထားကာဓာတ်ပုံရိုက်ကူးခဲ့တဲ့အမျိုးသမီးငယ်အားသူ့ချစ်သူကအဆက်ဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိအဲလစ်မယ်ဗင်ဟာအသက်၃၅နှစ်ရှိဝိန်းရွန်းနီနှင့်အတူ တရုတ်စားသောက်ဆိုင်နှင့်ဘားတစ်ခုတွင်ဝိန်းရွန်းနီနှင့်အတူစားသောက်ပြီးနောက်သူမရဲ့သူငယ်ချင်းနှစ်ဦး၊ဝိန်းရွန်းနှင့်သူ့သူငယ်ချင်းနှစ်ဦးတို့နှင့်အတူဟိုတယ်တစ်ခုသို့သွားရောက်ခဲ့တာဖြစ်ပါတယ်။

အဲလစ်မယ်ဗင်ရဲ့သူငယ်ချင်းများဖြစ်ကြတဲ့ဘရွတ်မော်ဂန်၊တေလာရိုင်ယန်တို့ဟာလည်းဒါဘီနည်းပြဝိန်းရွန်းနီနှင့်အတူဓာတ်ပုံများရိုက်ကူးခဲ့ကြပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့အဲလစ်ဟာသူမနဲ့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့အသက်၂၆နှစ်အရွယ်ရှိစတုအပ်ရော်ဂျာရဲ့အဆက်ဖြတ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။အဲလစ်နှင့်စတုအပ်တို့ဟာလက်ထပ်ဖို့အတွက်စေ့စပ်ထားပြီးသူများလည်းဖြစ်ကြပါတယ်။

ဝိန်းရွန်းနီဟာသူအိပ်ပျော်နေချိန်တွင်ဓာတ်ပုံရိုက်ကူးကာအွန်လိုင်းတွင်ဖြန့်ခဲ့တဲ့အမျိုးသမီးငယ်သုံးဦးကိုအမှုဖွင့်တိုင်ကြားပေမယ့်လည်းရဲကစစ်ဆေးမှုပြုလုပ်ပြီးနောက်အမှုဖွင့်ပေးခြင်းမရှိပါဘူး။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZawGyi